Saturday, November 6, 2010

နေပြည်တော်ပုံပြင်နဲ့  ၂၀၁၀ ဒဏ္ဍာရီ

 နေညိုချိန် ရောက်လေမှဖြင့် လေပြိုတတ်တဲ့အိမ်ရှေ့ စံမင်းသားကြီး နဲ့  မင်းတရားကြီး တို့  လူတစု ကားတန်းကြီးနဲ့  နေပြည်တော်ကို ပတ်ကြည့်ကြတယ်ဆိုဘဲ၊၊ ဗမာပြည်အလယ် ဗဟိုကျတယ် ဆိုတဲ့ ကြီးမားတဲ့ ခံယူချက်နဲ့  ပြောင်းရွှေ နန်းစိုက် ခဲ့တဲ့ ကြပ်ပြေးနေပြည် တော်ကြီး၊၊ အဆောက်အဦးတွေ ကြည့်ပြီး ပီတိတွေဖြာစင်း နှုတ်မိန့် တွေ တခြွေခြွေနဲ့ ၊၊
 ဒီလို ဆောက် ၊ ဒီလိုလုပ် နေရတာကို ပဲ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်တယ် လို့ ဆိုပဲ၊ ဒါကြောင့်လည်း မင်းတရားကြီး ဘ၀မတိမ်းခင် မိဘုရားခေါင်ကြီးနာမည်နဲ့  ဘိလပ်မြေစက်ရုံ တခုကို စက်မူဝန်ကြီး အောင်သောင်းက လက်ဆောင်ပဏ္ဍာအဖြစ် တည်ဆောက်ပေး လိုက်တယ်၊၊ အခုလည်း နိုင်ငံတော်ပိုင်တဲ့ စက်ရုံတွေ၊ လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲ လွှဲပေးနေလိုက်တာ ရက်ရက်ရောရောဆိုပါလား၊၊ နောက်ဆုံး မြန်မာ့လေကြောင်းလိုင်းတောင် နိုင်ငံတော်က မပိုင်တော့ဘူး၊၊ အိမ်ရှေ့ စံ မင်းသားကြီးနဲ့  စက်မှုဝန်တို့ ကခမည်း ခမက်တွေ ဆိုတော့ အခြားနာမည်ခံနဲ့  ကမေBာဇဘဏ်ကို လွှဲတယ်တဲ့၊၊  တကယ်ပိုင်တာကတော့ နယ် စပ်မှာ ဘိန်းအခွန်တော်ငွေတွေ ကောက်ပြီး ချမ်းသာခဲ့တဲ့ အိမ်ရှေ့ စံကိုယ်တော်ကြီးပိုင်တာ ပါတဲ့၊၊ စက်ရုံတွေ လွှဲပေးလိုက်တာလဲ မင်းတရားကြီး စိတ်ချရတဲ့ တေဇ တို့ က အများဆုံး ရကြတယ်ဆိုပဲ၊၊
 နိုင်ငံတော်ပိုင်တွေကို ပုဂ္ဂလိကတွေက ပြောင်းလဲလုပ်ကိုင်တာဟာ အင်မတန် ကောင်းတဲ့ လုပ်ရပ်တွေဖြစ်ပေမဲ့ အခု ၂၀၁၀ ကျမှ ကတိုက်ကရိုက် အသဲအသန်လွှဲနေတာ ဟာ မရိုးသားမှန်း လူတိုင်းသိတဲ့ ကိစ္စ၊၊ သေချာတာကတော့ ရွေးကောက်ပွဲပြီးတဲ့ နောက် တက်လာ မဲ့ အစိုးရသစ်ကို ဘာမှ လုပ်ပိုင်ခွင့်မရှိအောင် အားအင်ချိနဲ့ အောင် လုပ်တဲ့ သဘော လိုများ ဖြစ်မနေဘူးလား၊၊ ဒါတောင် နောက်အစိုးရဆိုတာ သူ့ ခါးပိုက်ထောင်ထဲက လူတွေပါ၊၊ သူ့ လူတွေကိုတောင် သူမယုံရဲဘူး၊၊ ကောင်းတဲ့ စက်ရုံတွေအကုန်လုံး တေဇတို့ လက်ထဲလွှဲ ၊၊ အစုတ် အပြတ်တွေ နောက်အစိုးရအတွက် ထားခဲ့၊၊ အင်မတန်ရှင်းတဲ့ ယုတ်မာမှုတွေကို လုပ်နေတဲ့ မင်းတရားကြီးတို့ လူတစုပါ၊၊ သိသာထင်ရှားတဲ့ အများသူငှာပါဝင်နိုင်တဲ့ လေလံဆွဲစနစ်တွေ ကို မသုံးရဲတော့ အခုလို ခိုးကြောင် ခိုးဝှက် နဲ့  လက်သိပ်ထိုး ပြည်သူပိုင်ပစ္စည်တွေကို ပရမ်း ပတာ လုပ်ပစ်လိုက်တာပဲ၊၊
 မကြာခင်မှာ ကြားဖြတ်အစိုးရဖွဲ့ တော့မယ်လို့ ကြားနေရတယ်၊၊ ကြားဖြတ် အစိုးရ ဖွဲ့ ပြီးမှ ၂၀၁၀ ရွေးကောက်ပွဲ ဥဒေတို့  ပါတီ မှတ်ပုံတင်ဥပဒေတို့ ထွက်မယ်လို့  လေသံ ပစ်နေတယ်၊၊ အင်မတန် ဥာဏ်ကြီးပါပေ့၊၊ ကြားဖြတ်အစိုးရက ထုတ်တဲ့ ရွေးကောက်ပွဲ ဥပဒေ ဆိုတော့ ဘာတွေပဲထုတ်ထုတ် မင်းတရားကြီးတို့ နဲ့ မဆိုင်ဘူးဆိုတဲ့သဘောပေါ့၊၊ ကမBာက “မင်းတို့ မတရားဘူး၊ တဖက်သတ်ကျတယ်”လို့ ပြော လာရင် “ငါတို့ ထုတ်တာမဟုတ်ဘူး ဟိုကောင်တွေ” ဆိုပြီး မဲ့ပြုံးလေးနဲ့  လက်ညှိုးထိုးပြ  လိုက်ရုံပေါ့၊၊
 ဒီတော့ ထွက်လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ဘာတွေဖြစ်နေမလဲဆိုတာ အထွေအထူးစဉ်းစားနေဖို့ မလိုဘူး၊၊ သူတို့ ထုတ်တဲ့ အထိ ထိုင်စောင့်ပြီး ထွက်လာတော့မှ တစ်ကျပ် ကို ကိုးဆယ်ကိုးပြားနဲ့ ဈေးဆစ်နေရမှာလား၊၊အခုတလောကြားလိုက်ရမှဖြင့် ရွေးကောက် ပွဲဥဒေမထွက်သေးလို့  စောင့်နေတဲ့ လေသံနဲ့  အတိုက်အခံတွေပြောနေကြတယ်၊၊အင်မတန်လည်း ရှက်ဖို့ ကောင်းတယ်၊၊ ဘာတခုမှ ကြိုတင်ပြင် ဆင်ခွင့်တွေမပေးပဲ ၂၀၁၀ တစ်နှစ်ထဲမှာ ရွေးကောက်ပွဲ ဥပဒေရော၊ ရွေးကောက်ပွဲရော၊ လွှတ်တော်ခေါ်ဖို့ရော စုပြုံလုပ်ကတည်းက မရိုးသားမှန်းသိသာနေတာပဲ၊၊ လူထုကို မဲဆွယ်ရမဲ့အချိန်က မိုးရာသီ ၀ါဆို ၀ါခေါင်သာဖြစ်ခဲ့ရင် မိုးထဲ ရေထဲ ဘယ်နေရာမှာ ဘယ်ပြည်သူလူထုကို ဘယ်လို စုရုံးပြီး မဲဆွယ် လို့ ရမှာလဲ၊၊ မိုးခေါင်တဲ့ မြန်မာပြည်အထက်ပိုင်းလောက်သာ စည်းရုံးဟောပြောဖို့  ဖြစ်နိုင်ပြီး အောက်ပိုင်းတွေမှာ သွားရေးလာရေးခက်ခဲလို့  