မင်းကြီးမျာ့း့ 
ဘုရာ့း့  ဘုရာ့း့ 
အင့်း့  နိုင်ငံတော်အတွင်းမှာ နှစ်ဦးကာလ အတာသင်္ကြန်မှာ့ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ဆိုပြီး တအုံးအုံး နဲ့ ပေါက်လိုက်တဲ့ ဗုံးတွေ့  ဘယ်လိုများ ဖြစ်ရတာလဲ ကွယ်တို့ ၊၊
မှန်လှပါ့  ဘုန်းတော်ကြောင့်ပါ ဘုရား၊၊
ဟဲ့  ငါ့ ကိုယ်တော်ရဲ့  ဘုန်းနဲ့  ဗုံး ဘာဆိုင်လို့ လဲ့  မောင်မင်း၊၊
မှန်လှပါ ဘုရာ့း့  ဆိုင်မဆိုင်တော့ မသိကြောင်းပါ ၊၊ ဤနေ့  ဤရက် ဤ အချိန်မှာ ပေါက် ရမယ်လို့  နေပြည်တော်ထုတ် မဟာသင်္ကြန်စာမှာ ရေးထားတဲ့ ယတြာအရ ကျနော်မျိုးကြီးတို့ စီစဉ်လိုက်တာပါဘုရား၊၊
အေ့း့  အေ့း့  ယတြာကောင်းရင် မင်းလောင်းတောင်ပျောက်တယ် ဆိုတဲ့ စကား ရှိတယ် မဟုတ်လား မောင်မင့်း့  ချေကြ ၊ မှုန်းကြ့ အဲ့  ယောင်လို့ ၊၊
အေ့း့ ဒါနဲ့  မောင်မင်းတို့ ဘယ်ကို မြှားဦးလှဲ့ ဖို့  လုပ်ထားသလဲကွဲ့ မောင်မင်း၊၊
မှန်လှပါဘုရာ့း့ အခုအမှုက နည်းနည်းကြီးတယ်ဆိုတော့ အရင်လို ဖြစ်သလို ကရင်နဲ့ ကျောင်းသားတွေ့  ဖက်ချည်း လွှဲချလို့ မဖြစ်သေးပါဘုရား၊၊ မီဒီယာတွေမှာတော့ အဖျက်သမား ဆိုပြီး လောလောဆယ် ဘုံနာမည်တပ် ငါးမိနစ်တခါ ထုတ့်လွှင့်ပြသထားပါတယ် ဘုရား၊၊ တစ်ချက်ခုတ် အကုန်လုံးပြတ် ဆိုသလို အခြေအနေအရ မီးအုံ ထားတာပါဘုရား၊၊ နောက်ပိုင်းရွေးကောက်ပွဲနဲ့  ပတ်သက်လို့  ခမောက်တွေ ဟိုလုပ် ဒီလုပ် လုပ်လာရင်တော့ ကျနော်မျိုးကြီးတို့  သင်္ကြန်ဗုံးကို အကြာင်း ပြုလို့  အကုန်လုံးကို ဆွဲစားဖို့  လုပ်ထားကြောင်းပါ ဘုရား၊၊ ကချင်မှာပေါက်တဲ့ ဗုံးကိုလည်း မင်းတရား ကြီး စကားနားမထောင် ၊ နယ်ခြားစောင့်တပ် ဖွဲ့ ဖို့  ခေါင်းမာနေတဲ့ ကေအိုင်အိုအတွက် ထောင်ချောက် ဆင် ထားကြောင်းပါဘုရား၊၊
အေ့  တယ်လဲ့  ထူးချွန်ထက်မြတ်လှချေလား မောင်းမင်းတို့ ၊၊
မှန်လှပါ့ မင်းတရားကြီး လက်ထက်တော်မှ ဘုန်းတော်ကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံ ရေးသုခမိန်များ ဖြစ်သောကြောင့်ပါ ဘုရား၊၊
