Monday, July 4, 2011
“လန်း”လိုက်ချင်သေးရဲ့ 
အမေရိကန်ကြီးပြန်တော့ စကားလက်ဆောင်တခုကျန်ခဲ့တယ် ၊၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တွေ မလုပ်ရင် မြန်မာနိုင်ငံအစိုးရဟာ အရှေ့ အလယ်ပိုင်းနိုင်ငံတွေလို အဖြစ်မျိုးနဲ့  ကြုံရနိုင်တယ်တဲ့ ၊၊ ဒီစကား အဓိပ္ပါယ်က ဘာလဲ ၊၊ ကလေးတောင်သိတယ် ၊၊ “အေ့း့  မင်းတို့ ဒီအတိုင်းဆက်သွားလို့ ကတော့ လူထုအုံ ကြွမှုတွေနဲ့  ကြုံရလိမ့် ”လို့  ဆိုလိုက်တာပါ ၊၊ အာဏာရှင် အဆက်ဆက် အကြောက်ဆုံးကအဲ့ဒါဘဲ ၊၊ ဦးနေ ဝင်းလဲ ကြောက်တယ်  ၊၊ ဗိုလ်စောမောင်လဲ ကြောက်တယ် ၊၊ ဗိုလ်သန်းရွှေလဲ ကြောက်တာဘဲ ၊၊ အခု ဦးသိန်းစိန် လဲကြောက်တာဘဲ ၊၊ ကြောက်ပါ တယ်ဆိုမှ အဲသည်လို အမေရိကန်ကြီးက မထိတထိလေး ကလိသွားတော့ ဦးသိန်းစိန်ရင်ထဲ ကလိကလိနဲ့  ကျန် ရစ်ခဲ့မှာတော့ သေချာပါတယ်၊၊ ကျန်ရစ်မယ်ဆိုရင်လဲ ကျန်စရာပေါ့၊၊
    ဟိုတလောက ဟန်လေး ကာတွန်းထဲမှာ ဗိုလ်သန်းရွှေ က ဦးသိန်းစိန်ကို လှေတစင်းနဲ့  ပင်လယ်ထဲ မျှောလိုက်တဲ့ ပုံပါတယ် ၊၊၊ တက်မ ကိုတော့ သူက ယူထားလိုက်တယ် ၊၊ လှေပေါ်မှာ ယက်ကန်ယက်ကန်နဲ့ ပါသွားတဲ့ ဦး သိန်းစိန် ဘယ်လောက်များ ဗျာ များလိုက်မလဲ ၊၊ စစ်တပ်ကျောထောက်နောက်ခံနဲ့  အာဏာရှင်ဗိုလ်သန်းရွှေ ကြိုးဆွဲရာ လိုက်ကပြီး သမတဖြစ်ခဲ့ရတဲ့ ဦးသိန်းစိန် ၊၊ သူ့ မှာ ဘာအာဏာမှ မရှိ ၊၊ လွတ်ငြိမ်းချမ်းသာခွင့်လေးတောင် လူပြော သူပြောလွတ်အောင် ထုတ်ပြန်ပေးနိုင်တဲ့ အနေအထား သူမှာမရှိ ၊၊ တွဲလုပ်ရတာက ဗိုလ်သန်းရွှေ ရဲ့  လက်ပါးစေတွေ ၊၊ ကာကွယ်ရေးဦးစီးချုပ် နဲ့  ဒုသမတ ရှစ်လုံးကြီး ၊၊ အဲသည်လို့ ညှပ်ထားတဲ့ ဂွင်ထဲ သူ့ ဘာမှ လုပ်လို့ မရဘူးဆိုတာ သူ့ ကိုယ်သူ သိတယ်၊၊ ဒါကြောင့် သန့် ရှင်းတဲ့ အစိုးရ တို့  ကောင်းတဲ့ အစိုးရတို့  ဆိုပြီး သူ့ မိန့် ခွန်းထဲ မရဲ တရဲ ထည့်ပြောသွားပေမဲ့  အပြောနဲ့ အလုပ် တထပ်တည်းကျဖို့ ဆိုတာ လွယ်တာမှတ်လို့ ၊၊
    အခုဘဲကြည့် ၊၊ သူ့ အစိုးရကြီးတက်လာမှ ၁၇ နှစ်လောက် ငုတ်တုတ်မေ့နေတဲ့ ပြည်တွင်းစစ်ကြီး ပြန်စနေပြီ ၊၊ သူဘယ်အဖြစ်ခံချင်ပါ့မလဲ၊၊ တိုင်းရင်းသားထဲက ဒုသမတ ရှမ်းကြီးလဲ ပြည်တွင်းစစ်ကို ဘယ်လိုတား ပေးနိုင်မလဲ ၊၊ “ကျနော်က ရှမ့်း့  အခုဖြစ်နေတာက ကချင်” လို့  ပြောချင် ပြောနေမှာ ၊၊ သူ့ ခမျာ ရွှေတိဂုံ ဘုရားသွားလိုက် ၊ ဟိုနေရာ ၊ ဒီနေရာ ငွေးလေးလှူလိုက်နဲ့  တခါတခါ သတင်းစာထဲမှာ ပါခွင့်ရတာက လွဲလို့ ဘာ အာဏာ ပါဝါမှ မရှိတာတော့သေချာတယ်၊၊ သေချာတာကတော့ ဦးသိန်စိန် ခေါင်း သည့်ထက်ပိုပြောင်တော့ မယ် ဆိုတာဘဲ ၊၊ သူ့ မှာ ဝိုင်းနေတဲ့ အပူမီးတွေက နည်းနည်းမှ မဟုတ်တာ ကလား၊၊ အုံနဲ့  ကျင်းနဲ့ ဗျို့ ၊၊
    သမတဖြစ်ပြီးပြီးချင်း အာဆီယံမှာ ဥက္ကဌ လုပ်ဖို့  ဝင်တိုးကြည့်တယ် ၊၊ ဖိလစ်ပိုင်နဲ့  စင်ကာပူက ဝိုင်း ဆော်လိုက်လို့  ဖင်ပိတ်ပြီး ပြန်လာရတယ်၊၊ တရုတ်ပြည်မသွားခင် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပေးတယ်၊၊ မျက် နှာမရ တဲ့အပြင် တကမBာလုံးက ဝိုင်းဆဲလို့  ခေါင်းတောင်မပြူရဲရှာဘူး၊၊ နောက်အမေရိကန်ကြီး လာပြီး ကလိ သွားတယ်၊၊ အီဂျစ် နဲ့ လစ်ဗျား လို ဖြစ်ချင်သလားတဲ့ ၊၊ ကြောက်ပါတယ်ဆိုမှ ဇွတ်လာခြောက်သွားသေးတယ်၊၊
အခု အိုင်အယ်လ်အို ကမBာ့ အလုပ်သမားအဖွဲ့ ကြီးက ရာဇသံပေးထားပြီ ၊၊ တနှစ်အတွင်း ပြည်တွင်းမှာ လွတ်လပ် တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့ ခွင့်ပေးရမယ်တဲ့ ၊၊ လူစုလူဝေးဆိုရင် ဘတ်စ်ကားတိုးစီးတာတောင် မကြိုက်တဲ့ အစိုးရသစ်ကြီး  လက်ထက်မှာ သမဂ္ဂတွေဖွဲ့ ခွင့်ပေးဖို့ ပြောတာဟာ ကိုက်တတ်တဲ့ခွေးကို သွားသွား“စ” နေသလို ဖြစ်မနေဘူး လား၊၊ ဒါက ကမBာနဲ့ ဆိုင်တဲ့ အပူတွေ ၊၊ ပြည်တွင်းမှာ ဝိုင်းနေတဲ့ အပူမီးကိုလဲကြည့်ဦး၊၊
    ဗိုလ်သန်းရွှေ “ရိုက်စား”လုပ်သွား တဲ့ ကြက်ဆူဆီလောင်စာ စီမံကိန်းကြီးက တကယ်လက်တွေ့ ကြ ပြန်တော့ ဘာမှ ဖြစ်မလာဘူး၊၊ “အင်” ကြီး ၊၊ အဲ့ဒီ “အင်” စီမံကိန်းကြီးကို အခုခေတ် စစ်ဗိုလ်ချုပ်တွေ နောက်ကနေ လိုက်လုပ်ပေးတာ သူတို့ ရဲ့  အရည်အချင်း အံ့မခန်းဆိုတာကို ပြလိုက်တာဘဲ၊၊ နောက်ဆုံးတော့ ကတောင်း ကျိုက်တခြား ၊ ဖင်တခြားနဲ့လယ်တွေအသိမ်းခံရ ၊ စီမံကိန်းကန့် ကွက်သူတွေ ထောင်ထဲ ရောက်ရတာကလွဲလို့ လောင် စာဆီရှားပါးတဲ့ ဒုက္ခမီးက လျှော့မသွားဘူး၊၊ ဟုတ်တိပတ်တိနဲ့  ပုဂ္ဂလိကတွေလက်ထဲ ဆီဆိုင်တွေလွှဲပေးပြီး တကယ်ထဲ “လန်း”တော့မလိုလိုနဲ့  ၊ ဟင့်း့  အခု ကြပြန်တော့ ဒုံရင်းအတိုင်း ဆီမှောင်ခိုဈေးကွက်ကြီး ကြီးလာတာဘဲ အဖက်တင်တယ်၊၊ ကားဆယ်စီးလောက်စုမိရင် ကိုယ်ထုတ်လာတဲ့ဆီ သူ့ ရောင်း၊ သူထုတ်လာတဲ့ဆီ ကိုယ်ဝယ်နဲ့  အခန့် မသင့်ရင် မီးတောင်လောင်လိုက်သေး၊လောင်စာဆီဈေးနဲ့ အတူ ချစ်ခြင်ငယ်ပြိုင်နေတာကတော့ စားသောက်ကုန်ဈေးနှုန်း၊၊ ရွေးကောက်ပွဲ မတိုင်မီကတော့ ဝန်ထမ်းတွေ လစာတိုးပေးမလိုလို ဘာလိုလိုနဲ့ ထင်ယောင် ထင်မှားဖြစ်အောင် လေသံပစ်တယ်၊၊ တကယ်လဲအစိုးရဖွဲ့ ပြီးရော ငွေမရှိလို့  မတိုးပေးနိုင်ဘူးလို့  ပြတ်ပြတ်ပဲပြောချလိုက်တယ်၊၊ သမတကြီးလဲ အရင်ဝန်ကြီးချုပ်လုပ်တုန်းက လစာဘဲ ယူမယ်တဲ့ ၊၊ မင်းတို့ ဝန်ထမ်းတွေ လဲ အရင်အတိုင်းဘဲ ယူကြ ၊ အရင်အတိုင်းဘဲ ခိုးကြ ၊ အရင်အတိုင်းဘဲ ဝှက်ကြ၊ အရင်အတိုင်းဘဲ  စားကြ ၊ အရင်အတိုင်းဘဲ ငေါက်ကြ ၊ အရင်အတိုင်းဘဲ ကျစ်ကြ ၊ အရင်အတိုင်းဘဲ ဝါးစေ (ဝေစား) ဆိုတော့   နောက်ဆုံး “ကြီး” ကျန်ခဲ့တာဘဲ အဖက်တင်တယ်၊၊ ကုန်ဈေးနှုန်း များပြောပါတယ်၊၊အဲဒါ က တမီး ၊၊
    လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလို့ မရတဲ့ မီးက တမီး ၊၊ လက်နက်ဆိုတာက ကိုင်ထားရင် ပစ်တာ မပစ်တာ အသားထား “အဟန့် ”လေးတော့ ဖြစ်သေးတယ်၊၊ ငြိမ်းချမ်းရေးဆိုတာကြီးက ကိုင်ထားလို့  ရတာမှ မဟုတ်တာ၊၊ ဘယ်သူမဆို မသေချာတာကိုတော့ ဘယ်ကိုင်ချင်မလဲ ၊၊ သေချာတာကို ကိုင်ချင်တာပေါ့ ၊၊ ကိုယ်ကျ တော့ ကိုင်ထားပြီး သူများကြတော့ မကိုင်နဲ့ တဲ့ ၊၊ စေတနာမှန်ရင် “မင်းတို့ လဲ မကိုင်နဲ့  ငါလဲမကိုင်ဘူး” ဆိုတာ လောက်တော့ အနည်းဆုံးဖြစ်သင့်တာပေါ့ ၊၊ မီးဆိုတာ ကိုင်ရင်ပူတယ်ဆိုတာ ကလေးတောင်သိတယ်မဟုတ်လား၊ ဘာကြောင့်ကိုင်သလဲဆိုတာကို အဖြေမရှာဘဲ မကိုင်နဲ့ မကိုင်နဲ့ ဆိုတော့ “ဘယ်လက်”နဲ့ မကိုင်ရရင် “ညာလက်” နဲ့ ကိုင်ကြမှာဘဲလေ ၊၊ အဲ့ဒီ ပြည်တွင်းစစ်ဆိုတဲ့ မီးက တမီး၊၊
    နောက်တမီးကတော့ ဒီချုပ် ဆိုတဲ့ အတိုက်အခံမီးဘဲ ၊၊ ဗိုလ်သန်းရွှေကတော့ သူ မသွားခင်ကလေးမှာ  စာလေးနှစ်ကြောင်းနဲ့  “ဖျက်သိမ်းတယ်” ဆိုတာလောက်တော့ လုပ်သွားပါရဲ့ ၊၊ မစွတ်မပွတ်လေး လုပ်သွား တာ ကလား ၊၊ ဒီလို အုံနဲ့ ကျင်းနဲ့ ရှိနေခဲ့တဲ့ ဟာကြီးကို စာလေးနှစ်ကြောင်းလောက်နဲ့  ဖျက်သိမ်းရုံနဲ့  ဒီချုပ်ကလဲ  ဘယ်ရမလဲ ၊၊ “မတရားတဲ့ အမိန့် အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ ”ဆိုတဲ့မူနဲ့  ပြန်တိုက်တာပေါ့ ၊၊ မြန်မာ ပြည်မှာ ရှိတဲ့  တရားရုံးတွေ ကုန်သွားတယ်၊၊ အမှုနိုင်လားလို့  မမေးနဲ့  ၊၊ ရှုံးတယ် ၊၊ အခု ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ ကို တင်ထားတယ်ပြောတယ်၊၊ တကယ်တင်သင့်တာက“ဝ” လူ့ အခွင့်ရေးကောင်စီ၊၊ ဘာဖြစ်လို့ လဲဆိုတော့ သူကချည့် ဗီတိုသုံးသုံးနေတာကိုး၊၊  ပွဲကမပြတ်သေးဘူး၊၊ ဇရက်တောင်ပံကျိုးနဲ့  ကြောင်အိုကြီးလိုဘဲ ၊၊ ဘယ်သူကမှ ဘယ်သူ့ ကို ပြတ်ပြတ်သားသား မလုပ်ကြသေးဘူး၊၊ အဲ့ဒါကို ပြည်ပရောက် ကိုယ်ရွှေ ကိုယ်မျိုးဝေဖန်ရေးဆရာ တွေက “ချကွ ၊ ချ ၊ ချ” ဆိုပြီး ကိုယ့်ပုဆိုးစ ကိုယ်နင်းပြီး လေထန်ကုန်းတိုက်ပွဲ ဝင်နေလေရဲ့ ၊၊ အရှိန်ယူချိန်လေး တောင် မပေးဘူး၊၊ သူ့ ခမျာ အပြင်ရောက်တာ လပိုင်းလေးရှိသေးတယ်၊၊ တိုက်ပွဲဝင်ရမဲ့ အခြေအနေလေးကို လေ့လာခွင့်တောင်မပေးချင်ဘူး၊၊ အတင်းချခိုင်းနေတာများပြောပါတယ်၊၊ အဲ့ဒီ အတိုက်အခံဆိုတဲ့ မီးကတမီး၊၊
    ကဲ့  ကျန်တဲ့မီးတွေကို နောက်မှ ဆက်ရေးမယ်၊၊ အဲသလို ဝိုင်းနေတဲ့ မီးတောက်တွေ ကြားထဲ ခေါင်းကျိန်းနေရသူက ပြောင်ကြီး ခေါ် ဦးသိန်းစိန် ၊၊ အာဏာ ပါဝါတွေ ပြည့်ပြည့်ဝဝ ရှိတာ မရှိတာ အသာထား၊ လောလောဆယ်ရှင်းရမှာက သူ့ အလုပ် ၊၊ ပြဿနာပေါင်းစုံက သူ့ ပေါ်ကို ပုံကျမဲ့ကိန်း၊၊ ချကြွေးတာကို အချိန်မ ရွေးခံရနိုင်သလို ၊ ထောင်ထဲသွားနေဆိုရင်လဲ ဖျာလိပ်ရမှာက သူအရင်ဆုံး ၊၊ ရှင်းရှင်းပြောရရင် အရင်ဆုံး အရိတ်ခံရမှာက ပြောင်ကြီး ၊၊ အရင်တုန်းက ဗိုလ်ခင်ညွန့် ကို ဝန်ကြီးချုပ်ရာထူးလေး အဲ့  ရာထူးကြီးပေးပြီး ကြောင်ကလေး ၊ ကြွက် ကလေး ဖမ်းသလို ဖမ်းပစ်တာ အားလုံးအသိ ၊၊ နောက်က လှော်တက်ကို ယူထားတဲ့ သူကတော့ ပြုံးစိစိနဲ့  ဗိုက်ပုတ်နေမှာ၊၊ ပြောင်ကြီး ဘဝက တကယ်တမ်းရှင်းကြ ၊ လင်းကြ စတမ်းဟေ့ ဆိုရင် ဘုမသိ ဘမသိ နဲ့ အရင်ဆုံး အရိတ်ခံရမဲ့သူ ၊၊ တကယ်တမ်း အရိတ်ခံသင့်တဲ့သူက အခုတော့ ကန့် လန့် ကာထဲဝင်ပြီး ခြေရှုပ်နေလေရဲ့ ၊၊ မှားအရိတ်ခံရတဲ့ လူတယောက်အကြောင်း အကြောင်းသင့် လို့  ဖောက်သည်ချလိုက်ဦးမယ်၊