ဘယ်ပါတီက စည်းရုံးရေးဆင်းနိုင်မှာလဲ ၊၊အဲဒီလို နိုင်ငံရေးပါတီတွေကို အကြပ်ရိုက်အောင်လုပ်ထားပြီး စစ်တပ်ပါတီ တွေဖြစ်တဲ့ ကြံ့ ဖွင့် တွေ စွမ်းအားရှင်တွေက တဖက်သတ် အနိုင်ရအောင် လုပ်မဲ့ ရွေးကောက်ပွဲ၊၊ ဘယ်မှာလဲ ပြည်သူ လူထုရဲ့  အခန်းကဏ္ဍ၊ ဘယ်မှာလဲ ဒီမိုကရေစီ၊၊
 အခုလုပ်မဲ့ ရွေးကောက်ပွဲမှာ မဲလိုချင်တဲ့ အခါကြတော့ ဘယ်ပါတီမှ တရားဝင်စည်း ရုံးခွင့်မရသေးခင် စစ်တပ်ပါတီက ၀န်ကြီးဆိုသူတွေက လူထုကို အတင်းအဓမ္မခေါ် အစည်း အဝေးလုပ်ပြီး ကြိုတင်မဲဆွယ်လာတယ်၊၊ အစည်းအဝေးပြီးရင် ငွေဆယ်သိန်း၊ ဆယ်ငါးသိန်း လောက်လှူသွားတယ်၊၊ ဒီကြားထဲ အားမလို အားမရ ဟောင်သွားသေးတယ် ၊၊ အဲ ဘာတဲ့“ပြည်ပက အော်နေတဲ့ မီဒီယာတွေက ခင်ဗျားတို့ ကို အဲသည်လို လှူဘူးသလား ”တဲ့ အမယ်လေး ဖြစ်မှဖြစ်ရလေ အောင်သောင်းရယ် လို့ သာ သြောချမိပါရဲ့ ၊၊
 အဲဒီလို လုပ်တဲ့အထဲမှာ စက်မှုဝန် အောင်သောင်း ဟာ အရှက် မရှိဆုံးနဲ့ အကဲဆုံးပဲ၊၊၊ မွေးရပ်မြေ ပြန်ပြီး သူတို့ ကိုမဲထဲ့ပေးဖို့  မဲပြန်တောင်တဲ့ ၀န်မင်းတွေကလည်း အခုတလော “အမဲရုံခွေးလမ်းပေါက်သလို” ဖြစ်နေတယ်ဆိုဘဲ၊၊ နှုတ်ခမ်းလန်လန်ပြီး သတင်းစာရှင်း လင်းပွဲတွေမှာ “ကျနော်တို့ ပြောတာကိုသာ နားထောင်ပါ မေးခွန်းမမေးပါနဲ့”လို့ဆိုတဲ့ ပြန်ကြားရေးဝန်ကျော်ဆန်း ဆို သတင်းစာ မှာ မတွေ့ တာကြာလို့  မင်းတရားကြီးရဲ့  ခုံရုံးထဲ ရောက်နေပြီလို့ တောင် ပြည်သူတွေကထင်ပြီး စိတ်မကောင်းဖြစ်နေကြသေးတာ၊၊ ဘယ် ဟုတ်မလဲ၊၊ မွေးရပ်ပြန်ပြီး မဲဆွယ်တရားဟောနေတာကိုး၊၊ သတင်းယူတဲ့ ပြန်ကြားရေး နောက်လိုက် တွေတောင် သူတို့ ပြန်ကြားဝန် ဘယ်ရောက်နေတယ် ဆိုတာကို ပြည်သူလူထုကို အချိန်မှီ ပြန်ကြားမပေးနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုပဲ၊၊ လူဆယ်ယောက်လောက်စုမိတာနဲ့  သူ့ ကိုမဲပေး ဖို့  မျက်နှာချိုသွေးနေရတဲ့  ပြန်ကြားဝန် ဟိုတနေ့ က အကယ်ဒမီဆုပေးပွဲကို ခုတုံးလုပ်ပြီး မဲဆွယ် လိုက်ပုံလေးကတော့ သနားစရာကိုဖြစ်လို့ ၊၊
