အနောက်ဖက် မိုးကုတ်စက်ဝိုင်းကို ထိလုနီးပါးဖြစ်နေသည့် နေလုံးကြီးအရောင်က မှောင်စပျိုး ၍မှောင်မိုးကျတော့မည့်ပမာ နီလည်းမနီနိုင်၊၊ ရဲလည်း မရဲနိုင်တော့၊၊ ရှိသမျှအရောင် လေးဖြင့် ကိုယ်ရှိန် သတ်လျှက်ရှိနေပေသည်၊၊
တောတောင်များပတ်လည်ဝိုင်းနေသည့် ချိုင့်ဝှမ်းကြီးထဲ အမိုးပြာပြာ ဟိုတစု ဒီတစုဖြင့် လက်စမသတ်နိုင် သေး သော အဆောက် အဦးများ၊ အဖြူရောင်ထုံးဆေးများ ကွာကျလျှက် နူနာထနေသည့် ပမာ ဟိုတကွက် ဒီတကွက်ဖြစ်နေသော အဆောင် အယောင်များ၊ စိတ်ချောက်ချားဖွယ် အသံတို့ကို မြည်တွန်ရင်း ဖြတ်သန်းပျံသွားသည့် ငှက်ဆိုးများ၊ နေ၀င်ရီတရော သုသာန်သင်္ချီုင်းသဖွယ် တိတ်ဆိတ်နေသည့် ဤအရပ်တွင် ခေတ္တတည်းခို စံမြန်းနေသည့် မင်းတရားကြီး၊၊ ဘ၀နေ၀င်ချိန်ကို လက်ချိုးရေတွက်ကာ မကျန်တော့သည့် လက်ချောင်း လေးများ ကို ကြည့်ရင်း မျက်ရည်များပင်ကျခဲ့ရသည့် အထိ ဘ၀ကို ခင်မင်သူကြီး၊၊
သြော့့် အခုတော့ တို့ လို့ တန်းလန်းဖြစ်နေတဲ့ တည်ဆောက်ဆဲ နေပြည်တော် ကြီး၊ အဆုံးမသတ်နိုင်သေးတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ နိုင်ငံတော်သစ်ကြီး၊ ဖော်ဆောင် နေပါတယ်ဆိုတဲ့ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီလူ့ ဘောင်ကြီ့း့ ဘယ်ဟာကို မှ အဆုံး မသတ် သေးခင် တတိယအရွယ် နေ၀င်ချိန်သို့ ပင်ရောက်လာခဲ့ပါ ပကော၊၊
စက်တော်မခေါ်နိုင်သည့် အခါများတွင် အိပ်ခန်းဆောင်အတွင်းမှ ထွက်ပြီး လေးလံလွန်းလှသည့် ကျည်ကာအင်္ကျီ ကို မ၀တ်ချင်သော်လည်း အသက်ကို ဉာဏ်စောင့်တာပဲ ဆိုသည့် အသိလေးဖြင့် မနိုင့်တနိုင်ဝတ်ကာ ဖြေးညင်းစွာလမ်းလျှောက်ရင်း လသာ ဆောင်ဘက်သို့ ထွက်လာခဲ့သည်၊၊
