သဘာဝ၏ အဖိုးတန်လက်ဆောင်များကြောင့် တိုင်းပြည်ကြီးတခုလုံး အေးချမ်း သာယာ လျှက်ရှိပေသည်၊၊ ဥတု ရာသီ တောကိုမှီ၏ ၊၊ မှန်ပေစွ ၊၊ မင်းတရားကြီး လက်ထက်တော်တွင် အစဉ်မပြတ် ထိမ်းသိမ်း စောင့်ရှောက် ခဲ့သည့် ကျေးဇူးတော်များကြောင့် ဒီတော၊ ဒီတောင်၊ ဒီမြေ တို့ ၏ ကောင်းမွေကို တိုင်းသူပြည်သားတို့  ကိုယ်စိတ်နှလုံး သုံးပါးလုံးဖြင့် ခံစား စံစားရပေသည်၊၊ ဤကဲ့သို့ ဘုန်းကံရှိသော မင်းတရားကြီး လက်ထက် သည့်ထက် နှစ်ဆတိုးပြီး တိုင်းသူပြည်သား လူအများတို့  အတွက် ချမ်းသာ သုခများကို ယူဆောင်လာမည့် အရိပ်လက္ခာဏာအဖြစ် ဆင်ဖြူမ တော်ကြီးသည် ယခုနှစ် ၂၀၁၀ ဇွန်လကုန်လောက်တွင် ဘုန်းတော်ကြောင့်ပေါ်ထွန်းလာခဲ့ပေသည်၊၊
ယနေ့ စတင်မည့် နေပြည်တော် ကြပ်ပြေး ညီလာခံကြီးသည်လည်း တမူထူးခြား လျှက်ရှိပေ သည်၊၊ ယခင်လို အစိမ်းပုတ်ရောင်တွေချည့်မဟုတ်တော့ပဲ အရောင်ပေါင်းစုံရောနှောလျှက်ရှိသည်ကို ထူးခြားစွာတွေ့ မြင်ရသည်၊၊ တချို့ က အမဲရောင်တိုက်ပုံ ၊ ဘန်ကောက်လုံချည် ၊ တချို့ က အဖြူ ရောင်တိုက်ပုံ ၊ အစိမ်းရောင် ပိုးလုံချည် ၊ တချို့ မြန်မာအမျိုးသမီးကြီးများမှာ ဇာတပတ်အရှည်ကြီး ကို ဒူးနားအထိ ရောက်အောင် ချထားပြီး သစ်ခွပန်းမျိုးစုံကိုလည်း သူမတို့ ၏ ဆံထုံးများတွင် ပန်ဆင် ထားကြသည်ကို တွေ့ ရလေသည်၊၊ ညီလာခံ ကျင်းပရာ ခန်းမဆောင်ကြီးထဲတွင် အသီးသီးနေရာယူပြီး နောက် မင်းတရားကြီး ကြွတော်မူလာမည့် အချိန်ကို စကားတပြောပြောဖြင့် စောင့်ဆိုင်းနေကြလေ သည်၊၊
တချို့ က မင်းတရားကြီးကို မျက်မြင်ကိုယ်တွေ့  ဖူးတွေ့ ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှား နေကြသည်၊၊ တချို့ က ဤမျှ ကြီးကျယ် ခမ်းနားသည့် ညီလာခံခမ်းမကြီးကို တောင်ကြည့် ၊ မြောက် ကြည့်ဖြင့် အလုပ်ရှုပ်နေကြသည်၊၊ နောက်တန်းမှာ နေရာရသည့် ကိုယ်စလှယ်တော်ကြီးများ၊ အမတ် မင်းများအတွက် မင်းတရားကြီးကို အနီးကပ်ဖူးမျှော်နိုင်ရန် တီဗွီကြီးများဖြင့် စီစဉ်ထားရှိသည်၊၊ မဟာဂီတ ကောင်ကင်ကြိုး သီချင်းကြီး တေးသံက ညီလာခံနှင့် လိုက်ဖက်လွန်းလှသည်၊၊