    ရန်ကုန်က ဗဟိုစည် အထူးကု ဆေးရုံကြီးနဲ့  နယ်ကနေ လိပ်ခေါင်းဖြတ်ဖို့  တက်လာတဲ့ တောသူဌေး နှစ်ယောက်တို့ ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ ၊၊ အကိုဖြစ်သူက လိပ်ခေါင်းဖြစ်နေလို့ ညီနဲ့ အတူ  ဗဟိုစည်ဆေးရုံမှာ လာပြီး အထူး ကုနဲ့  လိပ်ခေါင်းလာဖြတ်တယ် ၊၊  ဆေးရုံတက်ပြီးနောက်နေ့  လိပ်ခေါင်းမဖြတ်သေးခင် အကိုဖြစ်သူက ဆေးရုံအောက်  ဆင်းပြီး လမ်းလျှောက်သတဲ့ ၊၊ ညီဖြစ်သူ လူနာစောင့်က အိပ်ရေးပျက်တော့ အကိုအောက်ဆင်း နေတုန်း လူနာ ကုတင်ပေါ်တက်အိပ်နေတယ်၊၊ ခဏကြာတော့ နာစ့်မ က အခန်းထဲဝင်လာပြီး အိပ်နေတဲ့ ညီဖြစ်သူကို ပက်လက်လှန်ခိုင်းပြီး ဘာမပြောညာမပြောနဲ့  အမွှေးအမှင်တွေအကုန်လုံးရိတ် သန့် ရှင်းရေးလုပ်ပြီး အရက်ပျံ  တောင် ဆွတ်ပေးလိုက်သေးတယ်၊၊  ညနေ အကိုဖြစ်သူ ခွဲခန်းထဲလဲရောက်ရော ပြဿနာ စတော့ တာဘဲ ၊၊
    ခွဲစိတ်မဲ့ အထူးကုဆရာဝန်က လှန်လဲကြည့်လိုက်ရော အမွှေးတွေဗလပြစ်နဲ့   ရှုပ်ယှတ်ခတ်နေပြီး လိပ်ခေါင်းတောင် မမြင်ရဘူးဖြစ်နေတယ်၊၊ ဒါကိုကြည့် ပြီး ဒေါသတကြီးနဲ့   “ဒါ  ဘာသဘောလဲ့  ငါ့ကို ပညာစမ်းတာလား ” ဆိုပြီး ဆူပူကျိန်းမောင်းတော့တာဘဲ ၊၊ ဝိုင်းနေတဲ့ ဆရာဝန်လေးတွေလဲ မျက်စေ့ပျက် မျက်နှာပျက်တွေ ဖြစ်ကုန်ပြီ ၊၊ အောက်က လူနာလည်း မျက်နှာ ဇီးစေ့ လောက်ပဲကျန်တော့တယ်၊၊ ထွက်နေတဲ့ လိပ်ခေါင်းတောင် အထဲပြန်ဝင်ပြေးပြီ ၊၊ ပါးနပ်တဲ့ လက်ထောက် ဆရာဝန်လေးတယောက်က ကိစ္စမြန်မြန်ပြီးအောင် ခွဲခန်းထဲမှာတင် အမြန်ရိတ်ပေးလိုက်တယ်၊၊ ဒီလိုနဲ့  လိုရင်းကိစ္စပြီးသွားတယ်ပေါ့ ၊၊ ခွဲစိတ်ဆရာဝန်ကြီးကိုလဲ လူနာစောင့်နဲ့ လူနာကို လူမှားရိတ်မိတဲ့အကြောင်း ရှင်းပြလိုက်ကြတယ်၊၊ ဆရာဝန်ကြီးလဲ အခုမှ သဘောပေါက် သွားတယ်၊၊
    ခွဲခန်းထဲက အဖြစ်အပျက် ကိုမသိသေးတဲ့ ညီဖြစ်သူလူနာစောင့်က အခြား လူနာစောင့်တွေကိုလဲ သူလိုအရိတ်ခံရတယ် ထင်ပြီး “ အင့်း့ ဒီဆေးရုံ နာမည်ကြီးချက်ကတော့  လူနာစောင့်ကိုတောင် သန့် ရှင်းရေးလုပ်ပေးတယ် ၊ အံ့ရော ၊ အံ့ရော ” ဆိုပြီး ရှက်ပြုံးလေးနဲ့ ဆိုသတဲ့ ၊၊ 
    အခုလဲ လှော်တက်မပါဘဲ လှေပေါ်ရောက်နေတဲ့ ဦးသိန်းစိန် ၊ ၁၇ နှစ်လောက် သေနတ်တစ်ချက် မဖောက်ဘဲ အခုသူ သမတဖြစ်မှ တကျော့ပြန်စတဲ့ ပြည်တွင်းစစ်ထဲရောက်နေတဲ့ ဦးသိန်းစိန် ၊ ၂ဝ၁၄ အာဆီယံမှာ ဥက္ကဌ နေရာမရရင် အရှက်တကွဲအကျိုးနဲ ဖြစ်အုံးမယ့် ဦးသိန်းစိန့့်  စိန့့်  စိန့့် စိန်ခေါ်မှုတွေကြား ထဲ ဘာမှ မလုပ်လိုက်ရသေးခင် “အရိတ်ခံ” လိုက်ရမှဖြင့်  ၊၊  ၊၊
    အံ့ရော့  အံ့ရော့  ဆိုပြီ့း့  “လန်း”လိုက်ချင်သေးရဲ့ ၊၊
                        ကော့သား
Saturday, November 6, 2010
ပွတ်ကြည့်လိုက်တော့
 အခုလို အမေရိကန်ဒေါ်လာများ ကမBာမှာ ဟိုလူပြော ဒီလူပြော နဲ့အခြေအနေ ယိမ်းယိုင်လာချိန်မှာ အာရှမှာ ခိုင်မာယုံကြည် စိတ်ချရတဲ့ ကျနော်မျိုးကြီးတို့  မြန်မာပြည်ထုတ် ငွေစက္ကူတွေက ငွေကြေးဈေးကွက်တွေထဲ ခိုင်မာလာတာကို တွေ့ ရပါတယ် ဘုရား၊၊    ဘယ်လောက် တောင်တည်ငြိမ်နေသလဲဆိုရင် ဖဆပလ အစိုးရခေတ်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ လေးကျပ်ခွဲ ၊ ယနေ့ မင်းတရားကြီး လက်ထက်မှာ အမေရိကန် တစ်ဒေါ်လာ ခြောက်ကျပ် ဖြစ်တာ ကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်းပါဘုရာ့း့ ၊၊
   ဟေ့  တယ်လည်း နားထောင်လို့ ကောင်း ပါလာ့း့ လျှောက်တင် စမ်းပါဦး မောင်မင်းရဲ့ ၊၊   တိုးတက်လာတဲ့ ပြည်တွင်းစီးပွါးရေးကို အခြေခံပြီး အခုလို မြန်မာ စက္ကူ အဲ့  အဲ  မြန်မာ့ ငွေကြေး ခိုင်မာ တာ ကြောင့် မြန်မာငွေစက္ကူ ၀ယ်ယူစုဆောင်း နေတဲ့ နိုင်ငံများလည်း အများ အပြားရှိလာ ပါတယ် ဘုရား၊၊ဒါကြောင့် ပြည် တွင်းသုံး ငွေစက္ကူ အသစ် တွေက ငွေစုသူတွေ လက် ထဲ ရောက်ပြီး သာမန် ပြည်သူတွေ လက်ထဲမှာ သုံးတဲ့ငွေစက္ကူတွေဟာ ကိုင်လို့ မရလောက်အောင် စုတ်ပြဲ ၊ ဟောင်းနွမ်း၊ ဖာရာ၊ ထေးရာတွေနဲ့ ဖြစ်နေ ကြောင်းပါဘုရား၊၊ဒီလိုဖြစ်တယ်ဆိုတာက လည်း ကျနော်မျိုးကြီးတို့  မြန်မာငွေကြေး ခိုင်မာကြောင်းကို သက်သေပြနေတာဘဲ မဟုတ်လား ဘုရာ့း့ ၊၊
 ဟဲ့  အကိုင်များလို့  စုတ်ပြတ်နေတာက  ခိုင်တာနဲ့  ဘာဆိုင်လို့ တုန်း မောင်မင်းရဲ့၊
 ဆိုင်မဆိုင်တော့ မသိပါဘုရား၊၊ အမေရိကန်နဲ့ တကွ ခေတ်မှီပါတယ်ဆိုတဲ့ နိုင်ငံတွေ မှာကိုင်တွယ် အသုံးပြုတဲ့ အေတီအမ် ကဒ်တွေကြောင့် လူတွေက ငွေကိုင်စရာမလိုတော့ သူတို့ ပိုက်ဆံတွေ အစုတ်သက် သာပါတယ် ဘုရား၊၊ ကျနော်မျိုးကြီးတို့ နိုင်ငံမှာတော့ ငွေဆိုရင် ကိုင် လိုက်ရမှ အားရပါးရရှိတတ်လွန်းတာကြောင့် အကိုင်များလို့  အခုလို ဆုတ်ပြဲနေရ ကြောင်းပါဘုရား၊၊အခုလို အမေရိကန် အေတီအမ် ဘဏ်စနစ်တွေ ဈေးကွက်ထဲက ထိုးကျနေချိန် ကျနော်မျိုးကြီးတို့  ရွှေ နိုင်ငံကြီးမှာ ငွေကြေးဈေးကွက်သစ်ကြီးများ ပေါ်ပေါက်လျှက်ရှိကြောင်းပါဘုရား၊၊
 ဘဏ္ဍာရေးဝန်က အမေရိကန်နှင့် နှိုင်းယှဉ်ပြီး ရွှေနိုင်ငံတော်ကြီးရဲ့  တိုးတက်လာပုံကို လျှောက်တင်ပုံကောင်း တာကြောင်း မင်းတရားကြီးမှာ အလွန်သဘောကျလျှက်ရှိနေသည်၊၊
 ဟဲ့ မောင်မင့်း့ ဘယ်လို ငွေကြေးဈေးကွက်သစ်ကြီး ပေါ်လာတာလဲ မောင်းမင်းရဲ့ ရှင်းစမ်းပါအုံး၊၊
 မှန်လှပါဘုရား၊၊ ကမBာမှာတောင် မရှိသေးတဲ့ မြန်မာငွေ ကို မြန်မာငွေနဲ့  ပြန်လဲလှယ်တဲ့ ဈေးကွက်သစ်ကြီးပါဘုရား၊၊ အချို့ ဆိုရင် ရုံးခန်းဖွင့်ထောင်သူတွေ၊ ရုံးခန်းမဖွင့်နိုင်တဲ့ သူတွေက လမ်းဘေးမှာ ခုံလေးတွေခင်းပြီး လုပ်ကိုင်နေကြကြောင်းပါဘုရား၊၊အသေးသုံး ငွေစက္ကူများ ဖြစ်တဲ့ ၅၀တန်၊ ၁၀၀တန်၊ ၂၀၀တန် တွေကို လိုချင်တဲ့သူတွေက  ငွေတစ် ထောင်ကို နှစ်ရာအရှုံးခံပြီး ရှစ်ရာနဲ့  လှဲလှယ်နေတဲ့ မြန်မာ့ငွေအကြွေ အိပ်ချိန်း ဈေးကွက် ကြီးပါဘုရား၊၊
 အေ့း့  တယ်လည်းဟုတ်ပါလာ့း့ ဟင့်း့  ငါကိုယ်တော်အာဏာလေးရှိတုန်း နောင်လာနောင်သားတွေ အမှတ်တရဖြစ်ရလေအောင် ငါ့ပုံနဲ့  ငွေစက္ကူသစ်များ ထပ်မံရိုက် နှိပ် ထုတ်ဝေချင်တယ်  မောင်မင့်း့ ဒါပေမဲ့ ခက်တာက ဘယ်ပုံကိုရွေးရမလဲဆိုတာဘဲ့   မောင်မင်း၊၊
 ပုံအတွက်ကြောင့် ရွှေစိတ်တော်များ မပူလိုက်ပါနဲ့  ဘုရား၊၊ မင်းတရားကြီးရဲ့  ပုံတူ တွေကို ရာသီအလိုက် ၊ ခေတ်အလိုက် ၊ စရိုက်အလိုက်၊ ဘုန်းတော်အလိုက် ရေးဆွဲနေတဲ့သ္နူမ၏ဃမနအေသမ ဆိုသူရှိကြောင်းပါဘုရား၊၊ သူကိုဆွဲခိုင်းပြီး မင်းတရားကြီးပုံကို ငွေစက္ကူ ပေါ်တင်လိုက်လို့  ကတော့  မြန်မာသာမက ကမBာကျော် ဖြစ်အုံးမှာပါဘုရား၊၊
 ဟဲ့ ဒါနဲ့ ဟို ငွေအကြွေ ကြေးပြား၊ သတ္တုပြားတွေက ဘယ်ရောက်ကုန်သလဲ ဟဲ့  မောင်မင့်း့ ၊၊
 မှန်ပါ့ဘုရာ့း့  သစ္စာ တင်သာမက ဂတိ များလည်း တည်ကြောင်းပါဘုရား၊၊ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ အမှန်တော့ အပျော်တမ်း မဲပေးကြေး ကစားကြည့်တာပါဘုရား၊၊ ကျနော်မျိုးကြီးတို့ က ဂတိမတည်တာမှ မဟုတ်ဘဲ၊၊ တိုင်းပြည်တာဝန် ကို မလွှဲသာလို့ ယူလိုက်ရကတည်းက ငွေမဲအဖြစ်မကြေညာဘူးလို့ ပြည်သူကို ဂတိများ ပြုခဲ့ကြောင်းပါဘုရား၊၊ဟောင်းနွမ်းဆုတ်ပြဲလို့ သုံးမရဖြစ်တာကတော့ ကျနော်မျိုးကြီးတို့ နဲ့ မသက်ဆိုင် ကြောင်းပါဘုရား၊၊နေ့ စဉ် ကိုင်တွယ်သုံးစွဲနေတဲ့ ပြည်သူတွေနဲ့ သာ သက်ဆိုင်ကြောင်းပါဘုရား၊  အေ့း့ နေပါဦ့း့  ငါတို့ ငွေစက္ကူတွေ ဖောင်းပွနေတယ်လို့ ဟို အပြင်က မီဒီယာ ကောင်တွေက အော်နေကြတယ်ကွဲ့ ၊၊ ဒါနဲ့  ငါကိုယ်တော်လည်း မိဖုရားခေါင်ကြီးစီက တစ်ချပ် အဲ့ မှားလို့  ငွေစက္ကူတစ်ချပ်တောင်းပြီး အသာပွတ်ကြည့် လိုက်တော့ ပုံမှန်ပါဘဲ၊၊ဖောင်းလည်း မဖောင်း၊ ပွလည်းမပွပါဘူး၊၊ တောက့့် ဒါနဲ့ မျာ့း့ ဒင်းတို့ က ဖောင်းသလေး ပွသလေးနဲ့၊  မှန်လှပါဘုရား၊၊ ကျနော်မျိုးကြီးတို့  တိုင်းပြည်က ထုတ်တဲ့ ငွေစက္ကူတွေဟာ ပြည် သူတွေ လက်ထဲ ဟိုကနေ ဒီရောက်သွားလိုက် ၊ ဒီကနေ ဟိုရောက်သွားလိုက်နဲ့   ကြားခံ ဘဏ်စနစ်မရှိတဲ့အပြင် ဘဏ်တွေကလည်း သိန်းသုံးဆယ် ထက်ပိုပြီး လက်မခံတဲ့ အတွက်ကြောင့် ငွေစက္ကူလေးတွေဟာ တစ်နေရာထဲမှာ တည်ငြိမ်မနေဘဲ အကိုင်များလို့  ဆုတ်ပျက်သတ်ပြီး ဖောင်းတယ် ပွတယ်လို့ ထင်ရတာပါဘုရား ၊၊ ကားတစ်စီး၊ ခြံတစ်ကွက် အရောင်းအ၀ယ်ဖြစ်တယ်ဆိုရင် ငွေစက္ကူတွေကို ကုန်တင်ကားနဲ့ တိုက်ပြီးပေးရတာကို ငွေကြေးဖောင်းပွတာလို့  ပုံကြီးချဲ့ ပြီး ပြောနေကြတာပါဘုရား၊၊ ကိုယ်တိုင်းပြည်နဲ့ ကိုယ့်ငွေကြေး ဖောင်းရုံ၊ ပွရုံ မကလို့  ကွဲထွက်ပြီး ၀က်တုတ်ကွေးကနေ ငွေတုတ်ကွေးပဲ ဖြစ်ဖြစ် ကျနော်မျိုးကြီး တို့လို အစိမ်း(ဒေါ်လာ) သုံးတဲ့ ၀န်မင်းများနဲ့ မဆိုင်ရေးချ မဆိုင်ကြောင်းပါ ဘုရား၊၊