ပြင်ပမှ တိုက်ခတ်လာသည့် ညလေကိုရှုရင်း ဝေဒနာအချို့ ကို သက်သာစေခဲ့သည်၊မိဖုရားခေါင်ကြီး ရင်ခွင်တွင် အိပ်စက်နေရသော်လည်း မင်းတရားကြီး၏ စိတ်အစဉ်တို့သည် ဆောက်တည်ရာမရ ဟိုဟို၊ ဒီဒီ ဒုံးဆိုင်းပြေးနေတော့၏၊၊ အပြိုင်ကြဲရတော့မည့် ၂၀၁၀ ပွဲအတွက် စဉ်းစားမိလေတိုင်း ရတက် မအေးဖြစ်ရပြန်သည်၊၊ ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် စစ်ဘုရင်တွေရဲ့ မျိုးဆက်ကြီးအဖြစ် မိမိကိုယ်မိ မိခံယူပြီးကတည်းက နန်းတွင်းစကားများကိုသာ ကြားချင်နေခဲ့သူ၊နန်းတွင်းဓလေ့များကိုသာ ခင်တွယ်နေခဲ့သူ၊၊ ထီးမွေ ၊ နန်းမွေ ကိုလည်း နန်းတွင်းထုံးစံအတိုင်း သားစဉ်မြေးဆက်ကို လွှဲပေးချင်ခဲ့သူ့  အနော်ရထာ၊ကျန်စစ်သား၊မဟာဗနြွုလ၊ အလောင်းဘုရာ့း့ အင့်း့ ပြီးတော့  ငါ့ ငါ့ ၊၊
ကောင်းကင်တွင် ရွေ့ လျားသွားနေသော တိမ်တိုက်များကြောင့် တော်သလင်း လပြည့် နေ့ ည၏ လရောင်သည် တည်တည်ငြိမ်ငြိမ် ဖြာလင်းနေရသည်တော့ မဟုတ်ပေ၊၊ တိမ်အကွယ် လရောင်အားဖျော့ သွားစဉ် လသာဆောင် မျက်နှာကျက်ပေါ် မှ ကြွက်ဖယောင်းလေး တစ်ကောင်က မင်းတရားကြီး၏ နဖူး တည့်တည့်ပေါ်သို့  ခုန်ချ လိုက်သည်၊
“ဖုတ့့် ”
“အာ့း့ သောက်ပလုပ်တုတ့့်  အမလေ့း့ သေပါပြီဗျ့ ”
အော်ဟစ်ရင်း ထပြေးရန် ကုန်းထလေသည်၊၊ သို့ သော် ဖိစီးနေသော ရောဂါ ဝေဒနာ ကြောင့် အသံလည်း မထွက် ၊ ထလည်းမပြေးနိုင်ဘဲ မေ့မြောသွားလေသည်၊၊
ထိုအခါ ကြွက်ဖယောင်းလေးက “ မင်း ၀တ်ထားတဲ့ကျည်ကာအင်္ကျီ ဘာတတ် နိုင်သေးလဲ” ဆိုသည့် မျက်နှာထား ဖြင့် မင်းတရားကြီး၏ ပါးစပ်ကို နောက်ခြေနှစ်ဖက်ဖြင့် ကန်လိုက်ပြီး “နံလိုက် တဲ့ ဒီအပေါက် ပိတ်ထားစမ်း”ဟု ဆိုကာ အောက်ပါ စကားကြီး ( ၅) ခွန်းကို ဆိုလေသည်၊၊
“မင်းဟာ တကယ်တော့ မီးမကျက်တဲ့ အိုးကို ဆီထည့်တဲ့ အကောင်”
“မင်းဟာ တကယ်တော့ စာဥကို ဒေါင်းအုပ်ခိုင်းတဲ့ အကောင်”
“မင်းဟာ တကယ်တော့ ဒေါင်းဥ ကို စာအုပ် ခိုင်းတဲ့အကောင်”
“မင်းဟာ တကယ်တော့ ဆင်ချည်တဲ့ကြိုးနဲ့  ကြက်ကို ချည်တဲ့ အကောင်”
“မင်းဟာ တကယ်တော့ ကြက်ချည်တဲ့ကြိုးနဲ့  ဆင်ကိုချည်တဲ့ အကောင်”
ဆိုသည့် စကားကြီး (၅)ခွန်းကို ပြောဆိုပြီး မင်းတရားကြီး နဖူးပေါ်မှ ခုန်ချပြီး ပြေးထွက်သွားလေ သည်၊၊ မေ့မြောနေရာမှ ပြန်သတိရကာ အိပ်ဆောင်အတွင်းသို့ ပြေးဝင်ရင့်း့  နံနက်မိုးလင်း ညီလာခံ စသောအခါ့ 
