Wednesday, November 3, 2010

ဘုန်တော်ကြောင့် (၂)

ရွှေနန်းရှင် မင်းတရားကြီး ညီလာခံကျင်းပရာ
အဆောင်တော်အတွင်းသို့ ကြွမြန်း လာပြီဖြစ်သည်၊၊ မင်းခန်း မင်းနားများတွင် အသုံးပြုလေ့ရှိသည့်
 မင်္ဂလာမောင်းတော် အသံ မဟုတ်သောကြောင့် ကြမ်းပြင်တွင်ဝပ်တွား ခစားနေသည့်
ဝန်မင်းများ လပ်လပ်ရှားရှား ဖြစ်သွားသည်၊၊ မင်း၏အရိပ်အခြေကို ကြည့်ပြီးခစားရသော
ဝန်မင်းများအားလုံး ယနေ့ ညီလာခံတွင် မင်းတရားကြီး ထွက်တော်မူပုံကို မြင်လိုက်ကတည်း
က မည်သို့ မည်ပုံ တင်လျှောက်ကြရတော့ မည်ကို သတိရှိစွာဖြင့် အသင့်ပြင်လျှက်ရှိသည်၊၊
ယခင်က လေးလတစ်ကြိမ် ကျင်းပနေကျ ဖြစ်သော်လည်း ယခုမင်းတရားကြီးလက်ထက်တွင် ပုံမှန်မရှိ
တော့ချေ၊၊ ခေါ်ချင်လျှင်ခေါ်လိုက်သည်၊၊ မခေါ်ချင်သည့် အခါတွင်လည်း မခေါ်ပဲ ပစ်ထားလိုက်သည်၊၊
ကဲ့ ကဲ ဝန်မင်းများ
ဘုရာ့း့ ရာ့း့ ဘုရာ့း့ ရား
ဝန်မင်းများ၏ ကြောက်လန့် နေသော အသံကညီလာခံခန်းမကြီး တစ်ခုလုံးကို အဲကိုး အသံအဖြစ်
ပဲတင်ထပ်သွားသည်၊၊ထို့နောက် တဖန် တိတ်ဆိတ်သွားပြန်သည်၊
အေ့း့ အေ့း့ မင်းတို့
့အပေါက်တွေ ဒီအထဲမှာတော့ ပိတ်နေ့ အပြင်မှာ လိုဏ်ခေါင်းကိစ္စ ဟိုးလေးတကြော်ကြော်ဖြစ်နေပြီ့ 
ဟင့်း့ ကောင်းကြသေးရဲ့ လာ့း့ 
ရွှေသမင် ဘယ်ကထွက်တဲ့ ကိန်းဆိုက်နေပြီ့ ဟဲ့ 
နည်းပညာဝန် မှန်ရာကို လျှောက်တင်စမ်းမောင်မင့်း့ 
မှန့့် မှန့့် လှပါဘုရာ့း့ 
နေပြည်တော် ကနေ တောင်ကြီးမြို့ အထိ မြေအောက်ရထားများပြေးဆွဲနိုင်အောင်
ဥမင်လိဏ်ခေါင်းများဖောက်လုပ်နေတာပါဘုရား၊၊ ဘယ်သူ့ အတွက်လည်း မမေးပါနဲ့  ၊၊ ပြည်သူ့
အတွက့့် ပြည်သူတွေအတွက်ပါဘုရား၊၊ ကျနော်မျိုးကြီးတို့ နိုင်ငံမှာ တိုင်းသူပြည် သားတွေ
စားလို့ မကုန်အောင် မင်းတရားကြီး ပြောတဲ့ ဆန်တန်ချိန်တွေကလည်း သန်းလေးရာကျော်ရှိပြီး
အလကားဝေတာတောင် လာမယူရဲကြပါဘူး ဘုရား၊၊ ဒီလိုပိုလျှံနေတဲ့ ဘဏ္ဍတော်တွေကို
အလဟသ မဖြစ်ရလေအောင် မြောက်ကိုရီးယား နိုင်ငံတော်ကြီးက နည်းပညာရှင်များနဲ့ 
ပူးပေါင်းပြီး မြေအောက်ပြေးလမ်းဖောက်နေတာကို မီဒီယာတွေက ပုံကြီးချဲ့ နေတာပါဘုရာ့း့ 