အေ့း့  ဒါနဲ့  ငါကိုယ်တော် ရေးလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ အခြေအနေရော ဘယ့် နှဲ့ လဲ့ မောင်မင်းတို့ ၊၊
အင့်း့  အခုနေတော့ ပြည်ပနဲ့ ပြည်တွင်းမှာ မတရားဘူး ဆိုတဲ့ အသံတွေ ထွက်နေပါ တယ်ဘုရား၊၊
အယ့့်  တယ်လဲ မိုက်ကြပေးကို့း့  ငါကိုယ်တော် ၊ ငါဘုရင် ၊ ငါ့ ဖာသာ တိုင်းပြည် ဘယ်နှစ်ပတ် ပတ် ၊ ဒင်းတို့ နဲ့  ဘာဆိုင်လဲ့  ရွေးကောက်ပွဲ လုပ်ပေးတာတောင် လွန်လှပြီ့ ၊၊
မှန်ပါဘုရာ့း့ ကျနော်မျိုးကြီးတို့  ပြည်တွင်းအတွက်ဆိုရင်တော့ ရွေးတာတို့ ၊ ကောက်တာ တို့  ဘာမှ မလုပ်လည်း ကျနော်မျိုးကြီးတို့  ပြည်သူ ပြည်သားတွေက ဘာမှပြောတာမှတ်လို့ ၊၊ ဒါပေမဲ့ ပြင်ပကမBာက လက်ခံအောင်လို့  ဒါတွေကို အဖြစ် လုပ်ပြနေရတာ ပါဘုရား၊၊ အခုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်နေပါတယ်ဘုရား၊၊ ခမောက်တွေက မပါဘူးဆိုတော့ ပွဲက မလှဘူးဖြစ်နေတယ် ဘုရား၊၊ သူတို့ သာ ပါရင် ပွဲက လှပါတယ် ဘုရား၊၊ တစ်ချက်ခုတ် အကုန်လုံးပြတ့့်  ပွဲသိမ်းကြောင်းပါ ဘုရား၊၊
ဟဲ့ တစ်ချက်ခုတ် ဆိုတာ ဘာလဲ့  မောင်မင်း၊၊
မှန်လှပါဘုရား၊၊ ခမောက်တွေသာ ဒီကွင်းထဲ ၀င်လာရင် ပွဲက ပြီးပါပြီ ဘုရား၊၊ ပါတီ မှတ်ပုံ တင်လိုက်တာနဲ့  ကမBာကမတရားဘူးလို့ ပြောနေတဲ့ ရွေးကောက်ပွဲ ဥပဒေက သူဘာသာ အလိုလို တရားသွားပါလိမ့်မယ် ဘုရား၊၊ လောင်းကစားသမား စကားနဲ့  ပြောရရင်တော့ ခေါင်ထိ အကုန်စား လိုပါဘုရား၊၊ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ် သူဖာသာ သူ ဖျက်သလိုဖြစ်၊ သူ့ ခေါင်းဆောင်တွေကို ထောင်ချထားတာ တရားသဖြင့် ပြုသလိုဖြစ်၊ ကိုယ့်ခေါင်းဆောင် ကိုယ်ဘာသာ ကိုယ်ထုတ်သလိုဖြစ်၊ ဖျစ့့်  ဖျစ့့်  ဖျစ့့်  နဲ့  အမလေး အသဲယားစရာကြီးပါဘုရား၊၊
အေ့း့  အဲ့သည်လောက် ယားစရာကြီး ဖြစ်တာတောင် ဘာဖြစ်လို့  မ၀င်ရေးဘက်က နိုင်ရသလဲ မောင်မင်းရဲ့  သံတော်ဦးတင်စမ်း၊၊
