အမေရိကန်ကြီးပြန်တော့ စကားလက်ဆောင်တခုကျန်ခဲ့တယ် ၊၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တွေ မလုပ်ရင် မြန်မာနိုင်ငံအစိုးရဟာ အရှေ့ အလယ်ပိုင်းနိုင်ငံတွေလို အဖြစ်မျိုးနဲ့  ကြုံရနိုင်တယ်တဲ့ ၊၊ ဒီစကား အဓိပ္ပါယ်က ဘာလဲ ၊၊ ကလေးတောင်သိတယ် ၊၊ “အေ့း့  မင်းတို့ ဒီအတိုင်းဆက်သွားလို့ ကတော့ လူထုအုံ ကြွမှုတွေနဲ့  ကြုံရလိမ့် ”လို့  ဆိုလိုက်တာပါ ၊၊ အာဏာရှင် အဆက်ဆက် အကြောက်ဆုံးကအဲ့ဒါဘဲ ၊၊ ဦးနေ ဝင်းလဲ ကြောက်တယ် ၊၊ ဗိုလ်စောမောင်လဲ ကြောက်တယ် ၊၊ ဗိုလ်သန်းရွှေလဲ ကြောက်တာဘဲ ၊၊ အခု ဦးသိန်းစိန် လဲကြောက်တာဘဲ ၊၊ ကြောက်ပါ တယ်ဆိုမှ အဲသည်လို အမေရိကန်ကြီးက မထိတထိလေး ကလိသွားတော့ ဦးသိန်းစိန်ရင်ထဲ ကလိကလိနဲ့  ကျန် ရစ်ခဲ့မှာတော့ သေချာပါတယ်၊၊ ကျန်ရစ်မယ်ဆိုရင်လဲ ကျန်စရာပေါ့၊၊
ဟိုတလောက ဟန်လေး ကာတွန်းထဲမှာ ဗိုလ်သန်းရွှေ က ဦးသိန်းစိန်ကို လှေတစင်းနဲ့  ပင်လယ်ထဲ မျှောလိုက်တဲ့ ပုံပါတယ် ၊၊၊ တက်မ ကိုတော့ သူက ယူထားလိုက်တယ် ၊၊ လှေပေါ်မှာ ယက်ကန်ယက်ကန်နဲ့ ပါသွားတဲ့ ဦး သိန်းစိန် ဘယ်လောက်များ ဗျာ များလိုက်မလဲ ၊၊ စစ်တပ်ကျောထောက်နောက်ခံနဲ့  အာဏာရှင်ဗိုလ်သန်းရွှေ ကြိုးဆွဲရာ လိုက်ကပြီး သမတဖြစ်ခဲ့ရတဲ့ ဦးသိန်းစိန် ၊၊ သူ့ မှာ ဘာအာဏာမှ မရှိ ၊၊ လွတ်ငြိမ်းချမ်းသာခွင့်လေးတောင် လူပြော သူပြောလွတ်အောင် ထုတ်ပြန်ပေးနိုင်တဲ့ အနေအထား သူမှာမရှိ ၊၊ တွဲလုပ်ရတာက ဗိုလ်သန်းရွှေ ရဲ့  လက်ပါးစေတွေ ၊၊ ကာကွယ်ရေးဦးစီးချုပ် နဲ့  ဒုသမတ ရှစ်လုံးကြီး ၊၊ အဲသည်လို့ ညှပ်ထားတဲ့ ဂွင်ထဲ သူ့ ဘာမှ လုပ်လို့ မရဘူးဆိုတာ သူ့ ကိုယ်သူ သိတယ်၊၊ ဒါကြောင့် သန့် ရှင်းတဲ့ အစိုးရ တို့  ကောင်းတဲ့ အစိုးရတို့  ဆိုပြီး သူ့ မိန့် ခွန်းထဲ မရဲ တရဲ ထည့်ပြောသွားပေမဲ့  အပြောနဲ့ အလုပ် တထပ်တည်းကျဖို့ ဆိုတာ လွယ်တာမှတ်လို့ ၊၊