ကျနော်မျိုးကြီးတို့ နိုင်ငံက ကမBာမှာ ထိပ်သီးသတင်းကို မြောက်ကိုရီးယား ရွှေနန်းရှင်ကြီးနဲ့  ပူးတွဲ
ပါပါနေတာဟာ မင်းတရားကြီးရဲ့  ဘုန်းတော်ကြောင့့် ဘုန်းတော်ကြောင့်ပါ ဘုရား၊၊
အေ့း့ အေ့း့ မောင်မင်း အခုလို လျှောက်ထားတာ ကြားရပြန်တော့ ငါကိုယ်တော်
အရှက်တော်များ ပြေသလိုရှိတယ် မောင်းမင့်း့  ဟင့်း့ ရွှေဉာဏ်တော်များ တယ်လည်း
စူးရောက် လှပါကလား ကွယ်တို့ 
ငါ ကိုယ်တော်မြတ် ၂ဝ၁ဝ ရွေးကောက်ပွဲနား ရောက်ခါနီးလေ ရွှေရင် မအေးလေ ဖြစ်ရတယ်
မောင်မင်းတို့ ၊၊ ညည စဉ်းစားရင်း အိပ်မပျော်လို့ စက်တော်လည်းမခေါ်နိုင်၊၊
ပွဲတော်လည်း မတည်နိုင်၊၊
အင့်း့  ကြာရင်တော့ မာလကခြောင်း ရမဲ့ကိန်းတော့ဆိုက်နေပြီ မောင်မင်းတို့ ၊၊
အိပ်မပျော် ရတဲ့ ကြား ထဲ မိဘုရားခေါင်းကြီးရဲ့ အလိုရမ္မက်ကို အာသာပြေစေဖို့ ငါကိုယ်တော် ကြိုးစားပမ်းစား ဆောင်ကျဉ်း ပေးတော်မပေမဲ့လည်း အသာမပြေတဲ့အပြင်
ပိုလို့တောင် ဆိုးနေလို့  အိပ်ဖန်စောင့်များနဲ့ လွှဲထားရတယ် မောင်မင်းတို့၊၊
အပျက်အပျက်နဲ့ သွေးထွက်မဲ့ ကိန်းတော့ဆိုက်နေပြီ့  ငါကိုယ်တော်စိတ်တိုင်းကျ စီမံခန့် ခွဲပြီး
အရေးခိုင်းတဲ့ နာဂစ်အခြေခံဥပဒေကြီးကလည်း ယိုပေါက်ထွက်ပေါက်တွေနဲ့ ဟင့်း့ 
 တကယ်တမ်းကျတော့ငါကိုယ်တော်ရဲ့  ဆွေစဉ်မျိုးဆက်အထိ အကာအကွယ်
မပေးနိုင်ပေဘူးမောင်မင်းတို့ 
မြောက်ကိုရီးယားအရှင် ဆိုရင် သူရဲ့ ထီးမွေ နန်းမွေကို ဒုတိယမိဖုရားကမွေးတဲ့
အသက် ၂၅နှစ်သားအရွယ် သားငယ်ကိုလွှဲပြောင်းပေးတော့မယ်ကွယ်တို့ ၊၊
ဒီသတင်းတွေကြား ရတိုင်း စင်ကာပူရွှေနိုင်ငံတော်ကြီးမှာ ဒီကနေ နေ့တိုင်း လေယဉ်စီးပြီး
ပညာတော်များ သင်ယူ တတ်မြောက်ခဲ့တဲ့ မြည်းတော်လေး ဖိုးလပြည့်
အတွက် ရွှေစိတ်တော်မအေးဖြစ်ရတယ် မောင်မင်းတို့ ၊၊ ကဲ့  ရှေ့ ကနေခစားနေတဲ့
တရားရေးဝန် က ငါကိုယ်တော်စိတ်ချမ်းသာအောင် ဘယ်လိုများ သံတော်ဦးတင်မလဲ
မောင်းမင်းရဲ့ ၊၊
မှန်လှပါဘုရား၊၊
မင်းတရားကြီးရဲ့ ဘုန်းတော်ကြောင့် ဂလိုဘယ်မှာ ဘယ်နိုင်ငံမှ တုမမှီဘဲ ကမBာ့ ဂင်းနစ်
စံချိန် တင်တဲ့ နာဂစ်ဖွဲ့ စည်းပုံအခြေခံကြီးကို နှစ်နှစ်ဆယ်ကျော်လောက်နဲ့ ပြီးအောင်