“ ထက်ကောင်းကင် ကျွန်းကိုလှ့  ထက်ကောင်းကင် ကျွန်းကိုလှ့ မင်းတရားရယ့့် လေး ရွှေ့ပြောင်းကာ့  စံခဲ့သော့့်  ဟေ့ လာ ယောကျာ့်း့  ဘာသာ လေလေ”
နောက်တန်းတွင်ရှိသော အမတ်မင်းက ဘေးတွင်ရှိသော အမတ်မင်းကို “ကျုပ်တို့ အညာ မှာတော့ အဲ့ဒီသီချင်းမျိုးက ဘုန်းကြီးတွေ ပျံလွန်တော်မူတဲ့အခါ နိဗ္ဗာန်ကျောင်းချမှ ဆိုတဲ့ သီချင်းနဲ့ တူများနေသလားလို့ ” အမတ်မင်းစကားမဆုံးမှီ ဘေးတွင်ရှိသော အမတ်မင်းက တတောင်ဖြင့် တချက်တို့ လိုက်ပြီ့း့ 
“ သူဘာသာ ဘာသီချင်းချင်းဖြစ်ဖြစ် အမတ်မင်း တို့ ပါးစပ်တွေ့  ပိတ်ထားရင် ကောင်းမယ် ထင်တယ့့်  တော်ကြာ့ ရွှေနားတော် ပေါက်သွားမှဖြင့် ကိုယ်ကျိုးနည်းရချေရဲ့ ”
“ အဲသည်လောက်တောင် ကြောက်မနေပေါင် ၊ သူ့ ဝေဖန် တာမှတ်လို့  သီချင်းဝေဖန်တာ ပဲ အမတ်မင်းရဲ့  ၊၊ ဒါနဲ့ သီချင်းခွေ မှားဖွင့်တာလဲ ဖြစ်နိုင်တာပဲ့ ”
“အမလေး အမတ်မင်းရယ့့် သူတို့  မှားဖွင့် တာကလဲ အခုမှ မဟုတ်ဘူ့  မှားဖွင့်လာတာ နှစ်တွေလည်း မနည်းတော့ဘူ့း့ ကျုပ်တောင် မှားဖွင့်ပြီး ဒီကိုပါလာတာကြည့့် ”
“နေစမ်းပါအုံ့း့  အမတ်မင်းရဲ့  အမတ်မင်းက ဘာကိုမှားဖွင့်တာလဲ့ ဆိုစမ်းပါအုံးဗျ”
“အင့်း့ ကျုပ်က ကျုပ်တို့ မြို့ မှာ စီးပွါးရေးလုပ်ငန်းရှင် ဆိုပါတော့ ၊၊ လုပ်ငန်းပေါင်းစုံလုပ် တာပေါ့ဗျာ ၊၊ အဲတာ့  အနှိပ်ခန်းတွေ ၊ ဟိုတယ်တွေလည်းဖွင်းထားပါရဲ့ ၊၊ လုပ်တုန်းကတော့ ရိုးရိုး ဖွင့်တာ ပါပဲ၊၊ ဒါပေမဲ့ နောက်ပိုင်းအလုပ်ကမဖြစ်တော့ ကြံ့ ခိုင်ရေးနဲ့ ပေါင်းပြီး ရှယ်အနှိပ်ခန်း၊ ရှယ်ဟိုတယ် တွေ ဖွင့်လိုက်တာ နောက်ဆုံးတော့ ကြံ့ ဖွံ့ အမတ်မင်း အနေနဲ့  အရွေးခံဖို့  ဖြစ်လာတာဘဲဗျို့ ”
နောက်တန်းမှ အမတ်မင်းများ တီးတိုးပြောဆိုနေစဉ် မင်းတရားကြီး ကြွလာပြီဖြစ်ကြောင်း ကြေညာလေသည်၊၊ ဘေးတွင်ရှိသော အမတ်မင်းက့ 
“ကျုပ်ပဲ မျက်စေ့မကောင်းတာလာ့း့ ဘာလားတော့ မသိဘူး၊၊ မင်းတရားကြီး စီးလာတာ လားကြီးလား ၊၊ ဆင်ကြီးလားဗျ၊၊ ဘာကြီးလဲ၊၊ ဖြူဖြူဖွေးဖွေး ဆိုတော့ ဆင်ဖြူကြီးလားမှတ်တယ်ဗျာ ”