                                                                                       ကော့သား - ရေးသည်
မင်း ဟာ့  တကယ်တော့
 နေ၀င်တော့မည့်အချိန့့် 
 အနောက်ဖက် မိုးကုတ်စက်ဝိုင်းကို ထိလုနီးပါးဖြစ်နေသည့် နေလုံးကြီးအရောင်က မှောင်စပျိုး ၍မှောင်မိုးကျတော့မည့်ပမာ နီလည်းမနီနိုင်၊၊ ရဲလည်း မရဲနိုင်တော့၊၊ ရှိသမျှအရောင် လေးဖြင့် ကိုယ်ရှိန် သတ်လျှက်ရှိနေပေသည်၊၊
 တောတောင်များပတ်လည်ဝိုင်းနေသည့် ချိုင့်ဝှမ်းကြီးထဲ  အမိုးပြာပြာ ဟိုတစု ဒီတစုဖြင့် လက်စမသတ်နိုင် သေး သော အဆောက် အဦးများ၊ အဖြူရောင်ထုံးဆေးများ ကွာကျလျှက် နူနာထနေသည့် ပမာ ဟိုတကွက် ဒီတကွက်ဖြစ်နေသော အဆောင် အယောင်များ၊ စိတ်ချောက်ချားဖွယ် အသံတို့ကို မြည်တွန်ရင်း ဖြတ်သန်းပျံသွားသည့် ငှက်ဆိုးများ၊ နေ၀င်ရီတရော သုသာန်သင်္ချီုင်းသဖွယ် တိတ်ဆိတ်နေသည့် ဤအရပ်တွင် ခေတ္တတည်းခို စံမြန်းနေသည့် မင်းတရားကြီး၊၊ ဘ၀နေ၀င်ချိန်ကို လက်ချိုးရေတွက်ကာ မကျန်တော့သည့် လက်ချောင်း လေးများ ကို ကြည့်ရင်း မျက်ရည်များပင်ကျခဲ့ရသည့်  အထိ ဘ၀ကို ခင်မင်သူကြီး၊၊
 သြော့့် အခုတော့ တို့ လို့ တန်းလန်းဖြစ်နေတဲ့ တည်ဆောက်ဆဲ နေပြည်တော် ကြီး၊ အဆုံးမသတ်နိုင်သေးတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ နိုင်ငံတော်သစ်ကြီး၊ ဖော်ဆောင် နေပါတယ်ဆိုတဲ့ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီလူ့ ဘောင်ကြီ့း့ ဘယ်ဟာကို မှ အဆုံး မသတ် သေးခင် တတိယအရွယ် နေ၀င်ချိန်သို့ ပင်ရောက်လာခဲ့ပါ ပကော၊၊
 စက်တော်မခေါ်နိုင်သည့် အခါများတွင် အိပ်ခန်းဆောင်အတွင်းမှ ထွက်ပြီး လေးလံလွန်းလှသည့် ကျည်ကာအင်္ကျီ ကို မ၀တ်ချင်သော်လည်း အသက်ကို ဉာဏ်စောင့်တာပဲ ဆိုသည့် အသိလေးဖြင့် မနိုင့်တနိုင်ဝတ်ကာ ဖြေးညင်းစွာလမ်းလျှောက်ရင်း လသာ ဆောင်ဘက်သို့ ထွက်လာခဲ့သည်၊၊
  ပြင်ပမှ တိုက်ခတ်လာသည့်  ညလေကိုရှုရင်း ဝေဒနာအချို့ ကို သက်သာစေခဲ့သည်၊မိဖုရားခေါင်ကြီး ရင်ခွင်တွင် အိပ်စက်နေရသော်လည်း မင်းတရားကြီး၏ စိတ်အစဉ်တို့သည် ဆောက်တည်ရာမရ ဟိုဟို၊ ဒီဒီ ဒုံးဆိုင်းပြေးနေတော့၏၊၊ အပြိုင်ကြဲရတော့မည့် ၂၀၁၀ ပွဲအတွက် စဉ်းစားမိလေတိုင်း ရတက် မအေးဖြစ်ရပြန်သည်၊၊ ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် စစ်ဘုရင်တွေရဲ့ မျိုးဆက်ကြီးအဖြစ် မိမိကိုယ်မိ မိခံယူပြီးကတည်းက နန်းတွင်းစကားများကိုသာ ကြားချင်နေခဲ့သူ၊နန်းတွင်းဓလေ့များကိုသာ ခင်တွယ်နေခဲ့သူ၊၊ ထီးမွေ ၊ နန်းမွေ ကိုလည်း နန်းတွင်းထုံးစံအတိုင်း သားစဉ်မြေးဆက်ကို လွှဲပေးချင်ခဲ့သူ့  အနော်ရထာ၊ကျန်စစ်သား၊မဟာဗနြွုလ၊ အလောင်းဘုရာ့း့ အင့်း့ ပြီးတော့  ငါ့ ငါ့ ၊၊
 ကောင်းကင်တွင် ရွေ့ လျားသွားနေသော တိမ်တိုက်များကြောင့် တော်သလင်း လပြည့် နေ့ ည၏ လရောင်သည် တည်တည်ငြိမ်ငြိမ် ဖြာလင်းနေရသည်တော့ မဟုတ်ပေ၊၊ တိမ်အကွယ် လရောင်အားဖျော့ သွားစဉ် လသာဆောင် မျက်နှာကျက်ပေါ် မှ ကြွက်ဖယောင်းလေး တစ်ကောင်က မင်းတရားကြီး၏ နဖူး တည့်တည့်ပေါ်သို့  ခုန်ချ လိုက်သည်၊
 “ဖုတ့့် ”
 “အာ့း့ သောက်ပလုပ်တုတ့့်  အမလေ့း့ သေပါပြီဗျ့ ”
 အော်ဟစ်ရင်း ထပြေးရန် ကုန်းထလေသည်၊၊ သို့ သော်  ဖိစီးနေသော ရောဂါ ဝေဒနာ ကြောင့် အသံလည်း မထွက် ၊ ထလည်းမပြေးနိုင်ဘဲ မေ့မြောသွားလေသည်၊၊
 ထိုအခါ ကြွက်ဖယောင်းလေးက “ မင်း ၀တ်ထားတဲ့ကျည်ကာအင်္ကျီ ဘာတတ် နိုင်သေးလဲ” ဆိုသည့် မျက်နှာထား ဖြင့် မင်းတရားကြီး၏ ပါးစပ်ကို နောက်ခြေနှစ်ဖက်ဖြင့် ကန်လိုက်ပြီး “နံလိုက် တဲ့ ဒီအပေါက် ပိတ်ထားစမ်း”ဟု ဆိုကာ အောက်ပါ စကားကြီး ( ၅) ခွန်းကို ဆိုလေသည်၊၊
 “မင်းဟာ တကယ်တော့ မီးမကျက်တဲ့ အိုးကို ဆီထည့်တဲ့ အကောင်”
 “မင်းဟာ တကယ်တော့ စာဥကို ဒေါင်းအုပ်ခိုင်းတဲ့ အကောင်”
 “မင်းဟာ တကယ်တော့ ဒေါင်းဥ ကို စာအုပ် ခိုင်းတဲ့အကောင်”
 “မင်းဟာ တကယ်တော့ ဆင်ချည်တဲ့ကြိုးနဲ့  ကြက်ကို ချည်တဲ့ အကောင်”
 “မင်းဟာ တကယ်တော့ ကြက်ချည်တဲ့ကြိုးနဲ့  ဆင်ကိုချည်တဲ့ အကောင်”
ဆိုသည့် စကားကြီး (၅)ခွန်းကို ပြောဆိုပြီး မင်းတရားကြီး နဖူးပေါ်မှ ခုန်ချပြီး ပြေးထွက်သွားလေ သည်၊၊ မေ့မြောနေရာမှ ပြန်သတိရကာ အိပ်ဆောင်အတွင်းသို့ ပြေးဝင်ရင့်း့  နံနက်မိုးလင်း ညီလာခံ စသောအခါ့ 
 “မင်းကြီးမျာ့း့  ”
 “ဘုရာ့း့ ဘုရာ့း့ ”
 “အေ့း့ အေ့း့ ငါကိုယ်တော့့် မနေ့ ညက့ လသာဆောင်မှာ ကျိန်းစက်နေ တုန်း အိမ်မက်တော်များ မက်တော်မှုတယ့့် ကွယ်တို့  ကောသလမင်း အိပ်မက် က ၁၆ ချက် ဆိုတော့ ရှည်လွန်းသကွဲ့  ငါကိုယ်တော် မြင်မက်တော်မှုတဲ့ အိပ်မက်ကတော့ တိုတိုတုတ်တုတ်  နဲ့  လိုရင်းကို ဆော်သွားတော့တာပဲ့ မောင်မင်းတို့ ”
 “မှန်လှပါ့ ဘုန်းကံရှိတဲ့ မင်းဆိုတော့ နတ် သိကြားများက အိပ်မက်တော်များ ပေးတော် မူတယ်ထင်ပ ဘုရာ့း့   ကြားချင်လှကြောင်းပါဘုရား”
 ရဲချုပ်တော်ကြီး မာဆက်ချီ ခင်ရီ က ဖင်လေးကြွကာ ဟန်ပါပါ မြှောက်သံ ပင့်သံ လေးဖြင့် သံတော်ဦး တင်လေသည်၊၊ ဘေးတွင် ကပ်လျှက်ခစားနေသော ပြည်ထဲရေးဝန်  ဌေးဦးက မျက်မှောင်တစ်ချက်ကြုတ်လျှက် “ မသာ သေခါနီးမှ ဆောင့်ကန်လိုက်ရ ” ဆိုပြီး ခပ် တိုးတိုး ဆဲဆိုပစ် လိုက်သည်၊၊ အနှိပ်ခန်းဖွင့်ပြီး ပြဿနာတက်နေသော အမှုဖြင့် နေပြည်တော် တွင် စစ်ဆေးခံနေရစဉ် အချိန်ရှိခိုက် အတုံးလိုက် အတစ်လိုက် ရဲချုပ်ခင်ရီ တယောက် မင်းတရား ကြီးအား “ဖား”ပြနေခြင်းဖြစ်တာကြောင့် ဆဲတာကို ပင် မကြားသယောင် ဆောင်နေရသည့် ဘ၀ အဖြစ်သို့ ရက်ပိုင်းအတွင် ကျဆင်းသွားလေသည်၊၊
 ထို့ နောက့့် မင်းတရားကြီးက့ 
 “ဟင့်း့ ဟင့်း့ ဟင်း ” ဟင်း သုံးလုံးချကာ မွေးရာပါ မဲ့ပြုံးလေးဖြင့့် 
 “ ညတုန်းက လသာဆောင်မှာ လေညှင်းခံပြီး အိပ်ပျော်နေတုန်း ကောင်းကင်မှာ ပျံဝဲနေတဲ့ ဆင်ဖြူတော် တစ်ကောင်က ငါကိုယ်တော်ရှေ့ မှာ လာရောက်ခစားပြီး အလုပ် အကြွေး ပြုပါရစေလို့  ခွင့်တောင်းတယ် မောင်မင်းတို့ အိပ်မက်ကတော့ အဲဒါပဲ့ ကဲ့  အိပ်မက်ပဟေဠိ အဖြေညှိ ကြပေတော့  မောင်မင်းတို့ ဟဲ့ ဟဲ  ”
 “မှန်လှပါဘုရာ့း့ အင်မတန် ကောင်းမြတ်ကြောင်းပါဘုရား”
 ဘဏ္ဍာရေးဝန်က ၀မ်းသာအားရထောက်ခံလေသည်၊၊ ထို့ နောက့့် 
 “ ဆင်ဖြူတော် ပေါ်တယ်ဆိုတာ ကျနော်မျိုးတို့ တိုင်းပြည်ကြီး အေးချမ်း၊ သာယာဝပြောစေဖို့  ဧကန်မုချ မလွဲကြောင်း ဘုရား”
 “ဟဲ့  မောင်းမင့်း့ အိပ်မက်ထဲ ဆင်ဖြူတော်ပေါ်တာနဲ့  တိုင်းပြည်တိုးတက် တာ ဘာဆိုင်လို့ တုန်း မောင်မင်းရဲ့ ”
 “  ဆိုင့့်  မဆိုင်တော့ မသိပါဘုရာ့း့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဘင်္ဂလားဒေရှ် နယ်စပ်က ဖမ်းရမိတဲ့ ဆင်အညို ကို ထုံးသုတ်ပြီး ဘုရားဘေး တဲထိုး ၊ ဆင်စာ အလှူခံလိုက်တာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ တွေကလှူလွန်းလို့  ၀င်ငွေအတော်ရလိုက်ကြောင်းပါ ဘုရာ့း့  နောက်တော့  ဘင်္ဂလားဒေ့ရှ့်ဆင်ပိုင်ရှင်တွေက ပြန်တောင်းလို့   အလှူခံလို့  ရတဲ့ ငွေနဲ့ အလျော်ပေးတာတောင်  ကျနော်မျိုး ကြီးတို့ အမြတ်အစွန်း အတော်ရ လိုက်ပါတယ် ဘုရား၊အရှင့် ဘုန်းကံကြီးမား ပုံကတော့ တိရစြွာန်ကိုတောင် ဘန်းပြပြီး ငွေရှာလို့ ရကြောင်း ပါဘုရား”
 အနားတွင် ခစားနေသော နည်းပညာဝန်  မောင်သောင်းက့ 
 “မှန်လှပါဘုရား၊၊ အိပ်မက်ထဲက ဆင်ဖြူကို ငွေဖြစ်အောင် လုပ်ဖို့  အလွန်လွယ် ကူကြောင်းပါဘုရား၊၊ ကျနော်မျိုးကြီးတို့ လုပ်နေကျ နည်းပညာအရ ဆိုရင်တော့ စက္ကူနဲ့ မှင်ရှိရင် ဖြစ်ပါတယ်ဘုရား၊၊ လိုအပ်နေတဲ့ ပြည်တွင်းဘက်ချက်တွေကို ဖြည့်ဆည်း နိုင်ဖို့  မင်းတရားကြီးရဲ့ အိပ်မက်ဆင်ကို ငွေဆင်အဖြစ် စက္ကူပေါ်တင်လိုက်ရင် ပွဲသိမ်းကြောင်း ပါဘုရား”
 “ဟဲ့  ဘယ်လိုနည်းပညာများလဲ မောင်မင်းရဲ့ ၊၊ သံတော်ဦးတင်စမ်း”
 “မှန်လှပါဘုရား၊၊ စက္ကူပေါ်မှာ ဆင်ရုပ်ရေ့း့ ငါးထောင်ကျပ် လို့  သတ်မှတ်ပြီး ကမBာ သိအောင်  အဲ့ အဲ့ မှားလို့  ပြည်သူတွေ သုံးစွဲရအောင် ငွေစက္ကူအသစ်အဖြစ်နဲ့  ထုတ်ဝေ လိုက်ပါဘုရား”
 “ အေ့း့ အေ့း့ တယ်လဲ စူးရှ ထက်မြတ်တဲ့ နည်းပညာတွေပါကလာ့း့ မောင် မင်းတို့ ၊၊ ကောင်းမွန်စွာထိန်းသိမ်းကြလော့၊၊ ကမBာမှာ မရှိသေးတဲ့ နည်းပညာတွေကို ငါတို့  နေပြည်တော်ကြီးကနေ ပရောဂျက်တွေ အနေနဲ့ ထုတ်နိုင်တာ မင်းတို့ လို ပညာရှင်တွေရဲ့  အစွမ်းကြောင့် မဟုတ်လား၊၊ အခုလည်း ဟို့ အနောက်ပြည် အမေရိကန်နဲ့  ဆက်ဆံဖို့  နည်းပညာဝန် ငသောင်း သွားတာ အကြောင်းစုံသိရအောင် သံတော်ဦးတင်စမ်းဟဲ့  မောင်မင်း”
