အနီရောင်ဖျော့ဖျော့ ကတ္တီပါ ကော်ဇော၏ အရောင်ကြောင့် ခန်းမဆောင်ကြီး တခုလုံး နီရဲနေသယောင်
ထင်ရသည်၊၊ ခြေအဆင်းတွင် ဖွတ်သတ္တဝါရုပ် နှစ်ရုပ်ကို စောက်ထိုး အနေအထား၊ ဦးပိုင်းတွင်ကြံ့ သတ္တဝါ ခေါင်းပုံတို့ကို လက်ရာမြောက်စွာ ထုလုပ်ထားသောပလ္လင်ထက်တွင် မင်းတရားကြီးနှင့်တကွ မိဖုရားခေါင်ကြီး၊ သမီးတော်များ၊သားမက်တော်များ၊ မြေးတော်များ အသီးသီး နေရာယူထား
သည်၊၊ လစဉ်ကျင်းပမြဲဖြစ်သော နန်းတွင်းညီလာခံသို့ တက်ရောက်လာသော ဝန်ကြီးအသီးသီးမှာလည်း မိမိတို့ အတွက်သတ်မှတ်ထားသော နေရာများတွင် ဦးခေါင်းကို ကြမ်းခင်းတွင် ဝပ်ဆင်းလျှက် ငြိမ်သက်စွာ ခစားနေကြသည်၊၊
တိတ်ဆိတ်လျှက်ရှိသော နန်းတွင်းညီလာခံခန်းမကြီးအတွင်း မင်းတရားကြီးမှ ကျက်သရေ
မင်္ဂလာရှိသော မေတ္တာသက်ဝင်သည့် လေသံဖြင့် စတင်လိုက်လေသည်။
ဝန်ကြီးမျာ့း့ 
ဘုရာ့း့ 
ဟဲ့ ငါကိုယ်တော် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လာတာ အနှစ်နှစ်ဆယ်တောင်
ပြည့်တော့ မှာပါကလာ့း့ ။
အချိန်ကာလတွေ ရွေ့ လျားနေလို့
ငါကိုယ်တော်မှာ မနေ့ တနေ့ ကလိုဘဲ အောက်မေ့ မိတယ်ကွယ်တို့ ၊၊
မှန်လှပါ့ ဘုန်းတော် ကံတော်ကြောင့်ပါ ဘုရား၊၊
ဟဲ့  ဒါနဲ့  တိုင်းသူပြည်သားတွေ သာယာဝပြောသမှုကော ရှိကြရဲ့လား။
ငါကိုယ်တော် စိတ်ချမ်းသာအောင် မှန်ရာကို လျှောက်တင်ကြစမ်းကွယ်တို့ ၊၊
မှန်တာကို လျှောက်တင်ရမည် ဆိုလျှင်တော့
ကျနော်မျိုး စွမ်းအင်ဝန် ကဘဲ ပထမဆုံး တင်လျှောက် ပါရစေဘုရား၊၊“အရှင်မင်းတရားကြီး ချမှတ်အကောင်အထည် ဖော်လိုက်တဲ့ ကြက်ဆူဆီ လောင်စာ
ထုတ်လုပ်ရေး စီမံကိန်းကြီးက အံ့မခန်း အထူးအောင်မြင်လို့ ကျနော်မျိုးကြီးများ နိုင်ငံအဝှမ်းမှာ
လျှပ်စစ်မီးများ ထိန်ထိန်လင်းပြီး သုံးမကုန်လို့  ကမBာကြီးကိုတောင် တင်ပို့ ရောင်းချ နေရကြောင်း
ပါဘုရား၊၊ ကျနော်မျိုးကြီးတို့ နိုင်ငံက တစ်နေ့ ကို ကြက်ဆူဆီလောင်စာ တန်ချိန် ခြောက်သောင်း