“ ဟုတ်တယ်ဗျ့ တကယ့်ဆင်တော့မဟုတ်ဘူး ၊၊ ဆင်ဖြူရုပ်ကြီး ကို စီးလာတာ”
“တယ်လဲ့  ဘုန်းကြီးသကိုးဗျ့  ဒီနေ့ ညီလာခံတော့ ဆင်ဖြူအကြောင်းနဲ့ ပြီးမယ် ထင် သပဗျာ့ ”
မင်းတရားကြီး နေရာယူပြီးသည့်နောက် ညီလာခံစလေသည်၊၊
“မင်းကြီမျာ့း့ ”
“ဘုရာ့း့  ဘုရား ”
“အေ့း့  မင်းကြီးတို့  သိတော်မူပြီးတဲ့အတိုင့်း့  ငါကိုယ်တော်နဲ့ ထိုက်တန်တဲ့ ဆင်ဖြူ ရတနာကိုတော့ ရပြီကွဲ့  မောင်မင်းတို့  ၊၊ တိုင်းပြည်ကြီးလဲ သည့်ထက် စည်ပင်သာယာဝပြောဖို့  သာ ရှိပေတယ်မောင်မင်း၊ အခု မင်းကြီးများဟာလဲ နယ်ပယ်စုံကနေတက်ရောက်လာတာဆိုတော့ ငါကိုယ်တော်အနေနဲ့  အထူးတိုက်တွန်းလိုတာကတော့ လာမဲ့ပွဲမှာ အနိုင်ရဖို့  မင်းကြီးတို့ ရဲ့ တာဝန် ပဲ မဟုတ်လား”
“မှန်လှပါ ဘုရား ”
နောက်တန်းအစွန်တွင် ထိုင်ပြီး ခစားနေသည့် အမတ်မင်းက ဘေးတွင် ခစားနေသည့် အမတ်မင်းကို တံတောင်ဖြင့် တို့ လျှက့့် နား နား ကပ်ခါ့ 
“အမလေ့း့ မစားရ ၀ခမန်း ပြောနေတာ့  ဆင်ဖြူပေါ်တာနဲ့  တိုင်းပြည်သာယာတာ ဘာဆိုင် တာ မှတ်လို့ ၊၊ အခုခေတ် ဆင်နဲ့  စစ်တိုက်လို့  ရနိုင်ကောင်းရဲ့ လားဗျ ၊၊ ကိုယ့်ပတ်ဝန်းကျင် နိုင်ငံတွေ လဲပြန်ကြည့်ပါအုံး”
ညီလာခံကြီးတခုလုံး ၀ါးလုံးကွဲမတက် ရယ်သံများထွက်လာလေသည်၊၊ ရယ်သံကြောင့် အမတ်မင်းနှစ်ဦးလည်း စကားပြောရပ်သွားသည်၊၊ ခုံနှစ်လုံးကြားတွင် တခုစီတပ်ဆင်ထား သည့် မိုက်ခရိုဖုန်း မှ သူတို့ နှစ်ဦး၏ အသံ ညီလာခံခမ်းမကြီးတခုလုံး ပျံ့ သွားခြင်းဖြစ်ကြောင်း သတိထား မိ လေသည်၊၊ ပြဿနာတော့ စလေပြီ ၊၊
“ တောက့့် ဒီ သောက်မိုက် တပ်ထားတာ ဘယ်မြင်မတုံး၊၊ ကျုပ်က နားနားကပ်ပြောတော့ ဒီမိုက်ခွက်ရှေ့  တည့်တည့်ပြောသလိုဖြစ်ပြီး အခုတော့ အကုန်လုံးကြားကုန်ပြီ ”
စပီကာကြီးများမှ ထပ်ထွက်လာသည့် အသံကြောင့် ညီလာခံတခုလုံး အသောမသတ် ထပ်ရယ်ကြ ပြန်လေသည်၊၊ ထို့ နောက် မင်းတရားကြီးထံမှ အသံထွက်လာသည်၊၊
“ကဲ့ အဲသည် နှစ်ကောင် ထစမ်းပါဦး”
ပြောမိသည့် အမတ်မင်းနှစ်ဦးလည်း လက်အုပ်ချီလျှက် မတ်တပ်ရပ်လိုက်လေသည်၊၊ မင်းတရား ကြီးမျက်နှာ ယခင်ထက် ပိုဖောင်းလာသယောင်မြင်နေရသည်၊၊ အသက်ရှုပင် မှန်ပုံမရ၊၊ ထို့နောက် မဲ့  ပြုံးလေး တချက်ဖြင့် ထုံးစံအတိုင်း ထီစံ၊ နန်းစံ စကားများကို မိန့် တော်မူလေသည်၊၊