 “မှန်လှပါဘုရာ့း့ အမှန်တိုင်းလျှောက်တင်ရမည်ဆိုလျှင် ကျနော်မျိုးကြီးတို့ သွားက တည်းက သဘောရိုးမဟုတ်တာကြောင့် တယောထိုးပြီးပြန်ခဲ့ရကြောင်းပါဘုရား၊၊ နေပြည်တော် က ချမှတ်ထားတဲ့ ဖော်မြူလာအရ မြှောက်ပြီးတော့ ပေါင်းကြည့်ပါတယ်ဘုရား၊၊ သူတို့ က မြှောက် ပြီးပေါင်းတာကို လက်ခံပေမယ့် ပြည်တွင်းမှာ တိုးတက်မှုရှိရမယ်လို့ ဆိုပါတယ်ဘုရား၊နိုင်ငံရေး အကျဉ်းသားမရှိတဲ့ ကျနော်မျိုးကြီးတို့  နိုင်ငံကို ရှာရှာပေါက်ပေါက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်တဲ့၊၊ သက်ဦးဆံပိုင် မင်းဧရာဇ် အုပ်ချုပ်တဲ့တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိကြောင်း ပုန်ကန်တဲ့သူမှန်သမျှကိုလည်း အမြဲတမ်း လွတ်ငြိမ်းချမ်းသာခွင့်အနေဖြင့် နေစရာ၊ စားစရာများပေး ထားကြောင်း အကျယ်တ၀င့် ရှင်းပြခဲ့ပါတယ် ဘုရား”
 ”ဟဲ့  ငသောင့်း့  တိတ်စမ့်း့ မင်းတို့  တယ်လည်းမိုက်ကြပါလာ့း့  ငါကိုယ် တော် အဲဒီကိုလွှတ်လိုက်တာ့  မင်းတို့ ကို အဲဒါတွေ ရှင်းပြဖို့ မဟုတ်ဘူ့း့ မင်း နားလည်လား”
 ဒေါသ ဖြင့် အော်ငေါက်လိုက်သည့် မင်းတရားကြီး၏ ထီးသံ၊ နန်းသံ၊၊
 “ မှန်လှပါဘုရား၊၊ မင်းတရားကြီး အမျက်တော်များထွက်ရင်လည်း ခံရမဲ့သူများ ပါ ဘုရား၊၊ ပြည်ပကို ပြေးပါဟ့ ပြောပါဟ ဆိုရင် ကျနော်မျိုးကြီးနဲ့  နိုင်ငံခြားဝန် ဥာဏ်ဝင်း တို့ က ထိပ်ဆုံးကပါ ဘုရား၊၊ ဟို ရောက်ရင်လည့်း့ ဟိုလူက ပြောလိုက့့် ဒီလူကပြောလိုက် နဲ့ မျက်နှာတွေ ပူပြီးထူလာတာ တခါတခါ ကိုယ့်ကိုယ်ကို နူပြီး ၀ဲစွဲနေလားလို့ တောင် ထင်ရပါတယ်ဘုရား၊၊ ပြည်ပရောက်နေတဲ့ ကိုယ်ရွှေ ကိုယ်မျိုးတွေကလည်း ကျနော်မျိုးကြီးတို့ နောက် တကောက်ကောက်လိုက်ပြီး မအေ နှမ မကျန် ကောင်းချီးပေး ဆဲဆိုတာကိုလည်း ကျီးလန့်  စာစား ခံရပါတယ် ဘုရား၊၊  ကြုံဖူးချင်တယ်ဆိုရင်တော့ နောက်တခါ အမေရိကား သွားရင် မင်းတရား ကြီး ကိုယ်တိုင် လိုက်ခဲ့ပါဘုရား”
 နည်းပညာဝန်၏ လျှေက်တင်ချက် ကောင်းမှုကြောင့့် 
 “ ရှိစေတော့ ရှိစေတော့  ကဲဆက်စမ်းပါအုံး မောင်မင်းရဲ့ ”
 “ကျနော်မျိုးကြီးတို့ ရဲ့  နေပြည်တော် တူးသောင်ဇင်တန်း ပရောဂျက် အရ အဓိက လုပ်ရမှာက စီးပွါးရေး ဖွင့်တာ၊ ပိတ်တာတွေ အသာထားပြီး လာမဲ့ ရွေးကောက်ပွဲ ကို အမေရိကားက အသိအမှတ်ပြုဖို့  ဘဲမဟုတ်လား ဘုရား၊၊ ရွေးကောက်ပွဲ မတိုင်မှီ ရသလောက် လေး နိုင်ငံတကာရဲ့ ထောက်ခံမှု ရအောင် လုပ်ကြည့်တာကို သူတို့ က ကြိုသိနေပါတယ် ဘုရား၊အစည်းအဝေးစလိုက်တာနဲ့  ဖမ်းထားတာတွေ လွှတ်ပေးဖို့  အားလုံးပါဝင်ဖို့  စပြောတော့ တာပဲ့  ဒါကို မကျော်ဘဲနဲ့  ရှေ့ ဆက် တိုးလို့ မရဖြစ်နေကြောင်းပါဘုရား”
 ထို့ နောက် နိုင်ငံခြားရေးဝန်က့ သီးခံတော်မူပါဘုရား ဟု အစချီလျှက့့် 
 “ကျနော်မျိုးကြီးတို့ အဖြစ်က မိန်းမတစ်ယောက်ကို ထောင်ချထား၊ ကမBာပတ် ပြီး အဆဲအဆို အကျိန်း အမောင်းခံ၊  ပြည်တွင်းက အ၀တ်စုတ်ထုပ်ကို နိုင်ငံတကာ အလယ်မှာ ဖြဲထုတ်ပြသလို ဖြစ်နေကြောင်းပါဘုရား၊၊ ကျနော်မျိုးကြီး ရှက်လွန်းလို့  ရာထူးကနေ နှုတ်ထွက်ခွင့် ပေးသနားတော်မူပါဘုရား”
 နိုင်ငံခြားဝန်း၏ လျှောက်တင်ချက်ကြောင့် ညီလာခံကြီး တခုလုံး တိတ်ဆိတ်သွား လေသည်၊၊ ညိုပုတ်နေသော မျက်နှာဖြင့် နိုင်ငံခြားဝန်ကို မင်းတရားကြီး လှမ်းကြည့်လိုက်ပြီး
 “ မင်း က  အေစီဘီဒီ တတ်တယ်၊ ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ သဘောလား၊၊ မင်းတို့  ထက်လည်လို့ မင်းတို့ ကို ခိုင်းနေတာ့ နားလည်လာ့း့ အေ့း့ ခပ်ပြတ်ပြတ်ဘဲပြောမယ်၊ဒီယုန်မြင်လို့  ဒီခြုံထွင်ခဲ့တာ အနှစ် ၂၀ တောင်ရှိပြီ၊၊ လာပြီး စောဒက မတက်နဲ့ ၊၊ အမေရိ ကား ဆိုတာကိုေ-ာက်ဂရုမစိုက်လို့ ဖြဲပြထားတာ ကြာပြီ၊၊ ဒင်းတို့ ကောင်းကြောင်း ငါ ဘယ် တုန်းကပြောခဲ့ဘူးလဲ၊၊ အခု လိုအပ်မယ်ထင်လို့  ကမBာဆန့် ကြည့်တာ၊၊ အေး မရ ရင့့် ငါ့ တွင်း ငါပြန်အောင်းနေရုံဘဲ၊၊ ဒင်းတို့ ပြောတာတွေ လိုက်လုပ်ဖို့  မင်းတို့ ကို လွှတ်လိုက်တာ မဟုတ်ဘူး၊၊ ငါပြောတာကို လက်ခံဖို့  လွှတ်လိုက်တာ့ အေး သူတို့ က လက်မခံရင့့်  မင်းတို့   - ခံဖို့ သာပြင်ထားကြတော့ ”
 အလွတ်ကျက်မှတ်ထားသော ထီးသုံး ၊ နန်းသုံး စကားများ ဒေါသကြောင့် မထွက် နိုင်တော့ဘဲ မူလဘူတ ဇာတိရုပ်သွင်များ ပေါ်လာကာ ညီလာခံတခုလုံး ဓါးပြဂိုဏ်းမိုက်ကြေး ခွဲနေသယောင် ဖြစ်နေတော့သည်၊၊ ထို့ နောက့့် နည်းပညာဝန်က့ 
 “ ယှဉ်တယ်ဆိုတာ ကိုယ့်မှာလည်း အင်အားတစ်ခုရှိမှ ဖြစ်မှာပေါ့ဘုရား၊၊ မြောက် ကိုရီးယား အရှင်တို့  ကမBာကို စိန်ခေါ်တယ်ဆိုတာ သူတို့ မှာ ကမBာက ကြောက်တဲ့ အနုမြူ လက်နက်တွေ ညူးကလီးယားလက်နက်တွေရှိတယ် ဘုရား၊၊ ကျနော်မျိုးကြီးတို့ မှာ ဖုံးလုပ် သမျှ သဲထဲရေကျသလို ရှေ့ ကလုပ် နောက်ကပေါ် နဲ့  ကမBာကို ဘယ်နည်းနဲ့ များစိန်ခေါ်မလဲဘုရား”
 နည်းပညာဝန်၏ လျှောက်တင်ချက်က မင်းတရားကြီး၏ သိက္ခာကို စော်ကား သလို ဖြစ်နေသည်၊၊
 “အေ့း့ မသေမချင်း မှတ်ထား ၊၊ ငါ့ မှာ ကမBာကို စိန်ခေါ်ဖို့  မြောက်ကိုရီယား ထက်သာတဲ့  နယ်ရုပ် တခုရှိတယ် ဆိုတာ မင်းတို့ သိလား၊၊ အဲဒီ နယ်ရုပ်ကို ဟောဒီလို ရွေ့လိုက် ဟောဒီလို နောက်ဆုတ်လိုက် လုပ်ရဲတဲ့ကောင် ဘယ်သူရှိလဲ့ အေ့း့ မှတ်ထာ့း့ အိုဘားမားလို ကောင်မပြောနဲ့  ကမBာမှာ ငါကြောက်ရမဲ့ အကောင် တစ်ကောင်မှ မရှိသေးဘူ့း့ ဆိုတာ့  မင်းတို့ ”
 “ဖုတ်”
 “အာ့း့ အမလေ့း့ သောက်ပလုတ်တုတ့့် ကြောက့့် ကြောက်ပါပြီဗျ့ ”
 မင်းတရားကြီး ၏ ဒေါသစကား မဆုံးသေးမှာခင် မျက်နှာကျက်ပေါ်တွင် ပြေးလွှား နေသော ကြွက် ဖယောင်းလေး တစ်ကောင်သည် မင်းတရားကြီး၏ နဖူးပေါ်သို့ ပြုတ်ကျ လေသည်၊၊
 “မင်း ဟာ တကယ်တော့ ”
                                                                                                   ကော့သား - ရေးသည်
မှူးကြီးနဲ့  ဗျူးကြီး
 ဟို့  တနေ့ က တပ်ချုပ်ကြီးတွေ ရာထူးတွေက နှုတ်ထွက်တယ်လို့  အင်တာနက်မီဒီယာ တွေမှာ သတင်းရတာကြောင့်  ကျနော်လည်း တာဝန်ခံရဲ့  တာဝန်ပေးချက်အရ ဗိုလ်ချုပ်မှူးကြီးဆီကို ဖုန်းဆက်ပြီး  အင်တာဗျူးလေးတခု လုပ်ခဲ့ပါတယ်၊၊ ကျနော် သူ့ လက်ကိုင်ဖုန်းကို ခေါ်လိုက်တယ်ဆိုရင်ဘဲ ကြားရတဲ့ တေးသံလေးက “ ၀ါးကာ့ ဝါးကာ့ အေ့း့ အေ့  ၀ါးကာ့ ဝါးကာ့  အေ့း့ အေ” ဆိုတဲ့ ၂၀၁၀ ကမBာ့ဖလားဘောလုံးပွဲ သီချင်းဖြစ်တဲ့ “၀ါးပြီးနေမယ်ဆိုတဲ့ ”တီးလုံးလေးဖြစ်ပါတယ်၊၊ ထို့နောက့့် 
 “ဘာလဲကွ”
 “ဟုတ်ကဲ့  ကျနော် မစြွိမပဌိပဠာ အသံလွှင့်ဌာနကပါ ခင်ဗျာ့  အခု ဗိုလ်ချုပ်မှူးကြီး တို့  ရာထူအသီးသီးကနေ နှုတ်ထွက်ကြတယ်လို့  သတင်းရလို့  အဲဒါ့  နည်းနည်းလောက် ရှင်းပြ ပေးလို့ ရမလားခင်ဗျာ”
 “အေ့း့  မင်းတို့  သတင်းဌာနက ဘက်မလိုက် သတင်းဌာနဆိုတော့ ငါလေးစားတယ်ဟေ့ ငါတို့တိုင်းပြည်က သတင်းဌာန နဲ့  သိပ်မကွာဘူးကွ ”
 “ဟုတ့့်  ဟုတ့့်  ကဲ့   ခုန ကျနော်မေးထားတာလေး ဖြေပေးပါခင်ဗျာ”
 “ လာမဲ့ ရွေးကောက်ပွဲမှာ ၀င်အရွေးခံဖို့  အခုကတည်းက ကြိုထွက်ခိုင်းထားတာကွာ”
 “အော့့်  ဟုတ်ကဲ့  ဒါနဲ့  ဗိုလ်ချုပ်မှူးကြီးလဲ ဘယ်တော့လောက်များ စစ်တပ်ကနေ အနားယူဖို့  အစီအစဉ်ရှိပါသလဲ”
 “အေ့း့  ပွင့်ပွင့်လင်းလင်းပြောရရင်တော့   ငါနဲ့ မဆိုင်ဘူး၊၊ ယမမင်း(သေမင်း) နဲ့ ဘဲဆိုင်တယ်၊၊ မင်းသိချင်ရင် သူ့ ကိုသွားမေးဟေ့”
 “အခုဆိုရင် ရွေးကောက်ပွဲဝင်မဲ့ပါတီတွေကပြောနေကြပါတယ်၊၊ အမတ်လောင်းစာရင်းတင် ဖို့  ၂ ပတ်ဘဲ အချိန်ပေးတာ နည်းလွန်းလို့ တဲ့”
 “ နည်းတာ များတာ ငါ့အလုပ်မဟုတ်ဘူ့း့  ကျေနပ်ရင်တင် ၊ မကျေနပ်ရင် မတင်နဲ့   ဒါပဲ”
 “နေပြည်တော်က ရပ်ကွက်ငါးခုကို အမတ်လောင်းငါးနေရာဝင်ဖို့ ကိစ္စမှာ နည်းနည်းများ မလွန်ဘူးလားခင်ဗျ့  ရပ်ကွက်သုံးခုဆိုရင် မြေကွက်တွေဘဲ ရှိပြီး လူတွေမနေသေးတော့ ဘယ်လို မဲဆန္ဒရှင်တွေက၊ ဘယ်နည်းဘယ်ပုံ မဲပေးကြမှာလဲခင်ဗျ ”
 “အေ့း့  လူတွေမရှိရင် တိရစြွာန်တွေကို မဲပေးခိုင်းမယ်ကွ့ သိလား”
 “ လူမှုရေးအသင်းကြီး ဖြစ်တဲ့ ကြံ့ ဖွံ့ က အခုလို ပါတီဖြစ်သွားတာ ဘာကြောင့်ပါလဲ”
 “အစကတည်းက ပါတီလို့  ငါကပြောပြီးသာ့း့  မင်းတို့  မီဒီယာတွေက အသင်း အသင်း နဲ့ ပြောလို့  အသင်းဖြစ်နေတာ ၊၊ ပါတီဆိုတာလည်း အသင်းဘဲ၊၊ အသင်းဆိုတာလည်း ပါတီဘဲ၊၊ မှတ် ထားကွ၊၊
 “သြော့့်  ဟုတ်ကဲ့ မှတ်သားထားလိုက်ပါ့မယ့့်  ဒါနဲ့  ရွေးကောက်ပွဲပြီးရင် သမတကြီး လုပ်ဖို့ များ အစီအစဉ်ရှိပါသလား”
 “အေ့း့  အမှန်တိုင်းပြောရရင့့်  ငါကတော့ မလုပ်ချင်တော့ပါဘူ့း့  ဒါပေမဲ့ ပြည်သူ က အတင်းခိုင်းလာရင်တော့   အင့်း့  လုပ်ရမှာပေါ့ကွာ့  အဟီး”
 “ ပြည်သူ ဆိုတာ ဘယ်သူ့ ကိုပြောတာလဲခင်ဗျ ”
 “ ငါ့မိန်းမ့  ငါ့မယာ့း့  ကြိုင်ကြိုင်ကို ပြောတာကွ့  ရှင်းပြီလား ”
 “ အခုဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့  ပြောနေတာတွေ ရှိပါတယ်၊၊ သပိတ် မှောက်ရင် ရွေးကောက်ပွဲ ပျက်သွားမှာလားခင်ဗျ”
 “ အေ့း့  ငါ ရှင်းရှင်းဘဲပြောမယ့့်   မှောက်လေကြိုက်လေဘဲ့  ငါတို့ ချည့်ဘဲ မဲရတာ ပေါ့”
 “ ဒါဆိုရင် ပြည်သူအများစုရဲ့  ဆန္ဒမပါဘဲ လုပ်တဲ့ ရွေးကောက်ပွဲက ထွက်လာမဲ့ အစိုးရသစ်  တရပ်အနေနဲ့  ဘယ်လို တည်မြဲ နိုင်မလဲ ခင်ဗျာ”