ရေးဆွဲနိုင်ခဲ့ပါတယ်ဘုရား၊၊ ရေးဆွဲပြီးပြန်တော့ ၂ဝဝ၈ ခုနှစ်မှာ ကမBာကျော်နာဂစ်မုန်တိုင်းကြီးနဲ့
အပြိုင်အဆိုင် တတိုင်းပြည်လုံးက အုတ်အော်သောင်းတင်း ထောက်ခံမကြောင့် ကန့်ကွက်မဲ့
သူမရှိ အတည်ပြု နိုင်ခဲ့ပါတယ် ဘုရား၊၊ ဘုန်းတော်ကြောင့့် ဘုန်းတော်ကြောင့် ပါဘုရား၊၊
၂ဝ၁ဝ ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မင်းတရားကြီးပါးစပ်က ထွက်
သမျှ ဥပဒေအဖြစ် သတ်မှတ်ဖို့ ကျနော်မျိုးကြီးမှာ တာဝန်ရှိပါတယ်ဘုရာ့း့ 
တပ်ထဲကဗိုလ်တွေကို လူဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်ပါ ဆိုတော့ ဒင်းတို့ က
မသေချာတာကို မလုပ်ပါရစေနဲ့ ဆိုပြီး အသနားခံစာ တင်ကြတယ့့် ငါကိုယ်တော်စိတ်ကြိုက်
ခန့်ရမဲ့ နှစ်ဆယ့်ငါးရာခိုင်နန်း ထဲမှာလည်း ငါ့သားမက်တော်တွေ၊ ငါ့မိသားစုလူတွေနဲ့ ပြည့်နေပြီ
ဒီအရေးတွေမြင်လို့ ဝန်မင်းတို့ကို အစကတည်းက ငါးဆယ်ရာခိုင်နန်း လုပ်ပါဆိုတော့
လူကြားလို့မကောင်းဘူးလေး ဘာလေးနဲ့ အခုတော့ ကောင်းကြသေးရဲ့ လား ကွယ်တို့ 
မှန်လှပါဘုရား၊၊ ကျနော်မျိုးကြီးတို့ကလည်း ရွေးကောက်ပွဲ ဥပဒေများ
သတ်မှတ်ထုတ်ပြန်ဖို့ မစဉ်းစားဝံ့အောင် ဖြစ်နေကြောင်းပါ ဘုရား၊၊
အေ့း့  အေး ငါကိုယ်တော် စဉ်းစာမိတာကတော့ ပြီးခဲ့တဲ့နှစ်က ဘရာဇီးနိုင်ငံမှာ
လုပ်သွားတဲ့ ရွေးကောက်ပွဲလိုမျိုး အင်တင်နာ အဲ့ အဲ့ အင်တာနက် ကနေ မဲပေးတဲ့စနစ်နဲ့
အဖြစ်သဘော လုပ်ရင်ရော့ ဘယ်လို သဘောရသလဲ မောင်မင့်း့ မဲအရေအတွက်
မိန့် တော်မူပါဘုရာ့း့ 
အေ့း့ ရွေးကောက်ပွဲ မလုပ်ရင် မဖြစ်ဘူးလား ကွယ်တို့ ၊၊ ဟင့်း့ 
ငါကိုယ်တော်မြတ် အစကတည်းက ဝန်မင်းတို့ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ခြောက်ခါတလှည့်
မင်းတို့ဟာ ဖြစ်နိုင်ချေရှိရဲ့ လား အတန်တန်ပြောတော်မူပါလျှက် အခုတော့ အီးပါခါနီးမှ
အိမ်သာရှာရသလို ငါကိုယ်တော်အဖြစ်သနစ်က ပြူတစ်ပြူတစ်ဖြစ်နေပြီ ကွယ်တို့  ဒီကြားထဲ
နာဂစ်ဖွဲ့ စည်းပုံကြီးကို ဟိုလူက ပြင်ခိုင်း ၊ ဒီလူက ပြင်ခိုင်းနဲ့  ငါကိုယ်တော်က သေနတ်နဲ့ ရေး ၊
တံတွေးနဲ့ ဖျက်ချင်နေ ကြတယ်ကွယ်တို့၊၊ ကောင်းကြသေးရဲ့ လား၊၊ ဟင့်း့ အင်း