 “အနာဂတ်နိုင်ငံတော် ၏ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးမှုများအတွက် ယုံကြည်စိတ် ချနိုင်မည့် ဖော်ဆောင်ပေး နိုင်မည့် လူပုဂ္ဂိုလ်အဖွဲ့ အစည်းများကို အသိတရားနှင့်ယှဉ်၊ သတိတရား နှင့်ပေါင်းစပ်ပြီး ရွေးချယ်ပေး ရန်လိုအပ်ကြောင့့်း့ ”ပြောချင်တာကတော့ ဒါလေး ပဲ၊၊ တိုက်ရိုက်ပြောမဖြစ်တော့ ရှေ့ မှာ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ ပဏာမ မိန့်ခွန်းကြီးက အရှည် ကြီး၊၊ ကြပ်ပြေးမှာ ရုပ်ရှင်ရုံနောက်ထပ်အသစ်တခု တည်ဆောက်နေတာနဲ့ မြန်မာ့ရုပ်ရှင်လောက ကြီး ကမBာ့အဆင့်အတန်းမှီတော့ မတတ် “ငါ့စကားနွားရ” ပြောနေတာ ယူထားတဲ့ ရာထူး နဲ့ တောင် မတန်ဘူး၊၊ တကယ်တော့ အကယ်ဒမီဆုရသွားတာက ရုပ်ရှင်လောကသားတွေ မဟုတ်ပါဘူး၊၊ ၂၀၁၀ ရွေးကောက်ပွဲ အကြိုမဲဆွယ် အမျိုးသားသရုပ်ဆောင် အကယ် ဒမီဆု  ကို ပြန်ကြားရေးဝန် သာလိကာ ကျော်ဆန်း ကရသွားတာပါ၊၊
 သာလိကာနဲ့ အတူတက်တဲ့ အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦး၊ ခေါ်ရတာ နာမည်က ရှည်လွန်းလို့  မြန်မာပြည်မှာတော့ ရှစ်လုံးကြီး လို့ပဲ တိုတိုတုတ် တုတ် ခေါ်ကြတယ်၊၊ စကားပြော ရိုင်းချက်ကတော့ ဘယ်ဥကပေါက်သလဲ လို့ မေးရ မတတ် ဘဲတဲ့၊၊ စကားမစရသေးဘူ့း့  ဒေါသက ရှေ့ နှစ်မိုင်လောက်ရောက်နေပြီ၊၊ စားတာ ၀ါးတာက တော့ သူ့ တူမတွေ ဆွေတွေမျိုးတွေ အကုန်လုံး အသွင်းအထုတ် ကုမ္ပဏီ တွေထောင်ကြလို့ လူချမ်းသာကြီးတွေဖြစ်ကုန်ပြီ၊၊ ကိုယ်ပိုင်အရည်အချင်းနဲ့  ဗိုလ်အဆင့်လောက်တွေက အခု လို ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ပေါပေါလောလောဗိုလ်ချုပ် ရာထူးတွေရနေကြတော့ မွေးရာပါ ယဉ်ကျေးမှုအခံနဲ့ ယူထားတဲ့ ရာထူးကကြီးတဲ့ အခါကြတော့ အံမ၀င်တော့ဘူး၊၊ အဲဒီအခါ ဖုံးမရဖိမရ စရိုက်တွေက ပေါ်လာတော့တာပဲ၊၊