လောက် ထုတ်နေတော့ အခုကမBာကြီးမှာ လောင်စာဈေးတွေ ထိုးကျရတဲ့ အထိ ထုတ်လုပ်မများ
အောင်မြင်နေကြောင်းပါဘုရား၊၊ အခုအသစ်တဖန် မင်းတရားကြီး ဆန်းသစ်လိုက်တဲ့ နွားချီးကနေ
ထုတ်မဲ့ ဇီဝလောင်စာအတွက် စမ်းသပ်မများ အောင်မြင်တာကြောင့် တစ်နိုင်ငံလုံး နွားချေးတွေ
စုပြီး နေပြည်တော်ကို ပို့ ဖို့ ညွန်ကြား ထားကြောင်း ပါဘုရား၊၊ နွားချီးနဲ့ မလုံလောက်ရင်တော့
လူချီးကိုသုံးဖို့ အမိန့် ထုတ်ထား ကြောင်းပါဘုရား။ မင်းတရားကြီးရဲ့ အံ့မခန်း စီမံကိန်းတွေကို
ကမBာ့လောင်စာဆီအဖွဲ့ကြီးကနေ လာရောက် လေ့လာခွင့်ပြုဖို့ ခွင့်တောင်းစာများလည်း လက်ခံ
ရရှိ ထားကြောင်းပါဘုရား၊၊ မင်းတရားကြီးရဲ့ ဘုန်းတော်ကြောင့် ကျနော်မျိုးများရဲ့  နိုင်ငံမှာ
ကြက်ဆူပင်တွေကလည်း လက်ညှိုးထိုး မလွဲတောထနေပြီး၊ နွားတွေလည်း အလွန်ပေါများ
လာကြောင်း လျှောက်တင် အပ်ပါတယ် ဘုရား”
“အေ့း့ ကောင်းလေစွ၊ ကောင်းလေစွ၊၊ ကဲ့ ညာဘက်မှာ ခေါင်းငုံ့ ခစားနေ တဲ့
သာသနာရေးဝန် ကလည်း ငါကိုယ်တော်စိတ်ချမ်းသာအောင် သာသနာတော် ကြီးစည်ပင်
ဖွံ့ဖြိုးပုံကို လျှောက်တင်စမ်း မောင်မင်း”
“မှန်လှပါဘုရား”
“မင်းတရားကြီးရဲ့  ဘုန်းတော်ကြောင့် ဘယ်ခေတ် ဘယ်အခါနဲ့ မှ မတူအောင်
သာသနာတော်ကြီး တိုးတက်ပျံ့ပွါးလျှက်ရှိကြောင်းပါဘုရား၊၊ မင်းတရားကြီးရဲ့  နေပြည် တော်မှာ
တည်ထားကိုးကွယ်တဲ့ ဥပ္ပါတသန္တိ စေတီတော်ကြီးရဲ့  ထူးခြားတဲ့ ဘုန်းတန်ခိုးတော်တွေကြောင့်
ဘုရားပွဲတော်မှာ အပျော်စီးချားရဟတ်ပျက်ကျပြီး လူနှစ်ဆယ်လောက်သာ စတေး
လိုက်ရကြောင်းပါဘုရား၊၊ တချို့ နိုင်ငံတွေမှာဆိုရင် လေယဉ်ပျက်ကျတာ လူပေါင်း ရာချီပြီး
သေကြေကြ ကြောင်းပါဘုရား၊၊
“ဟဲ့ သာသနာ့ဝန် ဘာဆိုင်လို့ တုန့်း့ ”
“ဆိုင့့်  သလား ၊ မဆိုင်သလားတော့ ကျနော်မျိုးကြီးလည်း အတိအကျမသိပါဘူး
ဘုရား၊၊ အမြင့်ကနေပြုတ်ကျတာချင်းအတူတူ ဖြစ်တာကြောင့် ကိုးကားပြီး လျှောက်ထားရ
ကြောင်းပါဘုရား ၊၊
“အေ့း့  သာသနာ့ဝန် စကားကြားရတော့ ငါကိုယ်တော် သတိတော်များ ထားပြီး