“မင်းကြီးမျာ့း့  ”
“ဘုရာ့း့ ဘုရာ့း့ ”
“အေ့း့ အေ့း့ ငါကိုယ်တော့့် မနေ့ ညက့ လသာဆောင်မှာ ကျိန်းစက်နေ တုန်း အိမ်မက်တော်များ မက်တော်မှုတယ့့် ကွယ်တို့  ကောသလမင်း အိပ်မက် က ၁၆ ချက် ဆိုတော့ ရှည်လွန်းသကွဲ့  ငါကိုယ်တော် မြင်မက်တော်မှုတဲ့ အိပ်မက်ကတော့ တိုတိုတုတ်တုတ် နဲ့  လိုရင်းကို ဆော်သွားတော့တာပဲ့ မောင်မင်းတို့ ”
“မှန်လှပါ့ ဘုန်းကံရှိတဲ့ မင်းဆိုတော့ နတ် သိကြားများက အိပ်မက်တော်များ ပေးတော် မူတယ်ထင်ပ ဘုရာ့း့  ကြားချင်လှကြောင်းပါဘုရား”
ရဲချုပ်တော်ကြီး မာဆက်ချီ ခင်ရီ က ဖင်လေးကြွကာ ဟန်ပါပါ မြှောက်သံ ပင့်သံ လေးဖြင့် သံတော်ဦး တင်လေသည်၊၊ ဘေးတွင် ကပ်လျှက်ခစားနေသော ပြည်ထဲရေးဝန် ဌေးဦးက မျက်မှောင်တစ်ချက်ကြုတ်လျှက် “ မသာ သေခါနီးမှ ဆောင့်ကန်လိုက်ရ ” ဆိုပြီး ခပ် တိုးတိုး ဆဲဆိုပစ် လိုက်သည်၊၊ အနှိပ်ခန်းဖွင့်ပြီး ပြဿနာတက်နေသော အမှုဖြင့် နေပြည်တော် တွင် စစ်ဆေးခံနေရစဉ် အချိန်ရှိခိုက် အတုံးလိုက် အတစ်လိုက် ရဲချုပ်ခင်ရီ တယောက် မင်းတရား ကြီးအား “ဖား”ပြနေခြင်းဖြစ်တာကြောင့် ဆဲတာကို ပင် မကြားသယောင် ဆောင်နေရသည့် ဘ၀ အဖြစ်သို့ ရက်ပိုင်းအတွင် ကျဆင်းသွားလေသည်၊၊
ထို့ နောက့့် မင်းတရားကြီးက့ 
“ဟင့်း့ ဟင့်း့ ဟင်း ” ဟင်း သုံးလုံးချကာ မွေးရာပါ မဲ့ပြုံးလေးဖြင့့် 
“ ညတုန်းက လသာဆောင်မှာ လေညှင်းခံပြီး အိပ်ပျော်နေတုန်း ကောင်းကင်မှာ ပျံဝဲနေတဲ့ ဆင်ဖြူတော် တစ်ကောင်က ငါကိုယ်တော်ရှေ့ မှာ လာရောက်ခစားပြီး အလုပ် အကြွေး ပြုပါရစေလို့  ခွင့်တောင်းတယ် မောင်မင်းတို့ အိပ်မက်ကတော့ အဲဒါပဲ့ ကဲ့  အိပ်မက်ပဟေဠိ အဖြေညှိ ကြပေတော့  မောင်မင်းတို့ ဟဲ့ ဟဲ ”
“မှန်လှပါဘုရာ့း့ အင်မတန် ကောင်းမြတ်ကြောင်းပါဘုရား”
ဘဏ္ဍာရေးဝန်က ၀မ်းသာအားရထောက်ခံလေသည်၊၊ ထို့ နောက့့် 