 အခုခေတ် မြန်မာပြည်မှာ လူတွေအများဆုံးပျက်စီးနေတာကတော့ စိတ်ဓါတ်ရေး ရာမှာပဲ၊၊ ဒါကို တည်ဆောက်ပြုပြင် ဆိုတဲ့ အပြင်လောက ရုပ်ပစ္စည်းတွေနဲ့ ထိန်းသိမ်းလို့  မရ နိုင်ဘူး၊၊ အဆောက်အဦးတွေ၊ တိုက်အမြင့်ကြီးတွေ ၊ လမ်းကြီးတွေ၊ တံတားကြီးတွေ ဆောက် ပြီး အပြင်ပန်းဟန်ပြတိုးတက်ရေးလုပ်နေလို့  တိုင်းပြည်တိုးတက်မလာဘူး၊၊ ပိုက်ဆံတွေ ချမ်းသာ ပြီး လမ်းဘေးသူတောင်းစားလောက် စိတ်ထား မမြင့်မြတ် သူတွေ တပုံကြီး၊၊ ရာထူးတွေ မိုးထိ ရောက်အောင် ယူထားပြီး မိန်းမပျက်တစ်ယောက်လောက်တောင် အသိတရားမရှိသူတွေ တပုံကြီး၊၊ တိုက်အကောင်းစားကြီးတွေ ၊ ဇိမ်ခံပစ္စည်းမျိုးစုံနဲ့ ပျော်ပါးယစ်မူးနေပြီး ၀ါးခြမ်းခင်း တဲစုတ်ထဲမှာနေတဲ့ သာမန်ဆင်းရဲသားတွေလောက်တောင် ကိုယ့်ကျင့်သိက္ခာမရှိတဲ့ သူဌေး ဆိုတဲ့သူတွေ က တပုံကြီး၊၊ ဘယ်ခေတ်မှာမှ မဖြစ်ဘူးခဲ့တဲ့ စိတ်ဓါတ်ရေးရာပျက်ပြားမှုတွေ မင်းတရားကြီးတို့ ခေတ်မှာ အကုန်ဖြစ်တယ်၊၊ ကြပ်ပြေးနေပြည်တော်ခေတ်မှာအကုန်ဖြစ်တယ်၊
 ဘာကြောင့်လဲ၊၊ အပြင်ပန်း ပြုပြင်တည်ဆောက်မှုတွေနဲ့  တိုင်းပြည်ကို တည်ဆောက် တယ်၊၊ ပြည်သူလူထုရဲ့ အတွင်းစိတ်ကို တိုးတက်ဖွံ့ဖြိုးအောင် တပါတည်း ဆွဲမခေါ်နိုင်ခဲ့ဘူး၊၊ ခေါ်နိုင်လောက်တဲ့ အရည်အချင်းသူတို့ ကိုယ်တိုင်မှာလည်းမရှိဘူး၊၊အရည်အချင်းရှိတဲ့ သူတွေကိုလည်း လက်မခံဘူး၊၊ ရန်လုပ်နေတယ်၊၊ ရန်သူ ဖြစ်အောင်လုပ်ပစ်တယ်၊၊ ဒီအပြစ်တွေ အကုန်လုံး သူတို့ ကို ပုံချနေတာမဟုတ်၊၊ အပြစ်တွေအားလုံးဟာ သူတို့ ကြောင့်ဖြစ်လာရ တာပဲဖြစ်တယ်၊၊
 ဟိုတနေ့ က မင်းတရားကြီးရဲ့  (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာကို ပဲကြည့်၊၊ ဘယ်လောက် တောင်အောက်တန်းကျနေသလဲဆိုတာ၊၊ “နယ်ချဲ့ သမားတို့ က တပည့်မွေးကာ  လက်ကိုင်တုတ်များဖြင့် ပြည်ထောင်စုကြီး ပြိုကွဲစေရန် ဖန်တီးလာမည့် အရေးကို”ဒီလို အောက်တန်း နောက်တန်းကျတဲ့ အတွေး အခေါ်နဲ့ အောက်တန်းကျတဲ့ အပြောအဆိုတွေနဲ့  တိုင်းပြည် ကို တိုးတက်ကောင်းမွန်အောင် ဘယ်လိုများလုပ်မလဲလို့  စောင့်ကြည့်ချင်တယ်၊၊ တကယ်တော့ နယ်ချဲ့ သမားတို့ထံ တပည့်ခံချင်နေတာက သူတို့ ၊၊ ပြည်ထောင်စုပြိုကွဲအောင် ၊ ပြည်တွင်းစစ်တွေ တိုက်နေတာ သူတို့ ၊၊ ဘယ်မှာလဲ တွေ့ဆုံဆွေးနွေး ရေးလမ်းစ၊ ဘယ်မှာလဲ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစ၊၊ဖေဖော်ဝါရီ ၁၃ ရက်နေ့ က ဒီချုပ် ဒု -ဥက္ကဌ ဦးတင်ဦးကို ဆက်ချုပ်ထားလို့  မရတော့ လို့  ပြန်လွှတ်ပေးလိုက်တယ်၊၊ သူတို့ ဖမ်းချင်တိုင်ဖမ်း ပြန်လွှတ် ပေးတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်း စလို့ မဆိုနိုင်ဘူး၊၊
 ဒီလိုလမ်းစတွေမရှိဘဲ အမည်ခံ၂၀၁၀ ရွေးကောက်ပွဲ ကို ဖြစ်သလို လုပ်တော့မယ်၊ဗိုလ်ကျစိုးမိုးရေးလမ်းစဉ် ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့ တသက်လုံးအုပ်ချုပ်တော့မယ်၊ ဒီဥပဒေနဲ့ အုပ်ချုပ်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခွင့် ဥပဒေတွေ ရွေးကောက်ပွဲဥပဒေတွေ ထွက်ခြင်း၊မထွက်ခြင်းဟာ အဓိကကျပါသလား၊၊ နောက်ဆုံး သူတို့ က သဘောထားကြီးလို့ လူတိုင်းလည်းပါဝင်ခွင့်ရမယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်တွေပေးမယ် ၊ ဒါပေမဲ့ နာဂစ်ဥပဒေကြီးကို မကိုင်ရ၊ မတို့ရ၊ မထိရ ဆိုရင်ကော ဒီရွေးကောက်ပွဲကို ၀င်ရတော့ မှာလား၊၊ စဉ်းစားဖို့ လိုပါတယ်၊
 နောက်ဆုံး မြန်မာပြည်သူတွေ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို ဖြတ်သန်းကြ မလဲဆိုတာဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်၊၊ လမ်းပြကြယ်ဦးအေးမြင့်အပြောနဲ့ ပြောရရင် တွေ့ ဆုံဆွေးနွေးရေးနဲ့ ဖြတ်သန်းမလား၊၊ လူထုနည်းနဲ့ ဖြတ်သန်းမလားဆိုတာပါပဲ၊၊တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြတ်သန်းမယ်ဆိုရင် နိုင်ငံရေး ခေါင်းဆောင်ကောင်းတွေ လိုသလို လူထု လှုပ်ရှားမှုနဲ့ ဖြတ်သန်းမယ်ဆိုရင်တော့ သတ္တိရှိတဲ့ လှုပ်ရှားမှု ခေါင်းဆောင်တွေ လိုကြောင်း တင်ပြ လိုက်ရပါတယ်၊၊
                                                                                                                  ကော့သား

No comments:

Post a Comment