အခုဘဲကြည့် ၊၊ သူ့ အစိုးရကြီးတက်လာမှ ၁၇ နှစ်လောက် ငုတ်တုတ်မေ့နေတဲ့ ပြည်တွင်းစစ်ကြီး ပြန်စနေပြီ ၊၊ သူဘယ်အဖြစ်ခံချင်ပါ့မလဲ၊၊ တိုင်းရင်းသားထဲက ဒုသမတ ရှမ်းကြီးလဲ ပြည်တွင်းစစ်ကို ဘယ်လိုတား ပေးနိုင်မလဲ ၊၊ “ကျနော်က ရှမ့်း့  အခုဖြစ်နေတာက ကချင်” လို့  ပြောချင် ပြောနေမှာ ၊၊ သူ့ ခမျာ ရွှေတိဂုံ ဘုရားသွားလိုက် ၊ ဟိုနေရာ ၊ ဒီနေရာ ငွေးလေးလှူလိုက်နဲ့  တခါတခါ သတင်းစာထဲမှာ ပါခွင့်ရတာက လွဲလို့ ဘာ အာဏာ ပါဝါမှ မရှိတာတော့သေချာတယ်၊၊ သေချာတာကတော့ ဦးသိန်စိန် ခေါင်း သည့်ထက်ပိုပြောင်တော့ မယ် ဆိုတာဘဲ ၊၊ သူ့ မှာ ဝိုင်းနေတဲ့ အပူမီးတွေက နည်းနည်းမှ မဟုတ်တာ ကလား၊၊ အုံနဲ့  ကျင်းနဲ့ ဗျို့ ၊၊
သမတဖြစ်ပြီးပြီးချင်း အာဆီယံမှာ ဥက္ကဌ လုပ်ဖို့  ဝင်တိုးကြည့်တယ် ၊၊ ဖိလစ်ပိုင်နဲ့  စင်ကာပူက ဝိုင်း ဆော်လိုက်လို့  ဖင်ပိတ်ပြီး ပြန်လာရတယ်၊၊ တရုတ်ပြည်မသွားခင် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပေးတယ်၊၊ မျက် နှာမရ တဲ့အပြင် တကမBာလုံးက ဝိုင်းဆဲလို့  ခေါင်းတောင်မပြူရဲရှာဘူး၊၊ နောက်အမေရိကန်ကြီး လာပြီး ကလိ သွားတယ်၊၊ အီဂျစ် နဲ့ လစ်ဗျား လို ဖြစ်ချင်သလားတဲ့ ၊၊ ကြောက်ပါတယ်ဆိုမှ ဇွတ်လာခြောက်သွားသေးတယ်၊၊
အခု အိုင်အယ်လ်အို ကမBာ့ အလုပ်သမားအဖွဲ့ ကြီးက ရာဇသံပေးထားပြီ ၊၊ တနှစ်အတွင်း ပြည်တွင်းမှာ လွတ်လပ် တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့ ခွင့်ပေးရမယ်တဲ့ ၊၊ လူစုလူဝေးဆိုရင် ဘတ်စ်ကားတိုးစီးတာတောင် မကြိုက်တဲ့ အစိုးရသစ်ကြီး လက်ထက်မှာ သမဂ္ဂတွေဖွဲ့ ခွင့်ပေးဖို့ ပြောတာဟာ ကိုက်တတ်တဲ့ခွေးကို သွားသွား“စ” နေသလို ဖြစ်မနေဘူး လား၊၊ ဒါက ကမBာနဲ့ ဆိုင်တဲ့ အပူတွေ ၊၊ ပြည်တွင်းမှာ ဝိုင်းနေတဲ့ အပူမီးကိုလဲကြည့်ဦး၊၊