နောက်ဆို ဘယ်သွားသွား ကားနဲ့ ဘဲ သွားမယ် ကွယ်တို့ ”
“သင့်တော်ကြောင်းပါဘုရား”
“ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့တုန်းက တွံတေးက ဓနုတ်စေတော် ကြီးမှာ မိဖုရား
ခေါင်ကြီး တင်လှူပူဇော်ခဲ့တဲ့ ထီးတော်ကြီး ယခု ပြုတ်ကျ ပြိုကျတာ လူသုံးဆယ်လောက်
စတေးလိုက်ရပါတယ်ဘုရား၊၊ မိဖုရားခေါင်ကြီးရဲ့  ဘုန်းတော်ကြောင့် သာ အခုလောက်
အသေးအမွှားဖြစ်သွားရတာပါဘုရား၊၊သာမာန်လူတွေအဖို့ မတွေးဝံ့စရာတွေပါဘုရား၊၊
ကျနော်မျိုးကြီး စစ်ဆေး မေးမြန်းလို့ သိရသလောက်ကတော့ ပထမတစ်ကြိမ် ပြိုကျတုန်းက
ရလိုက်တဲ့ ကျောက်မြတ် ရတနာ တွေကို သဘာဝဘေး အန္တရာယ် တွေကနေ ကာကွယ်ဖို့ 
တာဝန်ရှိ သူများက လုံခြုံစိတ်ချရတဲ့ သူတို့ရဲ့ အိမ်တွေမှာ သိမ်းဆည်း ထားကြပါတယ်ဘုရား”
“ဒါကို သိထားတဲ့ သူတွေက နောက်တစ်ကြိမ် ထီးတော်ကြီးပြန်တင်တဲ့အချိန် မှာ
ယခင်လိုမဖြစ်ရလေအောင် ပိုမိုကောင်းမွန်တဲ့ ဘိလပ်မြေများကို ပြည်ပကနေ မှာယူ
အသုံးပြုခဲ့ပေမဲ့ ပြည်တွင်းဖြစ်လောက် အရည်အသွေးမပြည့်မှီတာကြောင့် တစ်လတောင်
မခံလိုက်ဘဲ ယခုလို ဒုတိယအကြိမ် ပြိုကျခဲ့ရတာပါ ဘုရား၊၊ အခု တာဝန်ရှိသူများက
အထူးစီမံချက်များ ချမှတ်ကာ အစောင့်အကြပ်များနဲ့  ဘုရားပတ်လည်ကို ဝန်ထရံခတ်၊
ကယ်ဆယ်ရေးကိုခဏထားပြီး ရှာဖွေရေးတွေကို အထူးပြု ဆက်လက် လုပ်ဆောင်
နေပါတယ်ဘုရား၊၊ ပြင်ပမီဒီယာတွေမှာ ထီးတင်ပူဇော်ခဲ့တဲ့ မိဖုရားကြီးနှင့် တကွ ရွှေနန်း
ရှင်တော်ကြီးများအတွက် အတိတ် နမိတ် မကောင်းဘူးလို့ ပြောဆို သံတွေကို ကာကွယ်ဖို့
အတွက် ဒီသတင်းကို ထုံးစံအတိုင်း အပြင် မထွက်အောင် ပိတ်ဆို့ထား ကြောင်းပါဘုရား”
“သာသနာတော်ကို ကာကွယ်စောင့်ရှောက်တဲ့ မင်းတရားကြီးလက်ထက် တော်မှာ
ပြည်သူတွေရဲ့ ဘာသာရေးဆိုင်ရာ ဆုတောင်းပွဲတွေကိုလည်း ဘုရားတွေ၊ ကျောင်းတွေမှာ
ပြုလုပ် တာထက် သက်ဆိုင်ရာ တရားရုံးတွေမှာသာ ပြုလုပ်ဖို့  မင်းတရားကြီးရဲ့  စီမံချက်အရ