“ ဆင်ဖြူတော် ပေါ်တယ်ဆိုတာ ကျနော်မျိုးတို့ တိုင်းပြည်ကြီး အေးချမ်း၊ သာယာဝပြောစေဖို့  ဧကန်မုချ မလွဲကြောင်း ဘုရား”
“ဟဲ့  မောင်းမင့်း့ အိပ်မက်ထဲ ဆင်ဖြူတော်ပေါ်တာနဲ့  တိုင်းပြည်တိုးတက် တာ ဘာဆိုင်လို့ တုန်း မောင်မင်းရဲ့  ”
“ ဆိုင့့်  မဆိုင်တော့ မသိပါဘုရာ့း့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဘင်္ဂလားဒေရှ် နယ်စပ်က ဖမ်းရမိတဲ့ ဆင်အညို ကို ထုံးသုတ်ပြီး ဘုရားဘေး တဲထိုး ၊ ဆင်စာ အလှူခံလိုက်တာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ တွေကလှူလွန်းလို့  ၀င်ငွေအတော်ရလိုက်ကြောင်းပါ ဘုရာ့း့  နောက်တော့ ဘင်္ဂလားဒေ့ရှ့်ဆင်ပိုင်ရှင်တွေက ပြန်တောင်းလို့  အလှူခံလို့  ရတဲ့ ငွေနဲ့ အလျော်ပေးတာတောင် ကျနော်မျိုး ကြီးတို့ အမြတ်အစွန်း အတော်ရ လိုက်ပါတယ် ဘုရား၊အရှင့် ဘုန်းကံကြီးမား ပုံကတော့ တိရစြွာန်ကိုတောင် ဘန်းပြပြီး ငွေရှာလို့ ရကြောင်း ပါဘုရား”
အနားတွင် ခစားနေသော နည်းပညာဝန် မောင်သောင်းက့ 
“မှန်လှပါဘုရား၊၊ အိပ်မက်ထဲက ဆင်ဖြူကို ငွေဖြစ်အောင် လုပ်ဖို့  အလွန်လွယ် ကူကြောင်းပါဘုရား၊၊ ကျနော်မျိုးကြီးတို့ လုပ်နေကျ နည်းပညာအရ ဆိုရင်တော့ စက္ကူနဲ့ မှင်ရှိရင် ဖြစ်ပါတယ်ဘုရား၊၊ လိုအပ်နေတဲ့ ပြည်တွင်းဘက်ချက်တွေကို ဖြည့်ဆည်း နိုင်ဖို့  မင်းတရားကြီးရဲ့ အိပ်မက်ဆင်ကို ငွေဆင်အဖြစ် စက္ကူပေါ်တင်လိုက်ရင် ပွဲသိမ်းကြောင်း ပါဘုရား”
“ဟဲ့  ဘယ်လိုနည်းပညာများလဲ မောင်မင်းရဲ့ ၊၊ သံတော်ဦးတင်စမ်း”
“မှန်လှပါဘုရား၊၊ စက္ကူပေါ်မှာ ဆင်ရုပ်ရေ့း့ ငါးထောင်ကျပ် လို့  သတ်မှတ်ပြီး ကမBာ သိအောင် အဲ့ အဲ့ မှားလို့  ပြည်သူတွေ သုံးစွဲရအောင် ငွေစက္ကူအသစ်အဖြစ်နဲ့  ထုတ်ဝေ လိုက်ပါဘုရား”