“မင်းတို့  က ဘယ်ကလဲ ”
“ကျနော်မျိုးကြီးတို့ က အထက်ဗမာပြည် ကျောက်ဆည်မြို့ ကြံ့ ဖွံ့  အသင်းက ၀င်ပြိုင် မဲ့ အမတ်မင်းများပါဘုရား ၊၊ အခုလို နေပြည်တော်ညီလာခံထဲ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ အညာသားအမတ် မင်းများ ဖြစ်သည့်အတွက် ပြောမှား ဆိုမှားများဖြစ်ခဲ့ လျှင် မင်းတရားကြီး သည်းခံ ခွင့်လွှတ်ပေးတော်မူပါဘုရား”
”အေ့း့ အေ့း့  ငါ့နယ်သားများဖြစ်တာကတကြောင့်း့ အခုအချိန်က ၂၀၁၀ ရွေးကောက် ပွဲအတွက် အင်္ဂလိပ်လိုပြောရရင် အဲ့  ကံဘိမ်(ဃောစငေါည) များပြုလုပ်နေတာက တကြောင်း၊ ဆင်ဖြူရှင်ဘုရင်ရယ်လို့  ဘိသိတ်ခံနေတဲ့ မင်္ဂလာယူတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် ငါကိုယ်တော် သည်းခံ ခွင့်လွှတ်လိုက်မယ် မောင်မင်းတို့  ကဲ ထိုင်စေ၊၊ ထိုင်စေ”
“အမိန့် တော်အတိုင်းပါဘုရား”
အမတ်မင်းနှစ်ဦးကိစ္စပြီးတော့ ရှေ့ ဆုံးတန်းတွင် ခစားနေသည့် ၀န်မင်းချုပ်ကြီးမှ သံတော် ဦးတင်လေသည်၊၊
“ယနေ့ ညီလာခံဟာ လာမဲ့ရွေးကောက်ပွဲအတွက် မင်းတရားကြီးရဲ့  အဆုံးအမ သြ၀ါဒ တွေ ခံယူဖို့ ပဲ ဖြစ်ပါတယ်ဘုရား၊၊ ကျနော်မျိုးကြီးနဲ့ တကွ အခုခစားနေတဲ့ အမတ်မင်းများကို ၂၀၁၀ ပွဲမှာ အနိုင်ရဖို့ အတွက် ဘယ်လို ဘယ်ပုံမဲဆွယ်ရမယ်ဆိုတာကို ရှင်းပြပေးတော်မူပါဘုရား၊၊ အခုကြား နေရတဲ့ အခြေအနေ အရဆိုရင်တော့ ကျနော်မျိုးကြီး ပြိုင်ရမှာ ကြောက်တယ် ဘုရား ”
“ ဟိတ့့်  တော်တန်တိတ် ၊၊ နမိတ်မရှိ နမာမရှိတဲ့ စကား မောင်မင်းမို့ ပြောထွက် ပေတယ်၊ဒီလောက်တောင်ကြောက်နေရင် ရော့  မောင်မင်းဝတ်ဖို့  မိဘုရားကြီး ထမီတထည်ယူသွား”
မင်းတရားကြီးလက်တဖက်က ဘေးတွင် အတူထိုင်နေသည့် နန်းမတော်ကြီး ပေါင်ပေါ်သို့ ၀ဲလျှက် ဆွဲချွတ်တော့မည့် ဟန်ပြင်လိုက်သည်၊၊
“နင်နော့့်  ပြောစရာရှားလို့  ငါ့ ထမီနဲ့  ဒင်း တန်းလို့ လာ့း့  ရာရာစစ့ ဟင်း ”