တသွေမတိမ်း ပြုလုပ်နေကြောင်းပါဘုရား”
“အေ့း့ ကောင်းလေစွ၊၊ ကောင်းလေစွ၊၊ ကဲ ဘယ်ဖက်မှာ ခစားနေတဲ့
နိုင်ငံခြားရေးဝန် ကလည်း ငါကိုယ်တော်မြတ်ကို နိုင်ငံတကာက ဘယ်လိုချီးမြှောက် ထောပနာ
ပြုနေ တယ်ဆိုတာကို လျောက်တင်စမ်းပါအုံး”
နိုင်ငံခြားရေးဝန်ဖြစ်သူက သူ့ ၏ခန္ဓြွာကိုယ်ကို အနည်းငယ်ယိမ်းလိုက်ကာ မပွင့်
တပွင့်အပြုံးဖြင့် မင်းတရားကြီးကို ဦးသုံးကြိမ်ချလိုက်သည်၊၊ ထို့ နောက် အသင့်ပါလာ သော
ဖိုင်တွဲကိုဖွင့်လျက့့် 
“မင်းတရားကြီးကို ဒီလထဲမှာ အင်တာနေရှင်နယ်လ် က ချီးမွှမ်းဂုဏ်ပြုကြတာ
များလွန်း လို့  ကျနော်မျိုးကြီး ဖိုင်တွဲတွေထဲမှာ အသေအချာထည့် မှတ်ထားပါတယ် ဘုရာ့း့ ”
“အေ့း့ အေ့း့ မင်းပြောတဲ့ မစ္စတာ အင်တာနေရှင့့် ကို ငါကိုယ်တော် မင်းမြတ်က
ကျေးဇူးတင်ကြောင်း သဝဏ်လွှာပို့လိုက်ကွာ့ အင့်း့ မတွေ့တာလည်း ကြာပြီကိုး”
“အမိန့် တော်အတိုင်းပါဘုရာ့း့ ”
ဆက်လက်၍ နိုင်ငံခြားဝန်က လျှောက်ထားသည်မှာ့ 
“ကျနော်မျိုးကြီးတို့ နိုင်ငံတကာအစည်း အဝေးသွားရင် မင်းတရားကြီးရဲ့ ဘုန်းတော်
ကြောင့် မျက်နှာပန်းအလွန်ပွင့် ကြောင်းပါဘုရား ၊၊အစည်းအဝေးစလိုက်တာနဲ့ ကျနော်မျိုးကြီး
တို့ရဲ့  နိုင်ငံအကြောင်းကို နိုင်ငံပေါင်းစုံကနေက ချီးမွမ်းထောပနာပြုကြလွန်းလို့ အစည်းအဝေး
ဆိုရင် မြန်မာ့အရေးနဲ့စ မြန်မာ့အရေးနဲ့ဆုံး ဆိုသလိုဖြစ်နေကြောင်းပါဘုရား၊၊
ကျနော်မျိုးကြီးကလည်း ဗမာ့သွေးကို ပြတဲ့အနေနဲ့ လူသာ ရံးလျှင် ရံးပစေ ၊ လေကတော့
အရံးမခံ၊ တခွန်းမခံ ဖင်ကို ဖနောင့် နဲ့ ပိတ် အပြတ်ငြင်းခဲ့ ကြောင်းပါဘုရား၊၊ မင်းတရားကြီးမုန်းတဲ့
သတင်းစာရှင်းလင်းပွဲ ၊ တွေ့ဆုံ မေးမြန်းတာတွေဆိုရင် ပြည်တွင်းမှာသာမက၊ ပြည်ပမှာပါ
အထူးရှောင်နေကြောင်းပါဘုရား”
“ကျနော်မျိုးကြီးတို့ ကလည်း မင်းတရားကြီး သင်ပေလိုက်တာကလွဲလို့ တခြား
ဖြေစရာမလိုတာကြောင့် အင်မတန်အဆင်ပြေကြောင်းပါဘုရား”
“ဟဲ့ ဒါနဲ့  ငါ့ဇာတိ ယိုးဒယားက ငါကိုယ်တော်မြတ်ရဲ့  လုပ်ရပ်တွေကို