တပ်ထဲကဗိုလ်တွေကို လူဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်ပါ ဆိုတော့ ဒင်းတို့ က
မသေချာတာကို မလုပ်ပါရစေနဲ့ ဆိုပြီး အသနားခံစာ တင်ကြတယ့့် ငါကိုယ်တော်စိတ်ကြိုက်
ခန့်ရမဲ့ နှစ်ဆယ့်ငါးရာခိုင်နန်း ထဲမှာလည်း ငါ့သားမက်တော်တွေ၊ ငါ့မိသားစုလူတွေနဲ့ ပြည့်နေပြီ
ဒီအရေးတွေမြင်လို့ ဝန်မင်းတို့ကို အစကတည်းက ငါးဆယ်ရာခိုင်နန်း လုပ်ပါဆိုတော့
လူကြားလို့မကောင်းဘူးလေး ဘာလေးနဲ့ အခုတော့ ကောင်းကြသေးရဲ့ လား ကွယ်တို့ 
မှန်လှပါဘုရား၊၊ ကျနော်မျိုးကြီးတို့ကလည်း ရွေးကောက်ပွဲ ဥပဒေများ
သတ်မှတ်ထုတ်ပြန်ဖို့ မစဉ်းစားဝံ့အောင် ဖြစ်နေကြောင်းပါ ဘုရား၊၊
အေ့း့  အေး ငါကိုယ်တော် စဉ်းစာမိတာကတော့ ပြီးခဲ့တဲ့နှစ်က ဘရာဇီးနိုင်ငံမှာ
လုပ်သွားတဲ့ ရွေးကောက်ပွဲလိုမျိုး အင်တင်နာ အဲ့ အဲ့ အင်တာနက် ကနေ မဲပေးတဲ့စနစ်နဲ့
အဖြစ်သဘော လုပ်ရင်ရော့ ဘယ်လို သဘောရသလဲ မောင်မင့်း့ မဲအရေအတွက်
ငါကိုယ်တော်ကြီး စိတ်တိုင်းကျလုပ် လို့ရတယ် မဟုတ်လာ့း့ ဟဲ့  နည်းပညာဝန် ငသောင်း
လျှောက်တင်စမ့်း့ 
မှန်လှပါ့ ရွှေဥာဏ်တော်များ စူးရောက် လှကြောင်းပါဘုရား၊၊
ကျနော်မျိုးကြီးတို့ ပြည်သူသန်း ၆ဝ ကျော်မှာ အင်တာနက် သုံးစွဲ သူက တစ်ထောင်
ကျော်ရှိတာကြောင့် လိမ်ဖို့ အဆင်ပြေကောင်းမွန်လှကြောင်းပါဘုရား၊၊ ရွေးကောက်ပွဲမှာ
ပြည်သူတွေ မဲပေးဖို့  အင်တာနက်ဆိုင်တွေမှာ တန်းစီစေပြီ့း့ ကျနော်မျိုးကြီးတို့ က လျှပ်စစ်မီးကို
ဖြတ်တောက်ထားလိုက်ရင် မဲပေးရတဲ့ ဒုက္ခကို ပြည်သူ တွေကောင်းကောင်းကြီး သိသွားမှာပါဘုရား၊
အခုဆိုရင် မင်းတရားကြီး အကြံပေးချက်အရ ရေ၊ မီး ဖြတ်တောက်ရေး နည်းပညာဟာလည်း
နိုင်ငံရေးအောက်လမ်း နည်းအရ အလွန်အောင်မြင်လှကြောင်းပါဘုရား၊မီးနဲ့ ရေ ဘာကို
ရွေးမလဲလို့ မေးစရာမလိုလောက်အောင် ပြည်သူလူ ထုကြား နိုင်ငံရေးထက် မီးရေး၊ ရေရေးက
ပိုပြီး ရေပန်းစား နေကြောင်း ပါဘုရား၊၊
ကောင်းလေစွ့ ကောင်းလေစွ့ ကျန်းမာရေးလည်း ဂရုစိုက့့် မသကာ
မာလဂဂျောင်းနေမှဖြင့် မင်းတို့ လိုနည်းပညာဝန်များ တို့ အထဲမှာ ရှားသကွဲ့  ၊၊
အေ့း့  ဒါနဲ့  ပြန်ကြားရေးဝန့့် အသားအရေတွေလည်း မဲပြီးခြောက်ကပ်လာပါလား၊
မောင်မင်းတို့ ကို အခွင့်အရေးပေးတဲ့ အနေနဲ့  ရွေးကောက်ပွဲ ဥပဒေ မထုတ်ပြန်ရသေးခင်
အတိုက်အခံ တွေထက် စောပြီး ကြိုတင်နယ်လှည့်စည်းရုံးနေတာ တိုင်းသူပြည်သား တွေက
ဘယ်လိုထောက်ခံသမပြုကြတယ် ဆိုတာကို အမြန် သံတော်ဦး တင်စမ်း ဟဲ့ မောင်မင်း၊၊
ပြန်ကြားရေးဝန် သီရိလဘာချာသူရ မုသာဝါဒ သာလိကာ ကျော်ဆန်း က သူ့ထုံးစံ
အတိုင်း မဲ့ကာ ရွဲ့ ကာဖြင့် လက်နှစ်ဖက်ကို ဦးခေါင်းပေါ်တင်လျှက့့် 
မှန်လှပါ့ ရွှေနန်းရှင်ကြီး ဘုရာ့း့ 
ကျနော်မျိုးကြီး နယ်လှည့်စည်းရုံးတဲ့အခါ တိုင်းသူပြည်သား တွေဟာ သူတို့ရဲ့ 
စားဝတ်နေရေးကလွဲလို့  နိုင်ငံရေးမှာ စိတ်ပါဝင်စားတာ မတွေ့ရပါဘူး ဘုရား၊၊ မင်းတရားကြီး
အစဉ်တစိုက် ချမှတ်ဖော် ဆောင်လာခဲ့တဲ့ နိုင်ငံရေးနည်းနာများကြောင့် နိုင်ငံရေးဆိုတာနဲ့ ပြည်သူ
အများဟာ တီကို ဆားနဲ့ တို့ လိုက်သလို့  တွန့် တွန့် သွားသွားလိုက်တာ တီကောင်များသဖွယ်
ဖြစ်နေကြောင်းပါဘုရား၊၊
ပြန်ကြားရေးတာဝန်များကို ထမ်းဆောင်နေရတဲ့ ကျနော်မျိုးကြီးကလည်း ပြည်သူတွေ
အပန်းတော်ပြေစေဖို့  တောင်ကိုရီးယားဇာတ်လမ်းများနဲ့ မိင်းသွင်းထားကြောင်းပါဘုရား၊၊
ကျနော် မျိုးကြီးတို့ နိုင်ငံက ရိုက်ကူးထုတ်လုပ်တဲ့ မြန်မာ့ရုပ်ရှင်တွေက ကမBာ့အဆင့်တန်းထက်
ကျော်လွန်နေတာကြောင့် ဖြတ်ညှပ်ကပ်တွေလုပ်ပြီး ထိန်းလွှတ်နေရကြောင်းပါဘုရား၊၊
ပြည်သူပိုင်သိမ်းထား တဲ့ မင်းတရားကြီးရဲ့ ဝါဒဖြန့်  သတင်းစာတွေကိုလည်း ကမBာကပါ မှာယူ
ဖတ်ရ့ကြတာကြောင့် ရိုက်ထုတ်လို့  မလောက်အောင် ပြည်ပကို ပို့ ဆောင်ပေး နေရကြောင်းပါ
ဘုရား၊၊ မင်းတရားကြီး လက်ထက်တော်မှာ သတင်းနဲ့ မီဒီယာများ လွတ်လွတ်လပ်လပ်နဲ့ 
အမှန်တိုင်းရေးသားဖော်ထုတ် ခွင့်ရတာကြောင့် အီလက်ထရောနစ် ပုဒ်မများထုတ်ပြန်ကာ
နှစ်ရှည်ထောင်ဒါဏ်များချမှတ်ပြီး သတိပေးနေရပါတယ်ဘုရား၊၊ မင်းတရားကြီးရဲ့  ဘုန်းတော်
ကြောင့် ကမBာမှာ သတင်းလွတ်လပ် ခွင့် အရှိဆုံး နိုင်ငံ ၁၇ဝ ထဲမှာ ကျနော်မျိုးကြီးတို့ နိုင်ငံက