“ အေ့း့ အေ့း့ တယ်လဲ စူးရှ ထက်မြတ်တဲ့ နည်းပညာတွေပါကလာ့း့ မောင် မင်းတို့ ၊၊ ကောင်းမွန်စွာထိန်းသိမ်းကြလော့၊၊ ကမBာမှာ မရှိသေးတဲ့ နည်းပညာတွေကို ငါတို့  နေပြည်တော်ကြီးကနေ ပရောဂျက်တွေ အနေနဲ့ ထုတ်နိုင်တာ မင်းတို့ လို ပညာရှင်တွေရဲ့  အစွမ်းကြောင့် မဟုတ်လား၊၊ အခုလည်း ဟို့ အနောက်ပြည် အမေရိကန်နဲ့  ဆက်ဆံဖို့  နည်းပညာဝန် ငသောင်း သွားတာ အကြောင်းစုံသိရအောင် သံတော်ဦးတင်စမ်းဟဲ့  မောင်မင်း”
“မှန်လှပါဘုရာ့း့ အမှန်တိုင်းလျှောက်တင်ရမည်ဆိုလျှင် ကျနော်မျိုးကြီးတို့ သွားက တည်းက သဘောရိုးမဟုတ်တာကြောင့် တယောထိုးပြီးပြန်ခဲ့ရကြောင်းပါဘုရား၊၊ နေပြည်တော် က ချမှတ်ထားတဲ့ ဖော်မြူလာအရ မြှောက်ပြီးတော့ ပေါင်းကြည့်ပါတယ်ဘုရား၊၊ သူတို့ က မြှောက် ပြီးပေါင်းတာကို လက်ခံပေမယ့် ပြည်တွင်းမှာ တိုးတက်မှုရှိရမယ်လို့ ဆိုပါတယ်ဘုရား၊နိုင်ငံရေး အကျဉ်းသားမရှိတဲ့ ကျနော်မျိုးကြီးတို့  နိုင်ငံကို ရှာရှာပေါက်ပေါက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်တဲ့၊၊ သက်ဦးဆံပိုင် မင်းဧရာဇ် အုပ်ချုပ်တဲ့တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိကြောင်း ပုန်ကန်တဲ့သူမှန်သမျှကိုလည်း အမြဲတမ်း လွတ်ငြိမ်းချမ်းသာခွင့်အနေဖြင့် နေစရာ၊ စားစရာများပေး ထားကြောင်း အကျယ်တ၀င့် ရှင်းပြခဲ့ပါတယ် ဘုရား”
”ဟဲ့  ငသောင့်း့  တိတ်စမ့်း့ မင်းတို့  တယ်လည်းမိုက်ကြပါလာ့း့  ငါကိုယ် တော် အဲဒီကိုလွှတ်လိုက်တာ့  မင်းတို့ ကို အဲဒါတွေ ရှင်းပြဖို့ မဟုတ်ဘူ့း့ မင်း နားလည်လား”
ဒေါသ ဖြင့် အော်ငေါက်လိုက်သည့် မင်းတရားကြီး၏ ထီးသံ၊ နန်းသံ၊၊
“ မှန်လှပါဘုရား၊၊ မင်းတရားကြီး အမျက်တော်များထွက်ရင်လည်း ခံရမဲ့သူများ ပါ ဘုရား၊၊ ပြည်ပကို ပြေးပါဟ့ ပြောပါဟ ဆိုရင် ကျနော်မျိုးကြီးနဲ့  နိုင်ငံခြားဝန် ဥာဏ်ဝင်း တို့ က ထိပ်ဆုံးကပါ ဘုရား၊၊ ဟို ရောက်ရင်လည့်း့  ဟိုလူက ပြောလိုက့့် ဒီလူကပြောလိုက် နဲ့ မျက်နှာတွေ ပူပြီးထူလာတာ တခါတခါ ကိုယ့်ကိုယ်ကို နူပြီး ၀ဲစွဲနေလားလို့ တောင် ထင်ရပါတယ်ဘုရား၊၊ ပြည်ပရောက်နေတဲ့ ကိုယ်ရွှေ ကိုယ်မျိုးတွေကလည်း ကျနော်မျိုးကြီးတို့ နောက် တကောက်ကောက်လိုက်ပြီး မအေ နှမ မကျန် ကောင်းချီးပေး ဆဲဆိုတာကိုလည်း ကျီးလန့်  စာစား ခံရပါတယ် ဘုရား၊၊ ကြုံဖူးချင်တယ်ဆိုရင်တော့ နောက်တခါ အမေရိကား သွားရင် မင်းတရား ကြီး ကိုယ်တိုင် လိုက်ခဲ့ပါဘုရား”