ကလန်ကဆန် တောပြောတောင်ပြော လုပ်နေတယ်လို့  သတင်းရတယ်၊၊ ဟုတ်သလား
မောင်မင်း”
“မယုံပါနဲ့  ဘုရား၊၊ ကျီစယ်နေတာ့ ကျီစယ်နေတာပါဘုရား၊၊ အရင်တုန်းက လို
သစ်တောနဲ့ ပင်လယ်ငါးဖမ်းခွင့်များပြန်ပေးလိုက်ရင် အသံပြန်တိတ်သွားလောက် ပါတယ်ဘုရား၊
ဒါပေမဲ့ ခက်တာက မင်းပြောင်းမင်းလွဲနဲ့ အသစ်တက်လာတဲ့ သူဆိုတော့ ကျနော်မျိုးကြီးတို့ လည်း
ဘယ်ခွင်ကနေ စဝင်ရမလဲ ဆိုတာ လမ်းကြောင်းများ ရှာနေကြောင်းပါဘုရား၊၊အရှင်မင်းတရား
ကြီးရဲ့  ရောင်းရင်းတော်ကြီး မစ္စတာတက်စင် က အထက်စင်ကနေ တက်ကမယ်ဆိုပြီး အင်္ဂလန်ကို
ရောက်နေတော့ ကျနော်မျိုးကြီး တို့လည်း ယိုးဒယားကို အဆင်ပြေအောင် ဘယ်ပေါင်ကို
ပြေးကပ်ရမလဲ ဆိုတာ စဉ်းစား နေတုန်းပါဘုရား”
“ဒါပေမဲ့ အားတော်များ မငယ်လိုက်ပါနဲ့ ဘုရား၊၊ မင်းတရားကြီးကို ထောက်ခံ
အားပေးနေတဲ့ နျူးကလီးယားလက်နက်တော်များပိုင် ၊ ကမBာ့ ထိပ်သီးနိုင်ငံကြီးဖြစ်တဲ့ မြောက်
ကိုရီးယားအရှင် ကင်မ်ဂျုံအီး တစ်ယောက်လုံး ရှိနေပါသေးတယ်ဘုရား၊၊ အခုလို ကျနော်မျိုးကြီးတို့
ရဲ့ ပြည်တွင်းရေး ကမBာမှာရေပန်းစားနေချိန် သူကလည်း တပြိုင်နက်တည်းလိုလိုမြန်မာပြည်
အရေး ကမBာ့ပြည်သူတွေစိတ်ဝင်တစား စောင့်ကြည့် နေတာကို အာရုံပြောင်း သွားအောင် သူမှာ
ရှိတဲ့ ဟာတွေကို ထုတ်ပြ ပစ်လိုက်ပါတယ် ဘုရား”
“ကျေးဇူးများကြီးကြောင်းပါ ဘုရား”
“ဒါပေမဲ့ ကမBာ့ပြည်သူတွေက မြန်မာ့အရေးကို စိတ်ဝင်စားတာ လျှော့မသွားဘဲ
မီဒီယာတွေမှာ မင်းတရားကြီးတို့ နှစ်နိုင်ငံ ပူးတွဲ ဂုဏ်သတင်းတွေက ခွေးသေးပန်းရွက်လို
အရွှဲမပြတ် အနံ့ အသက်များ ထွက်နေကြောင်း ပါဘုရား”
ကဲ့  မောင်မင်း နိုင်ငံခြားဝန့့် ယနေ့ကစလို့ မင်းတို့  နိုင်ငံခြားသွားရင်
သံခမောက်တွေ ၊ ကျည်ကာအင်္ကျီတွေ ဝတ်ဆင်သွားဖို့  မမေ့နဲ့  ကြားလား၊၊ ကျန်တဲ့ ဝန်တွေက
ငါ့တပ်ထဲက တွေ့ ရာ နေရာကနေ ဆွဲခန့် လို့ရတယ်၊၊ မောင်မင်းတို့ လို ဘိုလိုမတ်တတ် တဲ့သူ