ဗိုလ်သန်းရွှေ “ရိုက်စား”လုပ်သွား တဲ့ ကြက်ဆူဆီလောင်စာ စီမံကိန်းကြီးက တကယ်လက်တွေ့ ကြ ပြန်တော့ ဘာမှ ဖြစ်မလာဘူး၊၊ “အင်” ကြီး ၊၊ အဲ့ဒီ “အင်” စီမံကိန်းကြီးကို အခုခေတ် စစ်ဗိုလ်ချုပ်တွေ နောက်ကနေ လိုက်လုပ်ပေးတာ သူတို့ ရဲ့  အရည်အချင်း အံ့မခန်းဆိုတာကို ပြလိုက်တာဘဲ၊၊ နောက်ဆုံးတော့ ကတောင်း ကျိုက်တခြား ၊ ဖင်တခြားနဲ့လယ်တွေအသိမ်းခံရ ၊ စီမံကိန်းကန့် ကွက်သူတွေ ထောင်ထဲ ရောက်ရတာကလွဲလို့ လောင် စာဆီရှားပါးတဲ့ ဒုက္ခမီးက လျှော့မသွားဘူး၊၊ ဟုတ်တိပတ်တိနဲ့  ပုဂ္ဂလိကတွေလက်ထဲ ဆီဆိုင်တွေလွှဲပေးပြီး တကယ်ထဲ “လန်း”တော့မလိုလိုနဲ့  ၊ ဟင့်း့  အခု ကြပြန်တော့ ဒုံရင်းအတိုင်း ဆီမှောင်ခိုဈေးကွက်ကြီး ကြီးလာတာဘဲ အဖက်တင်တယ်၊၊ ကားဆယ်စီးလောက်စုမိရင် ကိုယ်ထုတ်လာတဲ့ဆီ သူ့ ရောင်း၊ သူထုတ်လာတဲ့ဆီ ကိုယ်ဝယ်နဲ့  အခန့် မသင့်ရင် မီးတောင်လောင်လိုက်သေး၊လောင်စာဆီဈေးနဲ့ အတူ ချစ်ခြင်ငယ်ပြိုင်နေတာကတော့ စားသောက်ကုန်ဈေးနှုန်း၊၊ ရွေးကောက်ပွဲ မတိုင်မီကတော့ ဝန်ထမ်းတွေ လစာတိုးပေးမလိုလို ဘာလိုလိုနဲ့ ထင်ယောင် ထင်မှားဖြစ်အောင် လေသံပစ်တယ်၊၊ တကယ်လဲအစိုးရဖွဲ့ ပြီးရော ငွေမရှိလို့  မတိုးပေးနိုင်ဘူးလို့  ပြတ်ပြတ်ပဲပြောချလိုက်တယ်၊၊ သမတကြီးလဲ အရင်ဝန်ကြီးချုပ်လုပ်တုန်းက လစာဘဲ ယူမယ်တဲ့ ၊၊ မင်းတို့ ဝန်ထမ်းတွေ လဲ အရင်အတိုင်းဘဲ ယူကြ ၊ အရင်အတိုင်းဘဲ ခိုးကြ ၊ အရင်အတိုင်းဘဲ ဝှက်ကြ၊ အရင်အတိုင်းဘဲ စားကြ ၊ အရင်အတိုင်းဘဲ ငေါက်ကြ ၊ အရင်အတိုင်းဘဲ ကျစ်ကြ ၊ အရင်အတိုင်းဘဲ ဝါးစေ (ဝေစား) ဆိုတော့  နောက်ဆုံး “ကြီး” ကျန်ခဲ့တာဘဲ အဖက်တင်တယ်၊၊ ကုန်ဈေးနှုန်း များပြောပါတယ်၊၊အဲဒါ က တမီး ၊၊
လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလို့ မရတဲ့ မီးက တမီး ၊၊ လက်နက်ဆိုတာက ကိုင်ထားရင် ပစ်တာ မပစ်တာ အသားထား “အဟန့် ”လေးတော့ ဖြစ်သေးတယ်၊၊ ငြိမ်းချမ်းရေးဆိုတာကြီးက ကိုင်ထားလို့  ရတာမှ မဟုတ်တာ၊၊ ဘယ်သူမဆို မသေချာတာကိုတော့ ဘယ်ကိုင်ချင်မလဲ ၊၊ သေချာတာကို ကိုင်ချင်တာပေါ့ ၊၊ ကိုယ်ကျ တော့ ကိုင်ထားပြီး သူများကြတော့ မကိုင်နဲ့ တဲ့ ၊၊ စေတနာမှန်ရင် “မင်းတို့ လဲ မကိုင်နဲ့  ငါလဲမကိုင်ဘူး” ဆိုတာ လောက်တော့ အနည်းဆုံးဖြစ်သင့်တာပေါ့ ၊၊ မီးဆိုတာ ကိုင်ရင်ပူတယ်ဆိုတာ ကလေးတောင်သိတယ်မဟုတ်လား၊ ဘာကြောင့်ကိုင်သလဲဆိုတာကို အဖြေမရှာဘဲ မကိုင်နဲ့ မကိုင်နဲ့ ဆိုတော့ “ဘယ်လက်”နဲ့ မကိုင်ရရင် “ညာလက်” နဲ့ ကိုင်ကြမှာဘဲလေ ၊၊ အဲ့ဒီ ပြည်တွင်းစစ်ဆိုတဲ့ မီးက တမီး၊၊
နောက်တမီးကတော့ ဒီချုပ် ဆိုတဲ့ အတိုက်အခံမီးဘဲ ၊၊ ဗိုလ်သန်းရွှေကတော့ သူ မသွားခင်ကလေးမှာ စာလေးနှစ်ကြောင်းနဲ့  “ဖျက်သိမ်းတယ်” ဆိုတာလောက်တော့ လုပ်သွားပါရဲ့ ၊၊ မစွတ်မပွတ်လေး လုပ်သွား တာ ကလား ၊၊ ဒီလို အုံနဲ့ ကျင်းနဲ့ ရှိနေခဲ့တဲ့ ဟာကြီးကို စာလေးနှစ်ကြောင်းလောက်နဲ့  ဖျက်သိမ်းရုံနဲ့  ဒီချုပ်ကလဲ ဘယ်ရမလဲ ၊၊ “မတရားတဲ့ အမိန့် အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ ”ဆိုတဲ့မူနဲ့  ပြန်တိုက်တာပေါ့ ၊၊ မြန်မာ ပြည်မှာ ရှိတဲ့  တရားရုံးတွေ ကုန်သွားတယ်၊၊ အမှုနိုင်လားလို့  မမေးနဲ့  ၊၊ ရှုံးတယ် ၊၊ အခု ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ ကို တင်ထားတယ်ပြောတယ်၊၊ တကယ်တင်သင့်တာက“ဝ” လူ့ အခွင့်ရေးကောင်စီ၊၊ ဘာဖြစ်လို့ လဲဆိုတော့ သူကချည့် ဗီတိုသုံးသုံးနေတာကိုး၊၊ ပွဲကမပြတ်သေးဘူး၊၊ ဇရက်တောင်ပံကျိုးနဲ့  ကြောင်အိုကြီးလိုဘဲ ၊၊ ဘယ်သူကမှ ဘယ်သူ့ ကို ပြတ်ပြတ်သားသား မလုပ်ကြသေးဘူး၊၊ အဲ့ဒါကို ပြည်ပရောက် ကိုယ်ရွှေ ကိုယ်မျိုးဝေဖန်ရေးဆရာ တွေက “ချကွ ၊ ချ ၊ ချ” ဆိုပြီး ကိုယ့်ပုဆိုးစ ကိုယ်နင်းပြီး လေထန်ကုန်းတိုက်ပွဲ ဝင်နေလေရဲ့ ၊၊ အရှိန်ယူချိန်လေး တောင် မပေးဘူး၊၊ သူ့ ခမျာ အပြင်ရောက်တာ လပိုင်းလေးရှိသေးတယ်၊၊ တိုက်ပွဲဝင်ရမဲ့ အခြေအနေလေးကို လေ့လာခွင့်တောင်မပေးချင်ဘူး၊၊ အတင်းချခိုင်းနေတာများပြောပါတယ်၊၊ အဲ့ဒီ အတိုက်အခံဆိုတဲ့ မီးကတမီး၊၊