မျက်နှာထိ မျက်နှာထားဖြင့် နန်းမတော် မိဖုရားခေါင်ကြီးက မင်းတရားကြီးဘက်သို့ လှည့်ပြီး ပြောလိုက်သည်၊၊ မင်းတရားကြီးက ဟန်မပျက့့် 
“သွာ့း့  အခု သွားဝတ်၊၊ တောက့့်  မင်းတို့ ကို အစစအရာရာ သူများတွေထက် အကြောပေးပြီး လုပ်စားစရာ စီးပွါးရေးအဆင်သင့် ၊ လုပ်စားစရာ ရုံးခန်း အဆင်သင့်၊ လုပ်စား စရာ ရံပုံငွေ အဆင်သင့် ၊ လုပ်စားစရာ လူအင်အား အဆင်သင့်နဲ့ ကိုယ်လုပ်ချင်သလို လုပ်လို့ ရတဲ့ ရွေးကောက်ပွဲမျိုး ကမBာမှာ ပတ်ရှာကြည့် ၊၊ ခြေညောင်း ပြီး လေယဉ်ပျက်ကျရင်သေတဲ့ အထဲအစစ် ပါသွားမယ်၊၊ဒါမျိုးတွေ ဒီမှာပဲရမယ်၊၊ မင်းနားလည်လား၊၊ ဒီလို ရေကန်အသင့်၊ ကြာအတင့်၊ ဆင်ဖြူအသင့် နဲ့  အသင့် အသင့်တွေ ပတ်လည်ပေးထားရက်နဲ့  ရှုံးရင်တော့ မင်းတို့  ညံ့တာဘဲ၊၊ ကြံ့ခိုင်ရေး အသင်းကြီး
ဆိုရင် ပြည်သူက ကြည်ဖြူပြီးသား၊၊ ပြည်သူကြည်ဖြူအောင်လဲ ဒီပဲယင်းလို နေရာမှာ တသက်တာ မေ့မရတဲ့ လူမှုရေးလုပ်ငန်းတွေ ၊ ပခုက္ကူမြို့ လမ်ဘေးဓါတ်တိုင်မှစလို့  တနိုင်ငံလုံး ပြုလိုက်ရတဲ့ သာသနာပြု လုပ်ငန်းတွေ ၊ အခုနှစ် ပြည်သူတွေရဲ့ ရေးပေးလှူရေးလုပ်ငန်း တွေမှာ အလံထောင် ၊ ဓါတ်ပုံရိုက်တဲ့ လုပ်ငန်းတွေ လုပ်ပြထားတာကိုးကွ၊၊ အေ့း့  အဲ့ဒီအကျိုးဆက်အနေနဲ့  နိုင်ငံသူ နိုင်ငံသားတွေရဲ့ တောင်းတချက်နဲ့  အသင်းကြီးရဲ့ အမွေကိုဆက်ခံဖို့ ကြံ့ ခိုင်ပါတီကို ထောင်ရတာဘဲဟေ့ ၊၊ နောက်ဆုံး ငါကုန်ကုန်ပြောမယ် နိုင်ရင်လဲ နိုင်ရမယ်ကွ၊ ရှုံးရင်လဲ နိုင်ရမယ်ကွ ၊၊ ”
“ဒါကတော့  ဒါပေါ့ဘုရာ့း့  ကျ့  ကျ့ နော်မျိုးကြီးပြောတာက ဘယ်လိုမဲဆွယ် ရမလဲ ဆိုတာကိုပါဘုရား ၊၊ မင်းတရားကြီးတုန်းက ဘယ်လို မဲဆွယ် ခဲ့သလဲ ဆိုတာလေးကို ကျနော်မျိုး ကြီးတို့ သိရအောင် ရှင်းပြပေးတော်မူပါဘုရား ”
“ အေ့း့  တယ်လဲ့ အ့ တဲ့  ကောင်တွေကိုးကွ့  ဟုတ်လား၊၊ သက်ဦးဆံပိုင် ဘုရင် ဆိုတာ သူ့ ဘုန်းနဲ့ သူ ၊ သူ့ ဖြစ်ချိန်တန်လို့ ဖြစ်ရတယ် ကွယ်တို့  ၊၊ အင့်း့  ငါကိုယ်တော် ဖြည့်ကျင့် ခဲ့ တဲ့ ပါရမီတွေ အကျိုးဆက်ပေါ့ ၊၊ အခု ငါ့ပါရမီကြောင့် ဆင်ဖြူမကြီး ပေါ်ထွန်းလာခဲ့တယ်၊၊ အခုဆိုရင် တို့ နိုင်ငံမှာ ဆင်ဖြူ သုံးစီးတောင်ရှိပြီ မောင်မင်းတို့ ၊၊ ဟိုအရင် ၀န်ကြီးချုပ်ကတော့ ဆင်ဖြူကန်လို့  ထောင်နန်းစံနေရပြီ၊၊ ပေါ်လာတာကို မသုံးတတ်တော့ ခံရပေမယ်ပေါ့ ၊၊ နောင်ဆိုရင် တို့ တိုင်းသူပြည် သားတွေ အလုပ် လုပ်စရာမလိုတော့ဘူး၊၊ တ လိုက်တာနဲ့  ရစေမဲ့ ခေတ်ကို ရောက်စေရမယ် ၊၊ စပါးရွှေ ၀ါတောင်လိုပုံလို့  ရွှေငွေ ဥစ္စာတွေ တွင်းထဲက ခပ်ယူသလို ရတော့မယ့့် အေ့း့  မင်းတို့  အဲဒါ တွေကိုသာ နာနာပြောပြီး မစားရ၀ခမန်း အဲ့  ယောင်လို့  အားရ ပါးရပြော စည်းရုံး ကြပေတော့မောင်မင်းတို့ ”
“မှန်လှပါ့  ဘုန်းတော်ကြီးမြတ်လှကြောင်းပါဘုရား”
ထို့ နောက် ရွေးကောက်ပွဲ ကော်မရှင်တော်ကြီးက လက်နှစ်ဖက်ကို နဖူးအထက်တွင် တင်ကာ မျက်စေ့ စုံမှိတ်လျှက် အောက်ပါအတိုင်းလျှောက်ထားပြန်သည်၊၊
“ကျေးဇူးရှင်ကြီး ဘုရာ့း့  ဘုန်းတော်အနန္တ့  ဥာဏ်တော်အနန္တ့  တန်းခိုးတော် အနန္တ နဲ့  ပြည့့် ပြည့့် စုံ”
ကန်တော့ခန်း မဆုံးသေးမီ မင်းတရားကြီး အသံကြောင့် ကော်မရှင်တော်ကြီးလည်း အရှိန် ပျက်သွားလေသည်၊၊
“ဟဲ့  မောင်မင့်း့  ရုးများနေသလားဟဲ့  အင့်း့ နေ့ ခင်းကြောင်တောင် မိုးကြိုး ပစ်တော့မှာပဲ့  ဘုရားရှိခိုးမှန်းမသိ့  ဘုရင်ရှိခိုးမှန်းမသိနဲ့ ”
“မှန်လှပါဘုရာ့း့  ကျနော်မျိုးကြီးလဲ ရရာ့  ကန်တော့ခန်းနဲ့  ကန်တော့မိတာပါဘုရား
သည်းခံတော်မူပါ့ဘုရား၊၊ အခုဆိုရင် ရွေးကောက်ပွဲဝင်မဲ့  အမတ်မင်းတွေ ကျနော်မျိုးကြီးတို့ ကော်မရှင်ရဲ့ ကျေးဇူးကြောင့် စည်းရုံးရေးလုပ်ငန်းတွေမှာ အဆင်ပြေချောမွေ့ လျှက်ရှိကြောင်းပါဘုရား၊၊ လူစုလူဝေး နဲ့  စည်းရုံးရေး မလုပ်ရဆိုတော့ သူတို့ ခမျာ ဇွဲမလျှော့ရှာဘူး၊၊ ပိုက်ဆံမရှိလို့ ဆိုပြီး ငြီးတဲ့လူက ငြီး၊၊ ရတဲ့နေ ရာကနေ လုပ်မယ်ဆိုပြီး တအိမ်ဆင်း တအိမ်တက်နဲ့  စည်းရုံးနေကြပါတယ် ဘုရား၊၊ ပါးစပ်ကလည်း ပွစိပွစိနဲ့  ဟိုမီဒီယာက မေးရင် မတရားဘူးလို့ ဖြေလိုဖြေ ၊ ဒီမီဒီယာကနေမေးရင် ကြံ့ဖွံ့ ပါတာကို အပြစ်ပြောလိုပြောနဲ့  စကားပေါင်းစုံ ကြားနေရပါတယ် ဘုရား”