က ရှားသကွဲ့ ၊၊ နိုင်ငံခြားရေးမနဲ့ ပတ်သတ်လို့ ကတော့ ယခင် ငါပြောထားတဲ့အတိုင်း ခြားနေဝါဒ
ကိုသာဆက်သုံး၊၊ ကိုယ်နိုင်ငံအရေးမဟုတ်ရင် ယောင်လို့ တောင် ဝင်မပြောနဲ့ ၊၊ သူဘာသာသူ
လူ့အခွင့် အရေးမကလို့  ဘာအခွင့်အရေးဘဲဖြစ်ဖြစ် သူနိုင်ငံနဲ့  သူ တနိုင်ငံ လုံး သတ်လိုသတ်
ကြည့်သာနေလိုက်၊၊ ဒါမှ ငါတို့ လည်း ပြည်တွင်းမှာ လုပ်ချင်တိုင်း လုပ် တရုတ်ဖယောင်းချပ်လို့ 
အတွင်းလှည့်စား လို့ ရမယ်မဟုတ်လား မောင်းမင်း”
“ရွှေဥာဏ်တော်များ စူးရောက်လွန်း လှပါတယ်ဘုရား”
ကဲ့ ကဲ့ ဟိုဘက်မှာ ငုတ်တုတ်မေ့ နေတဲ့ ဆက်ဆံရေးဝန် ကလည်း ငါကိုယ်တော်
စိတ်ချမ်းသာအောင် အမြန်လျောက်တင် စမ်းဟဲ့ မောင်မင့်း့ 
ကြမ်းပြင်တွင် အိပ်ငိုက်နေသည့် ဆက်ဆံရေးဝန်လည်း မင်းကြီး၏ အသံကြား တော့မှ
မျက်စေ့နှစ်လုံးကို စုံပွတ်လျှက့့် 
“မှန်လှပါဘုရာ့း့ ကျနော်မျိုးကြီးဟာလည့်း့ ဝန်ကြီးတွေထဲက့ ဝန်တပါး
ပါဘုရာ့း့  ”
ထို့ နောက် ဘေးပတ်လည်တွင် ခါးကုန်းဝပ်တွားနေသည့် ဝန်မင်းများကို မျက်လုံး
တချက်ဝေ့ ကြည့်လိုက်ပြီ့း့ 
အပိုင်း(ကျနော်မျိုးကြီးမှာ
လုပ်စရာအလုပ် မရှိ
ဖြစ်နေကြောင်းပါဘုရားနာမည်သာရှိ တာဝန်မရှိတဲ့ တောဇီးကွက်ကြီးလို မျက်လုံးကြီး ပြူးပြီး
ဟိုကြည့် ဒီကြည့် ဘဝ ရောက်နေရကြောင်းပါဘုရား၊၊
“ဒါပေမဲ့ ကျနော်မျိုးကြီးကို ဌာနလက်ကိုင်မရှိ့ လက်အောက်ဝန်ထမ်းမရှိ တဲ့ ဝန်
မို့လို့ ဘယ်ဝန်ကြီးကမှ မလေးစားကြပါဘူးဘုရား၊၊ ၂ဝဝ၇ ခုနှစ်လောက်ကတုန်း ကတော့
ကျနော်မျိုးကြီးရဲ့  ဓါတ်ပုံလေး တစ်ပုံနှစ်ပုံ သတင်းစာထဲ ပါလို့  ဆက်ဆံရေး ဝန်ဆိုပြီး ခန့် ခန့်
ညားညားရှိခဲ့ပေမဲ့ အခုတော့ ကျနော်မျိုးကြီးမှာ လုပ်စရာအလုပ် မရှိ ဖြစ်နေကြောင်းပါဘုရား၊
နာမည်သာရှိ တာဝန်မရှိတဲ့ တောဇီးကွက်ကြီးလို မျက်လုံးကြီး ပြူးပြီး ဟိုကြည့် ဒီကြည့် ဘဝ
ရောက်နေရကြောင်းပါဘုရား၊၊
နန်းတွင်း ညီလာခံအတွင်း ဆက်ဆံရေးဝန်၏ လျှောက်တင်ချက်ကြောင့် အားလုံး