နည်းပညာဝန်၏ လျှေက်တင်ချက် ကောင်းမှုကြောင့့် 
“ ရှိစေတော့ ရှိစေတော့  ကဲဆက်စမ်းပါအုံး မောင်မင်းရဲ့ ”
“ကျနော်မျိုးကြီးတို့ ရဲ့  နေပြည်တော် တူးသောင်ဇင်တန်း ပရောဂျက် အရ အဓိက လုပ်ရမှာက စီးပွါးရေး ဖွင့်တာ၊ ပိတ်တာတွေ အသာထားပြီး လာမဲ့ ရွေးကောက်ပွဲ ကို အမေရိကားက အသိအမှတ်ပြုဖို့  ဘဲမဟုတ်လား ဘုရား၊၊ ရွေးကောက်ပွဲ မတိုင်မှီ ရသလောက် လေး နိုင်ငံတကာရဲ့ ထောက်ခံမှု ရအောင် လုပ်ကြည့်တာကို သူတို့ က ကြိုသိနေပါတယ် ဘုရား၊အစည်းအဝေးစလိုက်တာနဲ့  ဖမ်းထားတာတွေ လွှတ်ပေးဖို့  အားလုံးပါဝင်ဖို့  စပြောတော့ တာပဲ့  ဒါကို မကျော်ဘဲနဲ့  ရှေ့ ဆက် တိုးလို့ မရဖြစ်နေကြောင်းပါဘုရား”
ထို့ နောက် နိုင်ငံခြားရေးဝန်က့ သီးခံတော်မူပါဘုရား ဟု အစချီလျှက့့် 
“ကျနော်မျိုးကြီးတို့ အဖြစ်က မိန်းမတစ်ယောက်ကို ထောင်ချထား၊ ကမBာပတ် ပြီး အဆဲအဆို အကျိန်း အမောင်းခံ၊ ပြည်တွင်းက အ၀တ်စုတ်ထုပ်ကို နိုင်ငံတကာ အလယ်မှာ ဖြဲထုတ်ပြသလို ဖြစ်နေကြောင်းပါဘုရား၊၊ ကျနော်မျိုးကြီး ရှက်လွန်းလို့  ရာထူးကနေ နှုတ်ထွက်ခွင့် ပေးသနားတော်မူပါဘုရား”
နိုင်ငံခြားဝန်း၏ လျှောက်တင်ချက်ကြောင့် ညီလာခံကြီး တခုလုံး တိတ်ဆိတ်သွား လေသည်၊၊ ညိုပုတ်နေသော မျက်နှာဖြင့် နိုင်ငံခြားဝန်ကို မင်းတရားကြီး လှမ်းကြည့်လိုက်ပြီး
“ မင်း က အေစီဘီဒီ တတ်တယ်၊ ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ သဘောလား၊၊ မင်းတို့ ထက်လည်လို့ မင်းတို့ ကို ခိုင်းနေတာ့ နားလည်လာ့း့ အေ့း့ ခပ်ပြတ်ပြတ်ဘဲပြောမယ်၊ဒီယုန်မြင်လို့  ဒီခြုံထွင်ခဲ့တာ အနှစ် ၂၀ တောင်ရှိပြီ၊၊ လာပြီး စောဒက မတက်နဲ့ ၊၊ အမေရိ ကား ဆိုတာကိုေ-ာက်ဂရုမစိုက်လို့ ဖြဲပြထားတာ ကြာပြီ၊၊ ဒင်းတို့ ကောင်းကြောင်း ငါ ဘယ် တုန်းကပြောခဲ့ဘူးလဲ၊၊ အခု လိုအပ်မယ်ထင်လို့  ကမBာဆန့် ကြည့်တာ၊၊ အေး မရ ရင့့် ငါ့ တွင်း ငါပြန်အောင်းနေရုံဘဲ၊၊ ဒင်းတို့ ပြောတာတွေ လိုက်လုပ်ဖို့  မင်းတို့ ကို လွှတ်လိုက်တာ မဟုတ်ဘူး၊၊ ငါပြောတာကို လက်ခံဖို့  လွှတ်လိုက်တာ့ အေး သူတို့ က လက်မခံရင့့်  မင်းတို့ - ခံဖို့ သာပြင်ထားကြတော့ ”
အလွတ်ကျက်မှတ်ထားသော ထီးသုံး ၊ နန်းသုံး စကားများ ဒေါသကြောင့် မထွက် နိုင်တော့ဘဲ မူလဘူတ ဇာတိရုပ်သွင်များ ပေါ်လာကာ ညီလာခံတခုလုံး ဓါးပြဂိုဏ်းမိုက်ကြေး ခွဲနေသယောင် ဖြစ်နေတော့သည်၊၊ ထို့ နောက့့် နည်းပညာဝန်က့ 
“ ယှဉ်တယ်ဆိုတာ ကိုယ့်မှာလည်း အင်အားတစ်ခုရှိမှ ဖြစ်မှာပေါ့ဘုရား၊၊ မြောက် ကိုရီးယား အရှင်တို့  ကမBာကို စိန်ခေါ်တယ်ဆိုတာ သူတို့ မှာ ကမBာက ကြောက်တဲ့ အနုမြူ လက်နက်တွေ ညူးကလီးယားလက်နက်တွေရှိတယ် ဘုရား၊၊ ကျနော်မျိုးကြီးတို့ မှာ ဖုံးလုပ် သမျှ သဲထဲရေကျသလို ရှေ့ ကလုပ် နောက်ကပေါ် နဲ့  ကမBာကို ဘယ်နည်းနဲ့ များစိန်ခေါ်မလဲဘုရား”
နည်းပညာဝန်၏ လျှောက်တင်ချက်က မင်းတရားကြီး၏ သိက္ခာကို စော်ကား သလို ဖြစ်နေသည်၊၊
“အေ့း့ မသေမချင်း မှတ်ထား ၊၊ ငါ့ မှာ ကမBာကို စိန်ခေါ်ဖို့  မြောက်ကိုရီယား ထက်သာတဲ့  နယ်ရုပ် တခုရှိတယ် ဆိုတာ မင်းတို့ သိလား၊၊ အဲဒီ နယ်ရုပ်ကို ဟောဒီလို ရွေ့လိုက် ဟောဒီလို နောက်ဆုတ်လိုက် လုပ်ရဲတဲ့ကောင် ဘယ်သူရှိလဲ့ အေ့း့ မှတ်ထာ့း့ အိုဘားမားလို ကောင်မပြောနဲ့  ကမBာမှာ ငါကြောက်ရမဲ့ အကောင် တစ်ကောင်မှ မရှိသေးဘူ့း့ ဆိုတာ့  မင်းတို့ ”
“ဖုတ်”
“အာ့း့ အမလေ့း့ သောက်ပလုတ်တုတ့့် ကြောက့့် ကြောက်ပါပြီဗျ့ ”
မင်းတရားကြီး ၏ ဒေါသစကား မဆုံးသေးမှာခင် မျက်နှာကျက်ပေါ်တွင် ပြေးလွှား နေသော ကြွက် ဖယောင်းလေး တစ်ကောင်သည် မင်းတရားကြီး၏ နဖူးပေါ်သို့ ပြုတ်ကျ လေသည်၊၊
“မင်း ဟာ တကယ်တော့ ”
ကော့သား - ရေးသည်
No comments:
Post a Comment