 “ ဆန္ဒပါတယ် ၊ ဆန္ဒမပါဘူးဆိုတာ  ငါနဲ့ မဆိုင်ဘူး၊၊ အစိုးရသစ်တည်မြဲတယ် မတည်မြဲဘူး ဆိုတာလည်း ငါနဲ့ မဆိုင်ဘူး၊၊ အဓိက ကတော့ အာဏာဘဲ ၊၊ အာဏာကို အဲ့ဒီလို အဲ့ဒီလို ဆုပ်ကိုင် နိုင်ဖို့ သာ အဓိကဟေ့  အဓိကဟ”
 “ ဒါဆိုရင်  ဗိုလ်ချုပ်မှူးကြီး အခု ဆုပ်ကိုင်ထားတာ ဘာလဲခင်ဗျ”
 “ ငါ့  အခု့ ဘာကို့  ဆုပ်ကိုင်ထားသလဲ သိချင်ရင့့်  မင့်း့  လာကြည့်မလား ”
 “ဗျာ့  ကျ့  ကျနော်မေးတာက့ ”
 “ အေ့း့  မင်းသာ ငါ့ အနားမှာရှိရင် ငါ့လက်သီးက ထက်ထက်မိုးဦး လက်ဝါထက်ပြင်း တယ်ဆိုတာကို မင်းကိုယ်တိုင် သိသွားမယ့့် ကြားလာ့း့  ငါ့ အခုဆုပ်ကိုင်ထားတာ တယ်လီဖုန်း ကွ တယ်လီဖုန်းကွ”
                                                                                                                  ကော့သား
ဆင်သားလည်း ကြိုက်သဗျို့ 
 သဘာဝ၏ အဖိုးတန်လက်ဆောင်များကြောင့် တိုင်းပြည်ကြီးတခုလုံး အေးချမ်း သာယာ လျှက်ရှိပေသည်၊၊ ဥတု ရာသီ တောကိုမှီ၏ ၊၊ မှန်ပေစွ ၊၊ မင်းတရားကြီး လက်ထက်တော်တွင် အစဉ်မပြတ် ထိမ်းသိမ်း စောင့်ရှောက် ခဲ့သည့် ကျေးဇူးတော်များကြောင့် ဒီတော၊ ဒီတောင်၊ ဒီမြေ တို့ ၏ ကောင်းမွေကို တိုင်းသူပြည်သားတို့  ကိုယ်စိတ်နှလုံး သုံးပါးလုံးဖြင့် ခံစား စံစားရပေသည်၊၊ ဤကဲ့သို့ ဘုန်းကံရှိသော မင်းတရားကြီး လက်ထက် သည့်ထက် နှစ်ဆတိုးပြီး တိုင်းသူပြည်သား လူအများတို့  အတွက် ချမ်းသာ သုခများကို ယူဆောင်လာမည့် အရိပ်လက္ခာဏာအဖြစ် ဆင်ဖြူမ တော်ကြီးသည် ယခုနှစ် ၂၀၁၀ ဇွန်လကုန်လောက်တွင် ဘုန်းတော်ကြောင့်ပေါ်ထွန်းလာခဲ့ပေသည်၊၊ 
 ယနေ့ စတင်မည့် နေပြည်တော် ကြပ်ပြေး ညီလာခံကြီးသည်လည်း တမူထူးခြား လျှက်ရှိပေ သည်၊၊ ယခင်လို အစိမ်းပုတ်ရောင်တွေချည့်မဟုတ်တော့ပဲ အရောင်ပေါင်းစုံရောနှောလျှက်ရှိသည်ကို  ထူးခြားစွာတွေ့ မြင်ရသည်၊၊ တချို့ က အမဲရောင်တိုက်ပုံ ၊ ဘန်ကောက်လုံချည် ၊ တချို့ က အဖြူ ရောင်တိုက်ပုံ ၊ အစိမ်းရောင် ပိုးလုံချည် ၊ တချို့ မြန်မာအမျိုးသမီးကြီးများမှာ ဇာတပတ်အရှည်ကြီး ကို ဒူးနားအထိ ရောက်အောင် ချထားပြီး သစ်ခွပန်းမျိုးစုံကိုလည်း သူမတို့ ၏ ဆံထုံးများတွင် ပန်ဆင် ထားကြသည်ကို တွေ့ ရလေသည်၊၊ ညီလာခံ ကျင်းပရာ ခန်းမဆောင်ကြီးထဲတွင် အသီးသီးနေရာယူပြီး နောက် မင်းတရားကြီး ကြွတော်မူလာမည့် အချိန်ကို စကားတပြောပြောဖြင့် စောင့်ဆိုင်းနေကြလေ သည်၊၊
 တချို့ က မင်းတရားကြီးကို မျက်မြင်ကိုယ်တွေ့  ဖူးတွေ့ ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှား နေကြသည်၊၊ တချို့ က ဤမျှ ကြီးကျယ် ခမ်းနားသည့် ညီလာခံခမ်းမကြီးကို တောင်ကြည့် ၊ မြောက် ကြည့်ဖြင့် အလုပ်ရှုပ်နေကြသည်၊၊ နောက်တန်းမှာ နေရာရသည့် ကိုယ်စလှယ်တော်ကြီးများ၊ အမတ် မင်းများအတွက် မင်းတရားကြီးကို အနီးကပ်ဖူးမျှော်နိုင်ရန် တီဗွီကြီးများဖြင့် စီစဉ်ထားရှိသည်၊၊  မဟာဂီတ ကောင်ကင်ကြိုး သီချင်းကြီး တေးသံက ညီလာခံနှင့် လိုက်ဖက်လွန်းလှသည်၊၊
 “ ထက်ကောင်းကင် ကျွန်းကိုလှ့  ထက်ကောင်းကင် ကျွန်းကိုလှ့ မင်းတရားရယ့့် လေး   ရွှေ့ပြောင်းကာ့  စံခဲ့သော့့်  ဟေ့ လာ  ယောကျာ့်း့  ဘာသာ လေလေ”
 နောက်တန်းတွင်ရှိသော အမတ်မင်းက ဘေးတွင်ရှိသော အမတ်မင်းကို “ကျုပ်တို့ အညာ မှာတော့ အဲ့ဒီသီချင်းမျိုးက ဘုန်းကြီးတွေ ပျံလွန်တော်မူတဲ့အခါ နိဗ္ဗာန်ကျောင်းချမှ ဆိုတဲ့ သီချင်းနဲ့  တူများနေသလားလို့ ” အမတ်မင်းစကားမဆုံးမှီ ဘေးတွင်ရှိသော အမတ်မင်းက တတောင်ဖြင့် တချက်တို့ လိုက်ပြီ့း့ 
 “ သူဘာသာ ဘာသီချင်းချင်းဖြစ်ဖြစ် အမတ်မင်း တို့ ပါးစပ်တွေ့  ပိတ်ထားရင် ကောင်းမယ် ထင်တယ့့်  တော်ကြာ့ ရွှေနားတော် ပေါက်သွားမှဖြင့် ကိုယ်ကျိုးနည်းရချေရဲ့ ”
 “ အဲသည်လောက်တောင် ကြောက်မနေပေါင် ၊ သူ့ ဝေဖန် တာမှတ်လို့  သီချင်းဝေဖန်တာ ပဲ အမတ်မင်းရဲ့  ၊၊ ဒါနဲ့ သီချင်းခွေ မှားဖွင့်တာလဲ ဖြစ်နိုင်တာပဲ့ ”
 “အမလေး အမတ်မင်းရယ့့် သူတို့  မှားဖွင့် တာကလဲ အခုမှ မဟုတ်ဘူ့  မှားဖွင့်လာတာ နှစ်တွေလည်း မနည်းတော့ဘူ့း့ ကျုပ်တောင် မှားဖွင့်ပြီး ဒီကိုပါလာတာကြည့့် ”
 “နေစမ်းပါအုံ့း့  အမတ်မင်းရဲ့  အမတ်မင်းက ဘာကိုမှားဖွင့်တာလဲ့ ဆိုစမ်းပါအုံးဗျ”
 “အင့်း့ ကျုပ်က ကျုပ်တို့ မြို့ မှာ စီးပွါးရေးလုပ်ငန်းရှင် ဆိုပါတော့ ၊၊ လုပ်ငန်းပေါင်းစုံလုပ် တာပေါ့ဗျာ ၊၊ အဲတာ့  အနှိပ်ခန်းတွေ ၊ ဟိုတယ်တွေလည်းဖွင်းထားပါရဲ့ ၊၊ လုပ်တုန်းကတော့ ရိုးရိုး ဖွင့်တာ ပါပဲ၊၊ ဒါပေမဲ့ နောက်ပိုင်းအလုပ်ကမဖြစ်တော့ ကြံ့ ခိုင်ရေးနဲ့ ပေါင်းပြီး ရှယ်အနှိပ်ခန်း၊ ရှယ်ဟိုတယ် တွေ ဖွင့်လိုက်တာ နောက်ဆုံးတော့ ကြံ့ ဖွံ့ အမတ်မင်း အနေနဲ့  အရွေးခံဖို့  ဖြစ်လာတာဘဲဗျို့ ”
 နောက်တန်းမှ အမတ်မင်းများ တီးတိုးပြောဆိုနေစဉ် မင်းတရားကြီး ကြွလာပြီဖြစ်ကြောင်း ကြေညာလေသည်၊၊ ဘေးတွင်ရှိသော အမတ်မင်းက့ 
 “ကျုပ်ပဲ မျက်စေ့မကောင်းတာလာ့း့ ဘာလားတော့ မသိဘူး၊၊ မင်းတရားကြီး စီးလာတာ လားကြီးလား ၊၊ ဆင်ကြီးလားဗျ၊၊ ဘာကြီးလဲ၊၊ ဖြူဖြူဖွေးဖွေး ဆိုတော့ ဆင်ဖြူကြီးလားမှတ်တယ်ဗျာ ”
 “ ဟုတ်တယ်ဗျ့ တကယ့်ဆင်တော့မဟုတ်ဘူး ၊၊ ဆင်ဖြူရုပ်ကြီး ကို စီးလာတာ”
 “တယ်လဲ့  ဘုန်းကြီးသကိုးဗျ့  ဒီနေ့ ညီလာခံတော့ ဆင်ဖြူအကြောင်းနဲ့ ပြီးမယ် ထင် သပဗျာ့ ”
 မင်းတရားကြီး နေရာယူပြီးသည့်နောက်  ညီလာခံစလေသည်၊၊
 “မင်းကြီမျာ့း့ ”
 “ဘုရာ့း့ ဘုရား ”
 “အေ့း့  မင်းကြီးတို့  သိတော်မူပြီးတဲ့အတိုင့်း့  ငါကိုယ်တော်နဲ့ ထိုက်တန်တဲ့ ဆင်ဖြူ ရတနာကိုတော့ ရပြီကွဲ့  မောင်မင်းတို့  ၊၊ တိုင်းပြည်ကြီးလဲ သည့်ထက် စည်ပင်သာယာဝပြောဖို့  သာ ရှိပေတယ်မောင်မင်း၊ အခု မင်းကြီးများဟာလဲ နယ်ပယ်စုံကနေတက်ရောက်လာတာဆိုတော့ ငါကိုယ်တော်အနေနဲ့  အထူးတိုက်တွန်းလိုတာကတော့ လာမဲ့ပွဲမှာ အနိုင်ရဖို့  မင်းကြီးတို့ ရဲ့ တာဝန် ပဲ မဟုတ်လား”
 “မှန်လှပါ ဘုရား ”
နောက်တန်းအစွန်တွင် ထိုင်ပြီး ခစားနေသည့် အမတ်မင်းက ဘေးတွင် ခစားနေသည့် အမတ်မင်းကို တံတောင်ဖြင့် တို့ လျှက့့် နား  နား ကပ်ခါ့ 
 “အမလေ့း့ မစားရ ၀ခမန်း ပြောနေတာ့  ဆင်ဖြူပေါ်တာနဲ့  တိုင်းပြည်သာယာတာ ဘာဆိုင် တာ မှတ်လို့ ၊၊ အခုခေတ် ဆင်နဲ့  စစ်တိုက်လို့  ရနိုင်ကောင်းရဲ့ လားဗျ ၊၊ ကိုယ့်ပတ်ဝန်းကျင် နိုင်ငံတွေ လဲပြန်ကြည့်ပါအုံး”
 ညီလာခံကြီးတခုလုံး ၀ါးလုံးကွဲမတက် ရယ်သံများထွက်လာလေသည်၊၊ ရယ်သံကြောင့် အမတ်မင်းနှစ်ဦးလည်း  စကားပြောရပ်သွားသည်၊၊ ခုံနှစ်လုံးကြားတွင် တခုစီတပ်ဆင်ထား သည့်  မိုက်ခရိုဖုန်း မှ သူတို့ နှစ်ဦး၏ အသံ ညီလာခံခမ်းမကြီးတခုလုံး ပျံ့ သွားခြင်းဖြစ်ကြောင်း သတိထား မိ လေသည်၊၊ ပြဿနာတော့ စလေပြီ ၊၊
 “ တောက့့် ဒီ သောက်မိုက် တပ်ထားတာ ဘယ်မြင်မတုံး၊၊ ကျုပ်က နားနားကပ်ပြောတော့ ဒီမိုက်ခွက်ရှေ့  တည့်တည့်ပြောသလိုဖြစ်ပြီး အခုတော့ အကုန်လုံးကြားကုန်ပြီ ”
 စပီကာကြီးများမှ ထပ်ထွက်လာသည့် အသံကြောင့် ညီလာခံတခုလုံး အသောမသတ် ထပ်ရယ်ကြ ပြန်လေသည်၊၊ ထို့ နောက် မင်းတရားကြီးထံမှ အသံထွက်လာသည်၊၊
 “ကဲ့ အဲသည် နှစ်ကောင် ထစမ်းပါဦး”
 ပြောမိသည့် အမတ်မင်းနှစ်ဦးလည်း လက်အုပ်ချီလျှက် မတ်တပ်ရပ်လိုက်လေသည်၊၊ မင်းတရား ကြီးမျက်နှာ ယခင်ထက် ပိုဖောင်းလာသယောင်မြင်နေရသည်၊၊ အသက်ရှုပင် မှန်ပုံမရ၊၊ ထို့နောက် မဲ့  ပြုံးလေး တချက်ဖြင့်  ထုံးစံအတိုင်း ထီစံ၊ နန်းစံ စကားများကို မိန့် တော်မူလေသည်၊၊
 “မင်းတို့  က ဘယ်ကလဲ ”
 “ကျနော်မျိုးကြီးတို့ က အထက်ဗမာပြည် ကျောက်ဆည်မြို့ ကြံ့ ဖွံ့  အသင်းက ၀င်ပြိုင် မဲ့ အမတ်မင်းများပါဘုရား ၊၊ အခုလို နေပြည်တော်ညီလာခံထဲ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ အညာသားအမတ် မင်းများ ဖြစ်သည့်အတွက်  ပြောမှား ဆိုမှားများဖြစ်ခဲ့ လျှင် မင်းတရားကြီး သည်းခံ ခွင့်လွှတ်ပေးတော်မူပါဘုရား”
 ”အေ့း့ အေ့း့  ငါ့နယ်သားများဖြစ်တာကတကြောင့်း့ အခုအချိန်က ၂၀၁၀ ရွေးကောက် ပွဲအတွက် အင်္ဂလိပ်လိုပြောရရင် အဲ့  ကံဘိမ်(ဃောစငေါည) များပြုလုပ်နေတာက တကြောင်း၊ ဆင်ဖြူရှင်ဘုရင်ရယ်လို့  ဘိသိတ်ခံနေတဲ့ မင်္ဂလာယူတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် ငါကိုယ်တော် သည်းခံ ခွင့်လွှတ်လိုက်မယ် မောင်မင်းတို့  ကဲ ထိုင်စေ၊၊ ထိုင်စေ”
 “အမိန့် တော်အတိုင်းပါဘုရား”
 အမတ်မင်းနှစ်ဦးကိစ္စပြီးတော့ ရှေ့ ဆုံးတန်းတွင် ခစားနေသည့် ၀န်မင်းချုပ်ကြီးမှ သံတော် ဦးတင်လေသည်၊၊
 “ယနေ့ ညီလာခံဟာ လာမဲ့ရွေးကောက်ပွဲအတွက် မင်းတရားကြီးရဲ့ အဆုံးအမ သြ၀ါဒ တွေ ခံယူဖို့ ပဲ ဖြစ်ပါတယ်ဘုရား၊၊ ကျနော်မျိုးကြီးနဲ့ တကွ အခုခစားနေတဲ့ အမတ်မင်းများကို ၂၀၁၀ ပွဲမှာ အနိုင်ရဖို့ အတွက် ဘယ်လို ဘယ်ပုံမဲဆွယ်ရမယ်ဆိုတာကို ရှင်းပြပေးတော်မူပါဘုရား၊၊ အခုကြား နေရတဲ့ အခြေအနေ အရဆိုရင်တော့ ကျနော်မျိုးကြီး ပြိုင်ရမှာ ကြောက်တယ် ဘုရား ”