ပွဲကျသွားသည်၊၊ ရယ်သံများ မဆုံးသေးမှာခင် ဆက်ဆံဝန်က့ 
“လုပ်စရာ မယ်မယ်ရရမရှိတော့အခုဆိုရင် ဘာမှမသိ ဘာမှ မတတ်တဲ့ အဟိတ်
တိရစ္ဆြွာန် များဖြစ်တဲ့ ကြံ့တစ်ကောင်နဲ့ ဖွတ်တသိုက်ကို ကျနော်မျိုး ကြီးရုံးခန်းထဲမှာ နေ့ တိုင်း
လေ့ကျင့်သင်ကြား ပေးတာ မင်းတရားကြီးရဲ့ ဘုန်းတော်ကြောင့် တိရစ္ဆြွာန်များနဲ့ ဆက်ဆံရေး
အံ့သြဖွယ် အဆင်ပြေ ပါတယ်ဘုရား၊၊ ဖွတ်ကြီးဆိုရင် နာမည်ခေါ်လိုက်တာနဲ့  ပြန်ထူးတတ်နေပြီး၊
ကြံ့ ကြီးဆိုရင်လည်း လက်ခုပ်တီးပြလိုက်တာနဲ့  ရှေ့ ဂျွမ်း၊ နောက်ဂျွမ်းတွေ ထိုးတတ်နေပါပြီ ဘုရား၊
“လူ” နဲ့  “လူ” ချင်း ဆက်ဆံတဲ့နေရာမှာ ကြားခံထားတဲ့ “လူ”တစ်ယောက် အဖြစ်နဲ့ 
အမထမ်းဆောင်နေတဲ့ ကျနော်မျိုးကြီးရဲ့  အဖြစ်ကိုလည်း ပြန်လည်စဉ်းစား ပေးတော်မူပါဘုရား၊
ဘာကြောင့် လူ လူချင်းဆက်ဆံတဲ့နေရာမှာ အဆင်မပြေ ဖြစ်နေရပါသလဲ ဘုရား၊၊တိရစ္ဆြွာန်များနဲ့
ဆက်ဆံရေး အဆင်ပြေလွန်းတဲ့ ကျနော်မျိုးကြီး အမြီးများပေါက်နေမလား ဆိုတဲ့ သံသယနဲ့ 
ဘောင်းဘီချွတ်ပြီး ကိုယ် ကို ကိုယ် ပြန်ပြန်စမ်း ရတာလည်း အမောပါဘဲ ဘုရား”
အပြုံးမဖက် ဒေါသပုံထွက်နေသည့် မင်းတရားကြီးက ဆက်ဆံဝန်၏ လျှောက်ထား
ချက်ကို သဘောတော်များကျကာ့ 
“ အေ့း့ ဆက်ဆံဝန့့်  မောင်မင်း တင်လျှောက်တာတွေ သင့်လျှော်ပါပေတယ်၊၊
ငါကိုယ်တော်လည်း အဲဒီတုန်းက ခြေမကိုင်မိ လက်မကိုင်မိ လုပ်မိလုပ်ရာ လုပ်မိတာကနေ
မောင်မင်းကို ဆက်ဆံဝန်ဆိုပြီး ခန့် အပ်မိတယ် ကွယ်တို့ ၊၊ အခုအနေအထားအရ မင်းဒီအတိုင်း
ဘဲ ခဏနေပါ၊၊ ငါကိုယ်တော်ကတော့ မထူးဇတ်ခင်းရတော့မှာမို့  နောင်တချိန် မင်းအတွက်
နေရာလေးများ ရှိရင် ငါကိုယ်မြတ်က ပေးသနားတော်မူမယ့့်  ကြားလာ့း့  ကဲ့ ကဲ
ငါကိုယ်တော်လည်း ဆေးတော်များသောက်ဖို့ အချိန်ကျပြီ ၊ ညီလာခံကို တခါရပ်လို့  ဝန်မင်းများ
လာရာအတိုင်း ကြွကြပေရော့ 
“အမိန့် တော်အတိုင်းပါ ဘုရား”
အပိုင်း(၂) ကိုဆက်လက်ဖော်ပြပါမည်၊၊
No comments:
Post a Comment