အဆင့် ၁၆၆ နဲ့  ထိပ်တန်းက နေရာရယူထားကြောင်း ပါဘုရား၊၊
အေ့း့  အေး တယ်လည်း လျှောက်တင်ကောင်းတဲ့ မောင်မင်းကို နောင်အစိုးရများ
ဖွဲ့ ရင် မင်းရာထူးလေးမြဲစေဖို့  ငါကိုယ်တော်က ပေးသနားတော်မူမယ်မောင်းမင့်း့ 
ပေ့း့ ပေ့း့  သနားတော်မူပါဘုရား၊၊
ကဲ့  ညာဘက်မှာ ခွစားနေတဲ့ အားကစားဝန် သူရအေးမြင့်ကလည်း မြန်မာ့
အားကစား ကမBာကို ဘယ်လို ဘယ်ပုံ လွှမ်းသွားတယ်ဆိုတာကို သံတော်ဦးတင်စမ်း ဟဲ့ 
မောင်မင့်း့ 
မှန်လှပါဘုရာ့း့ 
အခုဆိုရင် မြန်မာပြည်သူလူထုကြားမှာ အားကစားဟာထိပ်ဆုံးက ရေပန်းစားနေပါ
တယ်ဘုရား၊၊ လူ လေး ငါးယောက် စုမိ ဆုံမိတာနဲ့  တစ်လုံး၊ နှစ်လုံး ၊ သုံးလုံး ဆိုတဲ့
“ဘော”စကားတွေ နဲ့  မအားမလပ်အောင်ဖြစ်နေကြောင်းပါ ဘုရား၊၊
ဟဲ့  မောင်းမင့်း့  တစ်လုံး နှစ်လုံးဆိုတာ ဘာတွေတုန်းဟဲ့  ငါကိုယ်တော်
နားရှင်းအောင် သံတော်ဦးတင်စမ်း မောင်းမင့်း့ 
မှန်လှပါ ဘုရာ့း့ 
တစ်လုံးဆိုတာက့ ဘောလုံးလောင်းတာကို ပြောတာပါဘုရား၊၊
နှစ်လုံးဆိုတာကတော့  လူထုကြား အင်မတန်ရေပန်းစားတဲ့ နှစ်လုံးထီလောင်းတာကို
ပြောတာပါဘုရား၊၊
သုံးလုံးဆိုတာကတော့  ဟို့ သွားလေသူ ဆိုရှယ်လစ်မင်းတရားကြီး လက်ထက်
ကတည်းက ဖမ်းမနိုင် တားမရ လောင်းလာတဲ့ ချဲထီလောင်းတာကို ပြောတာပါဘုရား၊၊
မြန်မာပြည်သူတွေဟာ စားဝတ်နေရေး ချောင်လည်လွန်းတာကြောင့် အဲဒီ သုံးလုံး
ကို အပျော်တမ်း လောင်းကစားအဖြစ် မိမိကိုယ်မိမိ ဖျော်ဖြေရေးတွေလုပ်နေကြောင်းပါဘုရား
ဒါ့ ကြောင့်လည်း ကျနော်မျိုးကြီးတို့ သာ လုပ်တတ်၊ ကိုင်တတ်၊ စားတတ် တဲ့ နိုင်ငံရေးကို ပြည်သူ
အများ စိတ်မဝင်စားကြကြောင်းပါဘုရား၊၊ အဲဒီလိုဖြစ်အောင် ကျနော်မျိုးကြီးကလည်း
အားကစားဝန် ပီပီ ပြည်နယ်နဲ့ တိုင်းက ဘောလုံးကန်တတ်တဲ့ လူတွေကို စုပြီး ဘောလုံးကွင်း
တွေမှာ ကမBာ့ဘောလုံးအဖွဲ့ ကြီး ဖီဖာနဲ့ အပြိုင် မြန်မာ့အားကစားကို မြန်မာ့လောင်းကစားအဖြစ်
အသွင်ပြောင်းဖို့  ကြိုးပမ်းလျှက်ရှိကြောင်းပါဘုရား၊၊
အေ့း့ ကောင်းလေစွ့ ကောင်းလေစွ့ မြန်မာ့လောင်းကစား ကမBာကို လွှမ်းဖို့
ကြိုးပမ်းဆောင်ရွက်တော်မူတဲ့ မောင်မင်းကို့ နောင်ရွေးကောက်ပွဲမှာ နေရာလေးများ ကျန်ရင်