“အေ့း့  တယ်လဲရှက်ဖို့ ကောင်းသကိုး မောင်မင်းရဲ့  ၊၊ မတရားဘူးထင်ရင် ၀င်မပြိုင်ပဲ နေလိုက်ကြပေါ့ ၊၊ မကျေနပ်ရင် ၀င်မပါကြနဲ့ ပေါ့ ၊၊ ရှင်းရှင်းလေးပဲ ၊၊ ဘာလာရှုပ်နေတာလဲ ၊၊ အေ့း့  ၀န်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ကွာ ၊၊ ကဲ့ ငါကိုယ်တော် နာယက လုပ်ထားတဲ့ ကြံ့ခိုင် ရေးပါတီထဲ ၀န်ထမ်းတွေ ပါတယ်ကွာ၊၊ စစ်ဝန်ထမ်းတွေ လွှတ်တော်ထဲ ပါအုံးမယ်ကွာ၊၊ ဘာဖြစ်လဲ၊၊ ငါမကြိုက်ရင် ချက်ချင်း အာဏာပြန်သိမ်းလို့ ရတယ်ကွာ၊၊ လူသတ်ချင်သလောက်သတ် နောက်ကြောင်း ပြန် တရားဆွဲခွင့် မရှိဘူးကွာ ၊၊ မတရားဘူးလို့ ပြောတဲ့သူတွေ မတရားတာသိရင် ငါနဲ့ ကင်းအောင်နေ ကြ၊၊ ငါဘုရင် ၊ ငါ့ တိုင်းပြည် ၊ ငါ လုပ်ချင်သလို လုပ်မယ်ကွာ ၊၊ ဘာဖြစ်သေးလဲ”
ညီလာခံပြီးခါနီးအချိန်တွင် မင်းတရားကြီး၏ ဆင်ထိန်းကြီး ညီလာခံသဘင်အတွင်းသို့  ၀င်လာပြီး ခစားလေသည်၊၊
“ဘာ ကိစ္စတုံး မောင်မင်း သံတော်ဦးတင်စမ်း ဟဲ့ ငါ့ ဆင်မကြီး ဘာဖြစ်သလဲ ထိတ် ထိတ်ပြာပြာ ဖြစ်လိုက်တာနော့့်  မောင်မင်း”
“မှန်လှပါဘုရာ့း့  အခုအသက် အရွယ် ၃၈ နှစ်ရှိတဲ့ ဆင်ဖြူမကြီးဟာ အစားအစာ ကောင်းများကို ကျွေးပါသော်လည်း မစားပါဘူး ဘုရား၊၊ တအင့့် အင့် နဲ့  အော်ပြီး တိရစြွာန်တို့  ရဲ့ ဘာသာ ဘာဝ သဘောအရ ကိုယ်ဝန်ဆောင်ရမဲ့ အချိန်တန်နေပါပြီ ဘုရာ့း့  ကျနော်မျိုးကြီးတို့  ဆီမှာရှိတဲ့ ဆင်ဖြူတွေက အသက်ကြီးနေတဲ့အပြင် လှူတာတွေစားလို့  ၀ဖြီးနေပြီး မစွမ်းတော့ ကြောင်းပါ ဘုရား၊၊ ဆင်မဲ နဲ့ ဆိုရင်ကော ဖြစ်နိုင်ပါ့မလား ဘုရား ”
“ ဟယ့့် တယ်မိုက်တဲ့  ဆင်ထိမ်းပါလား၊ ဆင်ဖြူနဲ့ ဆင်မဲ တူသလား တန်သလားဟဲ့ မောင်မင့်း့  ကဲ့ ကဲ့ ပြောနေကြာရော့မယ့့်  အဲဒီဆင်မကြီးကို ငါကိုယ်တော် အဆောင်ထဲ သွင်းလို့  ငါကိုယ်တိုင် -ုပ် လိုက်မယ် ဆင်ဖြူသားလေးတွေ ဖြစ်စေသတည်း”
မင်းကြီးညီလာခံအဆုံးတွင် ကျောက်ဆည်အမတ်မင်းနှစ်ဦး တံတောင်ဖြင့်တွတ်လျှက် “ကျုပ် တို့  ဘုရင်က ကျောက်ဆည်သားဆိုတော့ ဆင်သားလည်းကြိုက်သဗျို့ ” ဟုပြောရင်း ညီလာခံကြီး တခုလုံး တိရစြွာန်စကား များဖြင့် အဆုံးသတ်လေသည်၊၊
ကော့သား

No comments:
Post a Comment