မှန်လှပါဘုရာ့း့  မင်းတရားကြီး ရွေးကောက်ပွဲ ဥပဒေလည်း ထုတ်လိုက်ရော ကျနော်မျိုး တို့  တိုင်းပြည်မှာ နိုင်ငံရေး စကားလုံးအသစ်တွေ ထွက်လာပါတယ် ဘုရား၊၊ ကိုလိုနီခေတ်မှာတောင် မရှိသေးတဲ့ စကားတွေပါဘုရား၊၊ ဘာတဲ့ ၊၊ “ခေါင်းပြတ် နိုင်ငံရေး”နဲ့  “ခြေပြတ် လက်ပြတ် နိုင်ငံရေး” လို့ ဆိုပါတယ် ဘုရား၊၊ ကျနော်မျိုးကြီးတို့  ခင်းထားတဲ့ လမ်းအတိုင်းလျှောက်ရင် “ခေါင်းပြတ် နိုင်ငံရေး ” လို့  ခေါ်ပြီး ဆန့် ကျင်ရင်တော့ ““ခြေပြတ် လက်ပြတ် နိုင်ငံရေး”ဖြစ်မယ်လို့ ဆိုပါတယ်ဘုရား၊၊
အေ့း့  နေပါအုံး မောင်မင်းရဲ့  ငါတို့  နေပြည်တော်မှာ လုပ်နေတဲ့ နိုင်ငံရေးကရော ဘယ် အမျိုးအစားထဲမှာ ပါသလဲ မောင်မင်း ၊၊
မှန်လှပါဘုရား၊၊ ကျနော်မျိုးကြီးတို့  နေပြည်တော်ရဲ့  နိုင်ငံရေးကတော့ ကမBာမှာ ဘယ်နိုင်ငံ မှာမှ အသုံးမပြုသေးတဲ့ “တကိုယ်လုံးပြတ်” ဆိုတဲ့ နိုင်ငံရေးပါဘုရား၊၊ ကျနော်မျိုးကြီးတို့ က ဒီအခြေ အနေကို ဆက်ထိမ်းထားနိုင်ရင် ပြည်သူတွေ တကိုယ်လုံးပြတ် ပါမယ်ဘုရား၊၊ အဲ့သည်လိုမှ မဟုတ်လို့ မထိမ်းနိုင်ရင်တော့ ကျနော်မျိုးကြီးတို့ ပြတ်ပါမယ် ဘုရား၊၊
အေ့း့  တယ်လဲ ရှုပ်ထွေး တဲ့ နိုင်ငံရေး လောကပါလား ကွယ်တို့  ဟူး၊၊
မင်းတရားကြီးက သက်ပြင်းတချက် မှုတ်ထုတ်လိုက်သည်၊၊ ဘေးတွင် ခစားနေသော အိမ်ရှေ့ စံ မင်းသား ကြီးက “ဟင့်း့  ငါ့ အကွက်တော့ ဆိုက်ပြီ ဆိုသည့် အတွေးဖြင့် ”
“မှန်လှပါဘုရား ၊၊ နောက်ပိုင်းဆိုရင်သည့်ထက် ပိုပြီး ရှုပ်ထွေးလာမဲ့ အရေးတွေကြောင့် မင်းတရားကြီးကျန်းမာရေးအတွက် အနားယူသင့်ကြောင့်ပါဘုရား၊၊ အေ့  ”
လေချဉ်အတက် ၀ီစကီအနံ့ က နန်းတော်ဆောင်အတွင်း ပျံ့ သွားသည်၊၊
တယ်လည်း မိုက်တာပဲ အိမ်ရှေ့ စံကြီး၊၊ မင်း အသာနေစမ်းပါ၊၊ မင်းလုပ်လို့  ဘာမှမဖြစ်ဘူး၊ ငါသွားရင် မင်းကိုလည်း ခေါ်သွားမှာပဲ၊၊ ငါရှိရင် မင်းရှိရမယ်ပေါ့ ၊၊ မင်းဘာသာ မင်း အေးအေးသောက် အေးအေးနေစမ်းပါ၊၊အခု ငါစာလေးနှစ်ကြောင်းရေးလိုက်တာနဲ့  ၉၀ ရလာဒ် ပျက်သွားပြီ၊၊ ငါ့လူတွေဒိုင် လုပ်ပြီး လာမဲ့  ရွေးကောက်ပွဲမှာ ရှုံးလို့ ကတော့ မင်းမပူနဲ့ ၊၊ စာလေးကြောင်းထက်ပိုရေးစရာမလိုဘူး၊