 “ ဟိတ့့်  တော်တန်တိတ် ၊၊ နမိတ်မရှိ နမာမရှိတဲ့ စကား မောင်မင်းမို့ ပြောထွက် ပေတယ်၊ဒီလောက်တောင်ကြောက်နေရင် ရော့  မောင်မင်းဝတ်ဖို့  မိဘုရားကြီး ထမီတထည်ယူသွား”
 မင်းတရားကြီးလက်တဖက်က ဘေးတွင် အတူထိုင်နေသည့် နန်းမတော်ကြီး ပေါင်ပေါ်သို့ ၀ဲလျှက် ဆွဲချွတ်တော့မည့် ဟန်ပြင်လိုက်သည်၊၊
 “နင်နော့့်  ပြောစရာရှားလို့  ငါ့ ထမီနဲ့  ဒင်း တန်းလို့ လာ့း့  ရာရာစစ့ ဟင်း ”
 မျက်နှာထိ မျက်နှာထားဖြင့် နန်းမတော် မိဖုရားခေါင်ကြီးက မင်းတရားကြီးဘက်သို့ လှည့်ပြီး ပြောလိုက်သည်၊၊ မင်းတရားကြီးက ဟန်မပျက့့် 
 “သွာ့း့  အခု သွားဝတ်၊၊ တောက့့်  မင်းတို့ ကို အစစအရာရာ သူများတွေထက် အကြောပေးပြီး လုပ်စားစရာ စီးပွါးရေးအဆင်သင့် ၊ လုပ်စားစရာ ရုံးခန်း အဆင်သင့်၊ လုပ်စား စရာ ရံပုံငွေ အဆင်သင့် ၊ လုပ်စားစရာ လူအင်အား အဆင်သင့်နဲ့  ကိုယ်လုပ်ချင်သလို လုပ်လို့ ရတဲ့ ရွေးကောက်ပွဲမျိုး ကမBာမှာ ပတ်ရှာကြည့် ၊၊ ခြေညောင်း ပြီး လေယဉ်ပျက်ကျရင်သေတဲ့ အထဲအစစ် ပါသွားမယ်၊၊ဒါမျိုးတွေ ဒီမှာပဲရမယ်၊၊ မင်းနားလည်လား၊၊ ဒီလို ရေကန်အသင့်၊ ကြာအတင့်၊ ဆင်ဖြူအသင့် နဲ့  အသင့် အသင့်တွေ ပတ်လည်ပေးထားရက်နဲ့  ရှုံးရင်တော့ မင်းတို့  ညံ့တာဘဲ၊၊ ကြံ့ခိုင်ရေး အသင်းကြီး
 “ဒါကတော့  ဒါပေါ့ဘုရာ့း့  ကျ့  ကျ့ နော်မျိုးကြီးပြောတာက ဘယ်လိုမဲဆွယ် ရမလဲ ဆိုတာကိုပါဘုရား ၊၊ မင်းတရားကြီးတုန်းက ဘယ်လို မဲဆွယ် ခဲ့သလဲ ဆိုတာလေးကို ကျနော်မျိုး ကြီးတို့ သိရအောင် ရှင်းပြပေးတော်မူပါဘုရား ”
 “ အေ့း့  တယ်လဲ့ အ့ တဲ့  ကောင်တွေကိုးကွ့  ဟုတ်လား၊၊ သက်ဦးဆံပိုင် ဘုရင် ဆိုတာ သူ့ ဘုန်းနဲ့ သူ ၊ သူ့ ဖြစ်ချိန်တန်လို့ ဖြစ်ရတယ် ကွယ်တို့  ၊၊ အင့်း့  ငါကိုယ်တော် ဖြည့်ကျင့် ခဲ့ တဲ့ ပါရမီတွေ အကျိုးဆက်ပေါ့ ၊၊ အခု ငါ့ပါရမီကြောင့် ဆင်ဖြူမကြီး ပေါ်ထွန်းလာခဲ့တယ်၊၊ အခုဆိုရင် တို့ နိုင်ငံမှာ ဆင်ဖြူ သုံးစီးတောင်ရှိပြီ မောင်မင်းတို့ ၊၊ ဟိုအရင် ၀န်ကြီးချုပ်ကတော့ ဆင်ဖြူကန်လို့  ထောင်နန်းစံနေရပြီ၊၊ ပေါ်လာတာကို မသုံးတတ်တော့ ခံရပေမယ်ပေါ့ ၊၊ နောင်ဆိုရင် တို့ တိုင်းသူပြည် သားတွေ အလုပ် လုပ်စရာမလိုတော့ဘူး၊၊  တ လိုက်တာနဲ့  ရစေမဲ့ ခေတ်ကို ရောက်စေရမယ် ၊၊ စပါးရွှေ ၀ါတောင်လိုပုံလို့  ရွှေငွေ ဥစ္စာတွေ တွင်းထဲက ခပ်ယူသလို ရတော့မယ့့် အေ့း့  မင်းတို့  အဲဒါ တွေကိုသာ နာနာပြောပြီး မစားရ၀ခမန်း  အဲ့  ယောင်လို့  အားရ ပါးရပြော စည်းရုံး ကြပေတော့မောင်မင်းတို့ ”
 “မှန်လှပါ့  ဘုန်းတော်ကြီးမြတ်လှကြောင်းပါဘုရား”
 ထို့ နောက် ရွေးကောက်ပွဲ ကော်မရှင်တော်ကြီးက လက်နှစ်ဖက်ကို နဖူးအထက်တွင် တင်ကာ မျက်စေ့ စုံမှိတ်လျှက် အောက်ပါအတိုင်းလျှောက်ထားပြန်သည်၊၊
 “ကျေးဇူးရှင်ကြီး ဘုရာ့း့  ဘုန်းတော်အနန္တ့  ဥာဏ်တော်အနန္တ့  တန်းခိုးတော် အနန္တ နဲ့   ပြည့့် ပြည့့် စုံ”
 ကန်တော့ခန်း မဆုံးသေးမီ မင်းတရားကြီး အသံကြောင့် ကော်မရှင်တော်ကြီးလည်း အရှိန် ပျက်သွားလေသည်၊၊
 “ဟဲ့  မောင်မင့်း့  ရုးများနေသလားဟဲ့  အင့်း့ နေ့ ခင်းကြောင်တောင် မိုးကြိုး ပစ်တော့မှာပဲ့  ဘုရားရှိခိုးမှန်းမသိ့   ဘုရင်ရှိခိုးမှန်းမသိနဲ့ ”
 “မှန်လှပါဘုရာ့း့  ကျနော်မျိုးကြီးလဲ ရရာ့  ကန်တော့ခန်းနဲ့  ကန်တော့မိတာပါဘုရား
သည်းခံတော်မူပါ့ဘုရား၊၊ အခုဆိုရင် ရွေးကောက်ပွဲဝင်မဲ့  အမတ်မင်းတွေ ကျနော်မျိုးကြီးတို့ ကော်မရှင်ရဲ့ ကျေးဇူးကြောင့် စည်းရုံးရေးလုပ်ငန်းတွေမှာ အဆင်ပြေချောမွေ့ လျှက်ရှိကြောင်းပါဘုရား၊၊ လူစုလူဝေး နဲ့  စည်းရုံးရေး မလုပ်ရဆိုတော့ သူတို့ ခမျာ ဇွဲမလျှော့ရှာဘူး၊၊ ပိုက်ဆံမရှိလို့ ဆိုပြီး ငြီးတဲ့လူက ငြီး၊၊ ရတဲ့နေ  ရာကနေ လုပ်မယ်ဆိုပြီး တအိမ်ဆင်း တအိမ်တက်နဲ့  စည်းရုံးနေကြပါတယ် ဘုရား၊၊ ပါးစပ်ကလည်း ပွစိပွစိနဲ့  ဟိုမီဒီယာက မေးရင် မတရားဘူးလို့ ဖြေလိုဖြေ ၊ ဒီမီဒီယာကနေမေးရင် ကြံ့ဖွံ့ ပါတာကို အပြစ်ပြောလိုပြောနဲ့  စကားပေါင်းစုံ ကြားနေရပါတယ် ဘုရား”
 “အေ့း့  တယ်လဲရှက်ဖို့ ကောင်းသကိုး မောင်မင်းရဲ့  ၊၊ မတရားဘူးထင်ရင် ၀င်မပြိုင်ပဲ နေလိုက်ကြပေါ့ ၊၊ မကျေနပ်ရင် ၀င်မပါကြနဲ့ ပေါ့ ၊၊ ရှင်းရှင်းလေးပဲ ၊၊ ဘာလာရှုပ်နေတာလဲ ၊၊ အေ့း့  ၀န်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ကွာ ၊၊ ကဲ့ ငါကိုယ်တော် နာယက လုပ်ထားတဲ့ ကြံ့ခိုင် ရေးပါတီထဲ ၀န်ထမ်းတွေ ပါတယ်ကွာ၊၊ စစ်ဝန်ထမ်းတွေ လွှတ်တော်ထဲ ပါအုံးမယ်ကွာ၊၊ ဘာဖြစ်လဲ၊၊ ငါမကြိုက်ရင် ချက်ချင်း  အာဏာပြန်သိမ်းလို့ ရတယ်ကွာ၊၊ လူသတ်ချင်သလောက်သတ် နောက်ကြောင်း ပြန် တရားဆွဲခွင့် မရှိဘူးကွာ ၊၊ မတရားဘူးလို့ ပြောတဲ့သူတွေ မတရားတာသိရင် ငါနဲ့ ကင်းအောင်နေ ကြ၊၊ ငါဘုရင် ၊ ငါ့ တိုင်းပြည် ၊ ငါ လုပ်ချင်သလို လုပ်မယ်ကွာ ၊၊ ဘာဖြစ်သေးလဲ”
 ညီလာခံပြီးခါနီးအချိန်တွင် မင်းတရားကြီး၏ ဆင်ထိန်းကြီး ညီလာခံသဘင်အတွင်းသို့  ၀င်လာပြီး ခစားလေသည်၊၊
 “ဘာ ကိစ္စတုံး မောင်မင်း သံတော်ဦးတင်စမ်း ဟဲ့ ငါ့ ဆင်မကြီး ဘာဖြစ်သလဲ ထိတ် ထိတ်ပြာပြာ ဖြစ်လိုက်တာနော့့်  မောင်မင်း”
 “မှန်လှပါဘုရာ့း့  အခုအသက် အရွယ် ၃၈ နှစ်ရှိတဲ့ ဆင်ဖြူမကြီးဟာ အစားအစာ ကောင်းများကို ကျွေးပါသော်လည်း မစားပါဘူး ဘုရား၊၊ တအင့့် အင့်  နဲ့  အော်ပြီး တိရစြွာန်တို့  ရဲ့ ဘာသာ ဘာဝ သဘောအရ ကိုယ်ဝန်ဆောင်ရမဲ့ အချိန်တန်နေပါပြီ ဘုရာ့း့  ကျနော်မျိုးကြီးတို့  ဆီမှာရှိတဲ့ ဆင်ဖြူတွေက အသက်ကြီးနေတဲ့အပြင် လှူတာတွေစားလို့  ၀ဖြီးနေပြီး မစွမ်းတော့ ကြောင်းပါ ဘုရား၊၊ ဆင်မဲ နဲ့ ဆိုရင်ကော ဖြစ်နိုင်ပါ့မလား ဘုရား ”
 “ ဟယ့့် တယ်မိုက်တဲ့  ဆင်ထိမ်းပါလား၊ ဆင်ဖြူနဲ့ ဆင်မဲ တူသလား တန်သလားဟဲ့ မောင်မင့်း့  ကဲ့ ကဲ့ ပြောနေကြာရော့မယ့့်  အဲဒီဆင်မကြီးကို ငါကိုယ်တော် အဆောင်ထဲ သွင်းလို့  ငါကိုယ်တိုင် -ုပ် လိုက်မယ် ဆင်ဖြူသားလေးတွေ ဖြစ်စေသတည်း”
 မင်းကြီးညီလာခံအဆုံးတွင် ကျောက်ဆည်အမတ်မင်းနှစ်ဦး တံတောင်ဖြင့်တွတ်လျှက် “ကျုပ် တို့  ဘုရင်က ကျောက်ဆည်သားဆိုတော့ ဆင်သားလည်းကြိုက်သဗျို့ ” ဟုပြောရင်း ညီလာခံကြီး တခုလုံး တိရစြွာန်စကား များဖြင့် အဆုံးသတ်လေသည်၊၊
                                                                       ကော့သား
မနောက်နဲ့  ဟ
မင်းကြီးမျာ့း့ 
 ဘုရာ့း့  ဘုရာ့း့ 
 အင့်း့  နိုင်ငံတော်အတွင်းမှာ နှစ်ဦးကာလ အတာသင်္ကြန်မှာ့ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ဆိုပြီး တအုံးအုံး နဲ့ ပေါက်လိုက်တဲ့ ဗုံးတွေ့  ဘယ်လိုများ ဖြစ်ရတာလဲ ကွယ်တို့ ၊၊
 မှန်လှပါ့  ဘုန်းတော်ကြောင့်ပါ ဘုရား၊၊
 ဟဲ့   ငါ့ ကိုယ်တော်ရဲ့  ဘုန်းနဲ့  ဗုံး ဘာဆိုင်လို့ လဲ့  မောင်မင်း၊၊
 မှန်လှပါ ဘုရာ့း့  ဆိုင်မဆိုင်တော့ မသိကြောင်းပါ ၊၊ ဤနေ့  ဤရက် ဤ အချိန်မှာ ပေါက် ရမယ်လို့  နေပြည်တော်ထုတ် မဟာသင်္ကြန်စာမှာ ရေးထားတဲ့ ယတြာအရ ကျနော်မျိုးကြီးတို့ စီစဉ်လိုက်တာပါဘုရား၊၊ 
 အေ့း့  အေ့း့  ယတြာကောင်းရင် မင်းလောင်းတောင်ပျောက်တယ် ဆိုတဲ့ စကား ရှိတယ် မဟုတ်လား မောင်မင့်း့  ချေကြ ၊ မှုန်းကြ့ အဲ့  ယောင်လို့ ၊၊
 အေ့း့ ဒါနဲ့  မောင်မင်းတို့ ဘယ်ကို မြှားဦးလှဲ့ ဖို့  လုပ်ထားသလဲကွဲ့ မောင်မင်း၊၊
 မှန်လှပါဘုရာ့း့ အခုအမှုက နည်းနည်းကြီးတယ်ဆိုတော့ အရင်လို ဖြစ်သလို ကရင်နဲ့ ကျောင်းသားတွေ့  ဖက်ချည်း လွှဲချလို့ မဖြစ်သေးပါဘုရား၊၊ မီဒီယာတွေမှာတော့ အဖျက်သမား ဆိုပြီး လောလောဆယ် ဘုံနာမည်တပ် ငါးမိနစ်တခါ ထုတ့်လွှင့်ပြသထားပါတယ် ဘုရား၊၊ တစ်ချက်ခုတ် အကုန်လုံးပြတ် ဆိုသလို အခြေအနေအရ မီးအုံ ထားတာပါဘုရား၊၊ နောက်ပိုင်းရွေးကောက်ပွဲနဲ့  ပတ်သက်လို့  ခမောက်တွေ ဟိုလုပ် ဒီလုပ်  လုပ်လာရင်တော့ ကျနော်မျိုးကြီးတို့  သင်္ကြန်ဗုံးကို အကြာင်း ပြုလို့  အကုန်လုံးကို ဆွဲစားဖို့  လုပ်ထားကြောင်းပါ ဘုရား၊၊ ကချင်မှာပေါက်တဲ့ ဗုံးကိုလည်း မင်းတရား ကြီး စကားနားမထောင် ၊ နယ်ခြားစောင့်တပ် ဖွဲ့ ဖို့  ခေါင်းမာနေတဲ့ ကေအိုင်အိုအတွက် ထောင်ချောက်  ဆင် ထားကြောင်းပါဘုရား၊၊
 မှန်လှပါ့ မင်းတရားကြီး လက်ထက်တော်မှ ဘုန်းတော်ကြောင့် ပေါ်ပေါက်လာတဲ့  နိုင်ငံ ရေးသုခမိန်များ ဖြစ်သောကြောင့်ပါ ဘုရား၊၊
 အေ့း့  ဒါနဲ့  ငါကိုယ်တော် ရေးလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ အခြေအနေရော ဘယ့် နှဲ့ လဲ့ မောင်မင်းတို့ ၊၊
 အင့်း့  အခုနေတော့ ပြည်ပနဲ့ ပြည်တွင်းမှာ မတရားဘူး ဆိုတဲ့ အသံတွေ ထွက်နေပါ တယ်ဘုရား၊၊
 အယ့့်  တယ်လဲ မိုက်ကြပေးကို့း့  ငါကိုယ်တော် ၊ ငါဘုရင် ၊ ငါ့ ဖာသာ တိုင်းပြည်  ဘယ်နှစ်ပတ် ပတ် ၊ ဒင်းတို့ နဲ့  ဘာဆိုင်လဲ့  ရွေးကောက်ပွဲ လုပ်ပေးတာတောင် လွန်လှပြီ့ ၊၊
 မှန်ပါဘုရာ့း့ ကျနော်မျိုးကြီးတို့  ပြည်တွင်းအတွက်ဆိုရင်တော့ ရွေးတာတို့ ၊ ကောက်တာ တို့  ဘာမှ မလုပ်လည်း ကျနော်မျိုးကြီးတို့  ပြည်သူ ပြည်သားတွေက ဘာမှပြောတာမှတ်လို့ ၊၊ ဒါပေမဲ့ ပြင်ပကမBာက လက်ခံအောင်လို့  ဒါတွေကို အဖြစ် လုပ်ပြနေရတာ ပါဘုရား၊၊ အခုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်နေပါတယ်ဘုရား၊၊ ခမောက်တွေက မပါဘူးဆိုတော့ ပွဲက မလှဘူးဖြစ်နေတယ် ဘုရား၊၊ သူတို့ သာ ပါရင် ပွဲက လှပါတယ် ဘုရား၊၊ တစ်ချက်ခုတ် အကုန်လုံးပြတ့့်  ပွဲသိမ်းကြောင်းပါ ဘုရား၊၊
 ဟဲ့ တစ်ချက်ခုတ် ဆိုတာ ဘာလဲ့  မောင်မင်း၊၊
 မှန်လှပါဘုရား၊၊ ခမောက်တွေသာ ဒီကွင်းထဲ ၀င်လာရင် ပွဲက ပြီးပါပြီ ဘုရား၊၊ ပါတီ မှတ်ပုံ တင်လိုက်တာနဲ့  ကမBာကမတရားဘူးလို့ ပြောနေတဲ့ ရွေးကောက်ပွဲ ဥပဒေက သူဘာသာ အလိုလို တရားသွားပါလိမ့်မယ် ဘုရား၊၊ လောင်းကစားသမား စကားနဲ့  ပြောရရင်တော့  ခေါင်ထိ အကုန်စား လိုပါဘုရား၊၊ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ် သူဖာသာ သူ ဖျက်သလိုဖြစ်၊ သူ့ ခေါင်းဆောင်တွေကို ထောင်ချထားတာ တရားသဖြင့် ပြုသလိုဖြစ်၊ ကိုယ့်ခေါင်းဆောင် ကိုယ်ဘာသာ ကိုယ်ထုတ်သလိုဖြစ်၊ ဖျစ့့်  ဖျစ့့်  ဖျစ့့်  နဲ့  အမလေး အသဲယားစရာကြီးပါဘုရား၊၊
 အေ့း့   အဲ့သည်လောက် ယားစရာကြီး ဖြစ်တာတောင် ဘာဖြစ်လို့  မ၀င်ရေးဘက်က နိုင်ရသလဲ မောင်မင်းရဲ့   သံတော်ဦးတင်စမ်း၊၊
 မှန်လှပါဘုရာ့း့  မင်းတရားကြီး ရွေးကောက်ပွဲ ဥပဒေလည်း ထုတ်လိုက်ရော ကျနော်မျိုး တို့  တိုင်းပြည်မှာ နိုင်ငံရေး စကားလုံးအသစ်တွေ ထွက်လာပါတယ် ဘုရား၊၊ ကိုလိုနီခေတ်မှာတောင်  မရှိသေးတဲ့ စကားတွေပါဘုရား၊၊ ဘာတဲ့ ၊၊ “ခေါင်းပြတ် နိုင်ငံရေး”နဲ့  “ခြေပြတ် လက်ပြတ် နိုင်ငံရေး” လို့ ဆိုပါတယ် ဘုရား၊၊ ကျနော်မျိုးကြီးတို့  ခင်းထားတဲ့ လမ်းအတိုင်းလျှောက်ရင် “ခေါင်းပြတ် နိုင်ငံရေး ” လို့  ခေါ်ပြီး ဆန့် ကျင်ရင်တော့ ““ခြေပြတ် လက်ပြတ် နိုင်ငံရေး”ဖြစ်မယ်လို့ ဆိုပါတယ်ဘုရား၊၊
 အေ့း့  နေပါအုံး မောင်မင်းရဲ့  ငါတို့  နေပြည်တော်မှာ လုပ်နေတဲ့ နိုင်ငံရေးကရော ဘယ် အမျိုးအစားထဲမှာ  ပါသလဲ မောင်မင်း ၊၊
 မှန်လှပါဘုရား၊၊ ကျနော်မျိုးကြီးတို့  နေပြည်တော်ရဲ့  နိုင်ငံရေးကတော့ ကမBာမှာ ဘယ်နိုင်ငံ မှာမှ အသုံးမပြုသေးတဲ့ “တကိုယ်လုံးပြတ်” ဆိုတဲ့ နိုင်ငံရေးပါဘုရား၊၊ ကျနော်မျိုးကြီးတို့ က ဒီအခြေ အနေကို ဆက်ထိမ်းထားနိုင်ရင် ပြည်သူတွေ တကိုယ်လုံးပြတ် ပါမယ်ဘုရား၊၊ အဲ့သည်လိုမှ မဟုတ်လို့ မထိမ်းနိုင်ရင်တော့ ကျနော်မျိုးကြီးတို့ ပြတ်ပါမယ် ဘုရား၊၊
 အေ့း့  တယ်လဲ ရှုပ်ထွေး တဲ့ နိုင်ငံရေး လောကပါလား ကွယ်တို့  ဟူး၊၊
မင်းတရားကြီးက သက်ပြင်းတချက် မှုတ်ထုတ်လိုက်သည်၊၊ ဘေးတွင် ခစားနေသော အိမ်ရှေ့ စံ မင်းသား ကြီးက “ဟင့်း့  ငါ့ အကွက်တော့ ဆိုက်ပြီ ဆိုသည့် အတွေးဖြင့် ”
 “မှန်လှပါဘုရား ၊၊ နောက်ပိုင်းဆိုရင်သည့်ထက် ပိုပြီး ရှုပ်ထွေးလာမဲ့ အရေးတွေကြောင့် မင်းတရားကြီးကျန်းမာရေးအတွက် အနားယူသင့်ကြောင့်ပါဘုရား၊၊ အေ့  ”
လေချဉ်အတက် ၀ီစကီအနံ့ က နန်းတော်ဆောင်အတွင်း ပျံ့ သွားသည်၊၊
 တယ်လည်း မိုက်တာပဲ အိမ်ရှေ့ စံကြီး၊၊ မင်း အသာနေစမ်းပါ၊၊ မင်းလုပ်လို့  ဘာမှမဖြစ်ဘူး၊ ငါသွားရင် မင်းကိုလည်း ခေါ်သွားမှာပဲ၊၊ ငါရှိရင် မင်းရှိရမယ်ပေါ့ ၊၊ မင်းဘာသာ မင်း အေးအေးသောက်  အေးအေးနေစမ်းပါ၊၊အခု ငါစာလေးနှစ်ကြောင်းရေးလိုက်တာနဲ့  ၉၀ ရလာဒ် ပျက်သွားပြီ၊၊ ငါ့လူတွေဒိုင် လုပ်ပြီး လာမဲ့  ရွေးကောက်ပွဲမှာ ရှုံးလို့ ကတော့  မင်းမပူနဲ့ ၊၊ စာလေးကြောင်းထက်ပိုရေးစရာမလိုဘူး၊
အခုရွေးကောက်ပွဲဆိုတဲ့ အနံ့လေးပေးလိုက်တာနဲ့  ၀င်လာလိုက်တဲ့ ပါတီတွေ၊၊ ငါတို့  အစိတ်သား ယူထားတာတောင် နဲသေး၊၊ ငါးဆယ်သား ယူထားလည်း ၀င်ချင်တဲ့ ပါတီက ၀င်မှာဘဲ၊၊ အတွင်းဝင်ပြီး  ပူးသတ်မယ်လေး၊၊ ပင်းသတ်မယ်လေးနဲ့ ၊၊အမလေ့း့  ဖြစ်မှ ဖြစ်ရလေ ကွယ်တို့ ၊၊ လုပ်လာတဲ့ အမျိုး သားညီလာခံကိုပဲ ကြည့် ၊၊ အခြေခံဥပဒေကို ပူးပြင်မယ်လေ့း့  ပေါင်းပြင်မယ်လေး နဲ့  ညီလာခံလုပ်ထုံးနဲ့ ပိတ်လိုက် တော့ ဘယ်ကောင် ပါးစပ်ဟရဲ လဲ၊၊ မခံနိုင်ရင်ထွက်၊၊ ဆန့် ကျင်ရင်ဖမ်း၊၊ အမလေး ဟန်ကိုကျလို့  နောက်ဆုံး ဆန်ကျင့်တဲ့ကောင် နိုင်ငံရေးအကျဉ်းသမားတောင် ဖြစ်ပိုင်ခွင့်မရှိဘူး၊၊ မှတ်ထား၊၊ အဲဒါ ငါလုပ်တဲ့ နိုင်ငံရေးပဲ၊၊
 မှန်လှပါဘုရား၊၊ ကျနော်မျိုးကြီး စိုးရိမ်တာက ရွေးကောက်ပွဲအရ တက်လာမဲ့ အစိုးရကို ကမBာ က အသိအမှတ်ပြုပါ့မလား ဘုရား၊၊
 အဲမလေ့း့  ပူနိုင်ရန်ကော့  နိုင်ငံခြားဝန်မင်းရဲ့ ၊၊ ငါတို့  ၈၈ တုန်းက လူတွေသောင်းချီ သတ်ပြီး တက်လာတာတောင် ကုလသမဂ္ဂ က လက်ခံခဲ့တာပဲ၊၊ အရေးလုပ်လို့  ထွီ  ၊၊
 မှန်လှပါဘုရား၊၊ ကဲ့  ကဲ ၊၊ မင်းတရားကြီးလည်း ပန်းလှပြီ၊၊ ညီလာခံ ခဏနားလို့  နှစ်သစ် မင်္ဂလာ သင်္ကြန်မှာ မင်းတရားကြီးကိုယ်တော်တိုင် နေပြည်တော် ရေသဘင် မဏ္ဍပ်မှာ ရေအပတ်ခံဖို့  စီစဉ်ကြစေဗျာ၊၊
 “ အမလေ့း့ မလုပ်ကြပါနဲ့  မင်းတို့ သင်္ကြန်က့  ရေဗူးပေါင်းလောက်နဲ့ တင်ပစ်တာ မဟုတ်ဘူ့း့  တကယ် လက်ပစ်ဗုံးနဲ့ ပါ ပစ်တာဟ့  မသကာ ငါ့ ခေါင်းပေါ်ကျမှဖြင့့်  အမလေး   ဘုရင်ကို့ အဲလိုတော့ မနောက်နဲ့  ဟ့ ဟီ့း့ ဟီး၊၊
                                                                                                                    ကော့သား
နေပြည်တော်ပုံပြင်နဲ့  ၂၀၁၀ ဒဏ္ဍာရီ
 နေညိုချိန် ရောက်လေမှဖြင့် လေပြိုတတ်တဲ့အိမ်ရှေ့ စံမင်းသားကြီး နဲ့  မင်းတရားကြီး တို့  လူတစု ကားတန်းကြီးနဲ့  နေပြည်တော်ကို ပတ်ကြည့်ကြတယ်ဆိုဘဲ၊၊ ဗမာပြည်အလယ် ဗဟိုကျတယ် ဆိုတဲ့ ကြီးမားတဲ့ ခံယူချက်နဲ့  ပြောင်းရွှေ နန်းစိုက် ခဲ့တဲ့ ကြပ်ပြေးနေပြည် တော်ကြီး၊၊ အဆောက်အဦးတွေ ကြည့်ပြီး ပီတိတွေဖြာစင်း နှုတ်မိန့် တွေ တခြွေခြွေနဲ့ ၊၊
 ဒီလို ဆောက် ၊ ဒီလိုလုပ် နေရတာကို ပဲ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်တယ် လို့ ဆိုပဲ၊ ဒါကြောင့်လည်း မင်းတရားကြီး ဘ၀မတိမ်းခင် မိဘုရားခေါင်ကြီးနာမည်နဲ့  ဘိလပ်မြေစက်ရုံ တခုကို စက်မူဝန်ကြီး အောင်သောင်းက လက်ဆောင်ပဏ္ဍာအဖြစ် တည်ဆောက်ပေး လိုက်တယ်၊၊ အခုလည်း နိုင်ငံတော်ပိုင်တဲ့ စက်ရုံတွေ၊ လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲ လွှဲပေးနေလိုက်တာ ရက်ရက်ရောရောဆိုပါလား၊၊ နောက်ဆုံး မြန်မာ့လေကြောင်းလိုင်းတောင် နိုင်ငံတော်က မပိုင်တော့ဘူး၊၊ အိမ်ရှေ့ စံ မင်းသားကြီးနဲ့  စက်မှုဝန်တို့ ကခမည်း ခမက်တွေ ဆိုတော့ အခြားနာမည်ခံနဲ့  ကမေBာဇဘဏ်ကို လွှဲတယ်တဲ့၊၊  တကယ်ပိုင်တာကတော့ နယ် စပ်မှာ ဘိန်းအခွန်တော်ငွေတွေ ကောက်ပြီး ချမ်းသာခဲ့တဲ့ အိမ်ရှေ့ စံကိုယ်တော်ကြီးပိုင်တာ ပါတဲ့၊၊ စက်ရုံတွေ လွှဲပေးလိုက်တာလဲ မင်းတရားကြီး စိတ်ချရတဲ့ တေဇ တို့ က အများဆုံး ရကြတယ်ဆိုပဲ၊၊
 နိုင်ငံတော်ပိုင်တွေကို ပုဂ္ဂလိကတွေက ပြောင်းလဲလုပ်ကိုင်တာဟာ အင်မတန် ကောင်းတဲ့ လုပ်ရပ်တွေဖြစ်ပေမဲ့ အခု ၂၀၁၀ ကျမှ ကတိုက်ကရိုက် အသဲအသန်လွှဲနေတာ ဟာ မရိုးသားမှန်း လူတိုင်းသိတဲ့ ကိစ္စ၊၊ သေချာတာကတော့ ရွေးကောက်ပွဲပြီးတဲ့ နောက် တက်လာ မဲ့ အစိုးရသစ်ကို ဘာမှ လုပ်ပိုင်ခွင့်မရှိအောင် အားအင်ချိနဲ့ အောင် လုပ်တဲ့ သဘော လိုများ ဖြစ်မနေဘူးလား၊၊ ဒါတောင် နောက်အစိုးရဆိုတာ သူ့ ခါးပိုက်ထောင်ထဲက လူတွေပါ၊၊ သူ့ လူတွေကိုတောင် သူမယုံရဲဘူး၊၊ ကောင်းတဲ့ စက်ရုံတွေအကုန်လုံး တေဇတို့ လက်ထဲလွှဲ ၊၊ အစုတ် အပြတ်တွေ နောက်အစိုးရအတွက် ထားခဲ့၊၊ အင်မတန်ရှင်းတဲ့ ယုတ်မာမှုတွေကို လုပ်နေတဲ့ မင်းတရားကြီးတို့ လူတစုပါ၊၊ သိသာထင်ရှားတဲ့ အများသူငှာပါဝင်နိုင်တဲ့ လေလံဆွဲစနစ်တွေ ကို မသုံးရဲတော့ အခုလို ခိုးကြောင် ခိုးဝှက် နဲ့  လက်သိပ်ထိုး ပြည်သူပိုင်ပစ္စည်တွေကို ပရမ်း ပတာ လုပ်ပစ်လိုက်တာပဲ၊၊
 မကြာခင်မှာ ကြားဖြတ်အစိုးရဖွဲ့ တော့မယ်လို့ ကြားနေရတယ်၊၊ ကြားဖြတ် အစိုးရ ဖွဲ့ ပြီးမှ ၂၀၁၀ ရွေးကောက်ပွဲ ဥဒေတို့  ပါတီ မှတ်ပုံတင်ဥပဒေတို့ ထွက်မယ်လို့  လေသံ ပစ်နေတယ်၊၊ အင်မတန် ဥာဏ်ကြီးပါပေ့၊၊ ကြားဖြတ်အစိုးရက ထုတ်တဲ့ ရွေးကောက်ပွဲ ဥပဒေ ဆိုတော့ ဘာတွေပဲထုတ်ထုတ် မင်းတရားကြီးတို့ နဲ့ မဆိုင်ဘူးဆိုတဲ့သဘောပေါ့၊၊ ကမBာက “မင်းတို့ မတရားဘူး၊ တဖက်သတ်ကျတယ်”လို့ ပြော လာရင် “ငါတို့ ထုတ်တာမဟုတ်ဘူး ဟိုကောင်တွေ” ဆိုပြီး မဲ့ပြုံးလေးနဲ့  လက်ညှိုးထိုးပြ  လိုက်ရုံပေါ့၊၊