လောင်းကစားဝန် အဲ့ ဟုတ်ပေါင့့် အားကစားဝန် ရာထူးကို ပေးသနားတော်မူမယ်ဗျာ့ 
မှန်လှပါ့ ဘုရာ့း့ ဘုန်တော်များအလွန်ကြီးကြောင်းပါဘုရာ့း့ 
ညီလာခံအတွင်းသို့  ရုတ်တရက် ဝင်ရောက်လာသော မင်းတရားကြီး၏ လက်ရုံးတော် စစ်သူကြီး
သူရ ရွှေမန်းကြောင့် ဝန်မင်းများအားလုံး အသံတိတ်သွားသည်၊၊ ထို့ နောက် စစ်သူကြီးက
မင်းတရားကြီးအာ့း့ 
“မင်းတရားကြီးဘုရာ့း့ ကျနော်မျိုးကြီးတို့ အထဲမှာ သစ္စာဖောက်တွေ ရှိနေပါပြီဘုရား ”
လက်အုပ်ချီလျှက် ဦးမချသေးခင် ဘေးပတ်လည်တွင်ရှိသော ဝန်မင်းများကို
“ဒင်းတို့လက်ချက်” ဟု သဘောရသောအကဲခတ်ပုံစံမျိုးဖြင့် ခပ်ဆပ်ဆပ် ဝေ့ကြည့်လိုက်သည်၊
စစ်သူကြီးလျှောက်တင်ချက်ကြောင့် ဘေးပတ်လည် တွင် ကျုံ့ ကျုံ့ ယုံ့ ယုံ့ခစားနေသည့် ဝန်မင်းများ
မျက်လွှာချကာ ခန္ဓြွာကိုယ် အနည်ငယ်တွန့် ပြီး နောက်ဆုတ်သွားသည်၊၊ သွားလေသူ ဝန်ကြီးချုပ်
ပွေ့ ချီကောက်နမ်း ခင်ညွှန့်ကိုပင် အမဲဖျတ်ဝင့်သူ အဖြစ် ကျော်ကြားသည့် စစ်သူကြီး၏
မျက်နှာတွင် ဥပဒေအထက်၌ မည်သူမှမရှိရ ဆိုသည့် ဒေါသရိပ်က လွှမ်းလျှက်ရှိသည် ကို
မင်းတရားကြီး နှင့်တကွ ဝန်မင်းများ အားလုံး ကောင်းစွာ ရိပ်မိလေပြီ၊၊
ကျနော်မျိုးကြီးတို့  မြောက်ကိုရီးယား ခိုးသွားခဲ့တဲ့ ကိစ္စ အခုတော့ ဗူးပေါ်သလို
ပေါ်သွားပါပြီဘုရား၊၊ ဒီလို အရေးပါတဲ့ လျှို့ ဝှက်ကိစ္စတွေ နေပြည်တော်အပြင်ကိုရောက်သွား
တာဟာ ကျနော်မျိုးကြီးတို့ အတွင်းစည်းမလုံလို့ ဖြစ်ရတာပါ ဘုရား၊၊ အရေးယူဆောင်ရွက်ပေး
တော်မူပါဘုရား၊၊
ဟဲ့ ဟဲ့  ဒီ သတင်းအမှန်ဘဲလာ့း့ ဝန်းမင်းတို့  ဒီအတိုင်းသာ ငါတို့ လုပ်သမျှ
ကမBာက သိနေပြီဆိုရင်တော့  ငါတို့ အားလုံး ပြေးစရာမြေမရှိတော့တာတော့ အမှန်ဘဲ
မောင်းမင်းတို့ ဒါဘယ်သူ့ လက်ချက်လဲ့  ဟဲ့ ရွှေမန့်း့ မောင်မင်းထင်တာကို
အမှန်လျှောက်တင် စမ့်း့ 
မင်းတရားကြီးစံအိမ်တော်ကို အဝင်အထွက်များတဲ့ အနှိပ်တော်ကြီး အောင်သောင်း
နဲ့  နည်းပညာဝန် မောင်သောင်းတို့  လက်ချက်လို့  ထင်မြင်မိပါတယ် ဘုရား၊၊
ဆက်ပါဦးမည်၊၊
ကော့သား

No comments:

Post a Comment