အခုရွေးကောက်ပွဲဆိုတဲ့ အနံ့လေးပေးလိုက်တာနဲ့  ၀င်လာလိုက်တဲ့ ပါတီတွေ၊၊ ငါတို့  အစိတ်သား ယူထားတာတောင် နဲသေး၊၊ ငါးဆယ်သား ယူထားလည်း ၀င်ချင်တဲ့ ပါတီက ၀င်မှာဘဲ၊၊ အတွင်းဝင်ပြီး ပူးသတ်မယ်လေး၊၊ ပင်းသတ်မယ်လေးနဲ့ ၊၊အမလေ့း့  ဖြစ်မှ ဖြစ်ရလေ ကွယ်တို့ ၊၊ လုပ်လာတဲ့ အမျိုး သားညီလာခံကိုပဲ ကြည့် ၊၊ အခြေခံဥပဒေကို ပူးပြင်မယ်လေ့း့  ပေါင်းပြင်မယ်လေး နဲ့  ညီလာခံလုပ်ထုံးနဲ့ ပိတ်လိုက် တော့ ဘယ်ကောင် ပါးစပ်ဟရဲ လဲ၊၊ မခံနိုင်ရင်ထွက်၊၊ ဆန့် ကျင်ရင်ဖမ်း၊၊ အမလေး ဟန်ကိုကျလို့ နောက်ဆုံး ဆန်ကျင့်တဲ့ကောင် နိုင်ငံရေးအကျဉ်းသမားတောင် ဖြစ်ပိုင်ခွင့်မရှိဘူး၊၊ မှတ်ထား၊၊ အဲဒါ ငါလုပ်တဲ့ နိုင်ငံရေးပဲ၊၊
မှန်လှပါဘုရား၊၊ ကျနော်မျိုးကြီး စိုးရိမ်တာက ရွေးကောက်ပွဲအရ တက်လာမဲ့ အစိုးရကို ကမBာ က အသိအမှတ်ပြုပါ့မလား ဘုရား၊၊
အဲမလေ့း့  ပူနိုင်ရန်ကော့  နိုင်ငံခြားဝန်မင်းရဲ့  ၊၊ ငါတို့  ၈၈ တုန်းက လူတွေသောင်းချီ သတ်ပြီး တက်လာတာတောင် ကုလသမဂ္ဂ က လက်ခံခဲ့တာပဲ၊၊ အရေးလုပ်လို့  ထွီ ၊၊
မှန်လှပါဘုရား၊၊ ကဲ့  ကဲ ၊၊ မင်းတရားကြီးလည်း ပန်းလှပြီ၊၊ ညီလာခံ ခဏနားလို့  နှစ်သစ် မင်္ဂလာ သင်္ကြန်မှာ မင်းတရားကြီးကိုယ်တော်တိုင် နေပြည်တော် ရေသဘင် မဏ္ဍပ်မှာ ရေအပတ်ခံဖို့ စီစဉ်ကြစေဗျာ၊၊
ဝန်မင်း၏ လျှောက်တင်သံကြောင့် မင်းတရားကြီး လန့် သွားလေသည်၊၊ လက်နှစ်ဖက်ကို ကာရင်း
“ အမလေ့း့ မလုပ်ကြပါနဲ့  မင်းတို့ သင်္ကြန်က့  ရေဗူးပေါင်းလောက်နဲ့ တင်ပစ်တာ မဟုတ်ဘူ့း့  တကယ် လက်ပစ်ဗုံးနဲ့ ပါ ပစ်တာဟ့  မသကာ ငါ့ ခေါင်းပေါ်ကျမှဖြင့့်  အမလေး ဘုရင်ကို့ အဲလိုတော့ မနောက်နဲ့  ဟ့ ဟီ့း့ ဟီး၊၊

ကော့သား
No comments:
Post a Comment