 ဒီတော့ ထွက်လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ဘာတွေဖြစ်နေမလဲဆိုတာ အထွေအထူးစဉ်းစားနေဖို့ မလိုဘူး၊၊ သူတို့ ထုတ်တဲ့ အထိ ထိုင်စောင့်ပြီး ထွက်လာတော့မှ တစ်ကျပ် ကို ကိုးဆယ်ကိုးပြားနဲ့ ဈေးဆစ်နေရမှာလား၊၊အခုတလောကြားလိုက်ရမှဖြင့် ရွေးကောက် ပွဲဥဒေမထွက်သေးလို့  စောင့်နေတဲ့ လေသံနဲ့  အတိုက်အခံတွေပြောနေကြတယ်၊၊အင်မတန်လည်း ရှက်ဖို့ ကောင်းတယ်၊၊ ဘာတခုမှ ကြိုတင်ပြင် ဆင်ခွင့်တွေမပေးပဲ ၂၀၁၀ တစ်နှစ်ထဲမှာ ရွေးကောက်ပွဲ ဥပဒေရော၊ ရွေးကောက်ပွဲရော၊ လွှတ်တော်ခေါ်ဖို့ရော စုပြုံလုပ်ကတည်းက မရိုးသားမှန်းသိသာနေတာပဲ၊၊ လူထုကို မဲဆွယ်ရမဲ့အချိန်က မိုးရာသီ ၀ါဆို ၀ါခေါင်သာဖြစ်ခဲ့ရင် မိုးထဲ ရေထဲ ဘယ်နေရာမှာ ဘယ်ပြည်သူလူထုကို ဘယ်လို စုရုံးပြီး မဲဆွယ် လို့ ရမှာလဲ၊၊ မိုးခေါင်တဲ့ မြန်မာပြည်အထက်ပိုင်းလောက်သာ စည်းရုံးဟောပြောဖို့  ဖြစ်နိုင်ပြီး အောက်ပိုင်းတွေမှာ သွားရေးလာရေးခက်ခဲလို့  ဘယ်ပါတီက စည်းရုံးရေးဆင်းနိုင်မှာလဲ ၊၊အဲဒီလို နိုင်ငံရေးပါတီတွေကို အကြပ်ရိုက်အောင်လုပ်ထားပြီး စစ်တပ်ပါတီ တွေဖြစ်တဲ့ ကြံ့ ဖွင့် တွေ စွမ်းအားရှင်တွေက တဖက်သတ် အနိုင်ရအောင် လုပ်မဲ့ ရွေးကောက်ပွဲ၊၊ ဘယ်မှာလဲ ပြည်သူ လူထုရဲ့  အခန်းကဏ္ဍ၊ ဘယ်မှာလဲ ဒီမိုကရေစီ၊၊
 အခုလုပ်မဲ့ ရွေးကောက်ပွဲမှာ မဲလိုချင်တဲ့ အခါကြတော့ ဘယ်ပါတီမှ တရားဝင်စည်း ရုံးခွင့်မရသေးခင် စစ်တပ်ပါတီက ၀န်ကြီးဆိုသူတွေက လူထုကို အတင်းအဓမ္မခေါ် အစည်း အဝေးလုပ်ပြီး ကြိုတင်မဲဆွယ်လာတယ်၊၊ အစည်းအဝေးပြီးရင် ငွေဆယ်သိန်း၊ ဆယ်ငါးသိန်း လောက်လှူသွားတယ်၊၊ ဒီကြားထဲ အားမလို အားမရ ဟောင်သွားသေးတယ် ၊၊ အဲ ဘာတဲ့“ပြည်ပက အော်နေတဲ့ မီဒီယာတွေက ခင်ဗျားတို့ ကို အဲသည်လို လှူဘူးသလား ”တဲ့ အမယ်လေး ဖြစ်မှဖြစ်ရလေ အောင်သောင်းရယ် လို့ သာ သြောချမိပါရဲ့ ၊၊
 အဲဒီလို လုပ်တဲ့အထဲမှာ စက်မှုဝန် အောင်သောင်း ဟာ အရှက် မရှိဆုံးနဲ့ အကဲဆုံးပဲ၊၊၊ မွေးရပ်မြေ ပြန်ပြီး သူတို့ ကိုမဲထဲ့ပေးဖို့  မဲပြန်တောင်တဲ့ ၀န်မင်းတွေကလည်း အခုတလော “အမဲရုံခွေးလမ်းပေါက်သလို” ဖြစ်နေတယ်ဆိုဘဲ၊၊ နှုတ်ခမ်းလန်လန်ပြီး သတင်းစာရှင်း လင်းပွဲတွေမှာ “ကျနော်တို့ ပြောတာကိုသာ နားထောင်ပါ မေးခွန်းမမေးပါနဲ့”လို့ဆိုတဲ့ ပြန်ကြားရေးဝန်ကျော်ဆန်း ဆို သတင်းစာ မှာ မတွေ့ တာကြာလို့  မင်းတရားကြီးရဲ့  ခုံရုံးထဲ ရောက်နေပြီလို့ တောင် ပြည်သူတွေကထင်ပြီး စိတ်မကောင်းဖြစ်နေကြသေးတာ၊၊ ဘယ် ဟုတ်မလဲ၊၊ မွေးရပ်ပြန်ပြီး မဲဆွယ်တရားဟောနေတာကိုး၊၊ သတင်းယူတဲ့ ပြန်ကြားရေး နောက်လိုက် တွေတောင် သူတို့ ပြန်ကြားဝန် ဘယ်ရောက်နေတယ် ဆိုတာကို ပြည်သူလူထုကို အချိန်မှီ ပြန်ကြားမပေးနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုပဲ၊၊ လူဆယ်ယောက်လောက်စုမိတာနဲ့  သူ့ ကိုမဲပေး ဖို့  မျက်နှာချိုသွေးနေရတဲ့  ပြန်ကြားဝန် ဟိုတနေ့ က အကယ်ဒမီဆုပေးပွဲကို ခုတုံးလုပ်ပြီး မဲဆွယ် လိုက်ပုံလေးကတော့ သနားစရာကိုဖြစ်လို့ ၊၊
 “အနာဂတ်နိုင်ငံတော် ၏ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးမှုများအတွက် ယုံကြည်စိတ် ချနိုင်မည့် ဖော်ဆောင်ပေး နိုင်မည့် လူပုဂ္ဂိုလ်အဖွဲ့ အစည်းများကို အသိတရားနှင့်ယှဉ်၊ သတိတရား နှင့်ပေါင်းစပ်ပြီး ရွေးချယ်ပေး ရန်လိုအပ်ကြောင့့်း့ ”ပြောချင်တာကတော့ ဒါလေး ပဲ၊၊ တိုက်ရိုက်ပြောမဖြစ်တော့ ရှေ့ မှာ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ ပဏာမ မိန့်ခွန်းကြီးက အရှည် ကြီး၊၊ ကြပ်ပြေးမှာ ရုပ်ရှင်ရုံနောက်ထပ်အသစ်တခု တည်ဆောက်နေတာနဲ့ မြန်မာ့ရုပ်ရှင်လောက ကြီး ကမBာ့အဆင့်အတန်းမှီတော့ မတတ် “ငါ့စကားနွားရ” ပြောနေတာ ယူထားတဲ့ ရာထူး နဲ့ တောင် မတန်ဘူး၊၊ တကယ်တော့ အကယ်ဒမီဆုရသွားတာက ရုပ်ရှင်လောကသားတွေ မဟုတ်ပါဘူး၊၊ ၂၀၁၀ ရွေးကောက်ပွဲ အကြိုမဲဆွယ် အမျိုးသားသရုပ်ဆောင် အကယ် ဒမီဆု  ကို ပြန်ကြားရေးဝန် သာလိကာ ကျော်ဆန်း ကရသွားတာပါ၊၊
 သာလိကာနဲ့ အတူတက်တဲ့ အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦး၊ ခေါ်ရတာ နာမည်က ရှည်လွန်းလို့  မြန်မာပြည်မှာတော့ ရှစ်လုံးကြီး လို့ပဲ တိုတိုတုတ် တုတ် ခေါ်ကြတယ်၊၊ စကားပြော ရိုင်းချက်ကတော့ ဘယ်ဥကပေါက်သလဲ လို့ မေးရ မတတ် ဘဲတဲ့၊၊ စကားမစရသေးဘူ့း့  ဒေါသက ရှေ့ နှစ်မိုင်လောက်ရောက်နေပြီ၊၊ စားတာ ၀ါးတာက တော့ သူ့ တူမတွေ ဆွေတွေမျိုးတွေ အကုန်လုံး အသွင်းအထုတ် ကုမ္ပဏီ တွေထောင်ကြလို့ လူချမ်းသာကြီးတွေဖြစ်ကုန်ပြီ၊၊ ကိုယ်ပိုင်အရည်အချင်းနဲ့  ဗိုလ်အဆင့်လောက်တွေက အခု လို ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ပေါပေါလောလောဗိုလ်ချုပ် ရာထူးတွေရနေကြတော့ မွေးရာပါ ယဉ်ကျေးမှုအခံနဲ့ ယူထားတဲ့ ရာထူးကကြီးတဲ့ အခါကြတော့ အံမ၀င်တော့ဘူး၊၊ အဲဒီအခါ ဖုံးမရဖိမရ စရိုက်တွေက ပေါ်လာတော့တာပဲ၊၊
 အခုခေတ် မြန်မာပြည်မှာ လူတွေအများဆုံးပျက်စီးနေတာကတော့ စိတ်ဓါတ်ရေး ရာမှာပဲ၊၊ ဒါကို တည်ဆောက်ပြုပြင် ဆိုတဲ့ အပြင်လောက ရုပ်ပစ္စည်းတွေနဲ့ ထိန်းသိမ်းလို့  မရ နိုင်ဘူး၊၊ အဆောက်အဦးတွေ၊ တိုက်အမြင့်ကြီးတွေ ၊ လမ်းကြီးတွေ၊ တံတားကြီးတွေ ဆောက် ပြီး အပြင်ပန်းဟန်ပြတိုးတက်ရေးလုပ်နေလို့  တိုင်းပြည်တိုးတက်မလာဘူး၊၊ ပိုက်ဆံတွေ ချမ်းသာ ပြီး လမ်းဘေးသူတောင်းစားလောက် စိတ်ထား မမြင့်မြတ် သူတွေ တပုံကြီး၊၊ ရာထူးတွေ မိုးထိ ရောက်အောင် ယူထားပြီး မိန်းမပျက်တစ်ယောက်လောက်တောင် အသိတရားမရှိသူတွေ တပုံကြီး၊၊ တိုက်အကောင်းစားကြီးတွေ ၊ ဇိမ်ခံပစ္စည်းမျိုးစုံနဲ့ ပျော်ပါးယစ်မူးနေပြီး ၀ါးခြမ်းခင်း တဲစုတ်ထဲမှာနေတဲ့ သာမန်ဆင်းရဲသားတွေလောက်တောင် ကိုယ့်ကျင့်သိက္ခာမရှိတဲ့ သူဌေး ဆိုတဲ့သူတွေ က တပုံကြီး၊၊ ဘယ်ခေတ်မှာမှ မဖြစ်ဘူးခဲ့တဲ့ စိတ်ဓါတ်ရေးရာပျက်ပြားမှုတွေ မင်းတရားကြီးတို့ ခေတ်မှာ အကုန်ဖြစ်တယ်၊၊ ကြပ်ပြေးနေပြည်တော်ခေတ်မှာအကုန်ဖြစ်တယ်၊
 ဘာကြောင့်လဲ၊၊ အပြင်ပန်း ပြုပြင်တည်ဆောက်မှုတွေနဲ့  တိုင်းပြည်ကို တည်ဆောက် တယ်၊၊ ပြည်သူလူထုရဲ့ အတွင်းစိတ်ကို တိုးတက်ဖွံ့ဖြိုးအောင် တပါတည်း ဆွဲမခေါ်နိုင်ခဲ့ဘူး၊၊ ခေါ်နိုင်လောက်တဲ့ အရည်အချင်းသူတို့ ကိုယ်တိုင်မှာလည်းမရှိဘူး၊၊အရည်အချင်းရှိတဲ့ သူတွေကိုလည်း လက်မခံဘူး၊၊ ရန်လုပ်နေတယ်၊၊ ရန်သူ ဖြစ်အောင်လုပ်ပစ်တယ်၊၊ ဒီအပြစ်တွေ အကုန်လုံး သူတို့ ကို ပုံချနေတာမဟုတ်၊၊ အပြစ်တွေအားလုံးဟာ သူတို့ ကြောင့်ဖြစ်လာရ တာပဲဖြစ်တယ်၊၊
 ဟိုတနေ့ က မင်းတရားကြီးရဲ့  (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာကို ပဲကြည့်၊၊ ဘယ်လောက် တောင်အောက်တန်းကျနေသလဲဆိုတာ၊၊ “နယ်ချဲ့ သမားတို့ က တပည့်မွေးကာ  လက်ကိုင်တုတ်များဖြင့် ပြည်ထောင်စုကြီး ပြိုကွဲစေရန် ဖန်တီးလာမည့် အရေးကို”ဒီလို အောက်တန်း နောက်တန်းကျတဲ့ အတွေး အခေါ်နဲ့ အောက်တန်းကျတဲ့ အပြောအဆိုတွေနဲ့  တိုင်းပြည် ကို တိုးတက်ကောင်းမွန်အောင် ဘယ်လိုများလုပ်မလဲလို့  စောင့်ကြည့်ချင်တယ်၊၊ တကယ်တော့ နယ်ချဲ့ သမားတို့ထံ တပည့်ခံချင်နေတာက သူတို့ ၊၊ ပြည်ထောင်စုပြိုကွဲအောင် ၊ ပြည်တွင်းစစ်တွေ တိုက်နေတာ သူတို့ ၊၊ ဘယ်မှာလဲ တွေ့ဆုံဆွေးနွေး ရေးလမ်းစ၊ ဘယ်မှာလဲ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစ၊၊ဖေဖော်ဝါရီ ၁၃ ရက်နေ့ က ဒီချုပ် ဒု -ဥက္ကဌ ဦးတင်ဦးကို ဆက်ချုပ်ထားလို့  မရတော့ လို့  ပြန်လွှတ်ပေးလိုက်တယ်၊၊ သူတို့ ဖမ်းချင်တိုင်ဖမ်း ပြန်လွှတ် ပေးတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်း စလို့ မဆိုနိုင်ဘူး၊၊
 ဒီလိုလမ်းစတွေမရှိဘဲ အမည်ခံ၂၀၁၀ ရွေးကောက်ပွဲ ကို ဖြစ်သလို လုပ်တော့မယ်၊ဗိုလ်ကျစိုးမိုးရေးလမ်းစဉ် ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့ တသက်လုံးအုပ်ချုပ်တော့မယ်၊ ဒီဥပဒေနဲ့ အုပ်ချုပ်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခွင့် ဥပဒေတွေ ရွေးကောက်ပွဲဥပဒေတွေ ထွက်ခြင်း၊မထွက်ခြင်းဟာ အဓိကကျပါသလား၊၊ နောက်ဆုံး သူတို့ က သဘောထားကြီးလို့ လူတိုင်းလည်းပါဝင်ခွင့်ရမယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်တွေပေးမယ် ၊ ဒါပေမဲ့ နာဂစ်ဥပဒေကြီးကို မကိုင်ရ၊ မတို့ရ၊ မထိရ ဆိုရင်ကော ဒီရွေးကောက်ပွဲကို ၀င်ရတော့ မှာလား၊၊ စဉ်းစားဖို့ လိုပါတယ်၊
 နောက်ဆုံး မြန်မာပြည်သူတွေ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို ဖြတ်သန်းကြ မလဲဆိုတာဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်၊၊ လမ်းပြကြယ်ဦးအေးမြင့်အပြောနဲ့ ပြောရရင် တွေ့ ဆုံဆွေးနွေးရေးနဲ့ ဖြတ်သန်းမလား၊၊ လူထုနည်းနဲ့ ဖြတ်သန်းမလားဆိုတာပါပဲ၊၊တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြတ်သန်းမယ်ဆိုရင် နိုင်ငံရေး ခေါင်းဆောင်ကောင်းတွေ လိုသလို လူထု လှုပ်ရှားမှုနဲ့ ဖြတ်သန်းမယ်ဆိုရင်တော့ သတ္တိရှိတဲ့ လှုပ်ရှားမှု ခေါင်းဆောင်တွေ လိုကြောင်း တင်ပြ လိုက်ရပါတယ်၊၊
                                                                                                                  ကော့သား