ကဲ့  ကျန်တဲ့မီးတွေကို နောက်မှ ဆက်ရေးမယ်၊၊ အဲသလို ဝိုင်းနေတဲ့ မီးတောက်တွေ ကြားထဲ ခေါင်းကျိန်းနေရသူက ပြောင်ကြီး ခေါ် ဦးသိန်းစိန် ၊၊ အာဏာ ပါဝါတွေ ပြည့်ပြည့်ဝဝ ရှိတာ မရှိတာ အသာထား၊ လောလောဆယ်ရှင်းရမှာက သူ့ အလုပ် ၊၊ ပြဿနာပေါင်းစုံက သူ့ ပေါ်ကို ပုံကျမဲ့ကိန်း၊၊ ချကြွေးတာကို အချိန်မ ရွေးခံရနိုင်သလို ၊ ထောင်ထဲသွားနေဆိုရင်လဲ ဖျာလိပ်ရမှာက သူအရင်ဆုံး ၊၊ ရှင်းရှင်းပြောရရင် အရင်ဆုံး အရိတ်ခံရမှာက ပြောင်ကြီး ၊၊ အရင်တုန်းက ဗိုလ်ခင်ညွန့် ကို ဝန်ကြီးချုပ်ရာထူးလေး အဲ့  ရာထူးကြီးပေးပြီး ကြောင်ကလေး ၊ ကြွက် ကလေး ဖမ်းသလို ဖမ်းပစ်တာ အားလုံးအသိ ၊၊ နောက်က လှော်တက်ကို ယူထားတဲ့ သူကတော့ ပြုံးစိစိနဲ့  ဗိုက်ပုတ်နေမှာ၊၊ ပြောင်ကြီး ဘဝက တကယ်တမ်းရှင်းကြ ၊ လင်းကြ စတမ်းဟေ့ ဆိုရင် ဘုမသိ ဘမသိ နဲ့ အရင်ဆုံး အရိတ်ခံရမဲ့သူ ၊၊ တကယ်တမ်း အရိတ်ခံသင့်တဲ့သူက အခုတော့ ကန့် လန့် ကာထဲဝင်ပြီး ခြေရှုပ်နေလေရဲ့ ၊၊ မှားအရိတ်ခံရတဲ့ လူတယောက်အကြောင်း အကြောင်းသင့် လို့  ဖောက်သည်ချလိုက်ဦးမယ်၊
ရန်ကုန်က ဗဟိုစည် အထူးကု ဆေးရုံကြီးနဲ့  နယ်ကနေ လိပ်ခေါင်းဖြတ်ဖို့  တက်လာတဲ့ တောသူဌေး နှစ်ယောက်တို့ ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ ၊၊ အကိုဖြစ်သူက လိပ်ခေါင်းဖြစ်နေလို့ ညီနဲ့ အတူ ဗဟိုစည်ဆေးရုံမှာ လာပြီး အထူး ကုနဲ့  လိပ်ခေါင်းလာဖြတ်တယ် ၊၊ ဆေးရုံတက်ပြီးနောက်နေ့  လိပ်ခေါင်းမဖြတ်သေးခင် အကိုဖြစ်သူက ဆေးရုံအောက် ဆင်းပြီး လမ်းလျှောက်သတဲ့ ၊၊ ညီဖြစ်သူ လူနာစောင့်က အိပ်ရေးပျက်တော့ အကိုအောက်ဆင်း နေတုန်း လူနာ ကုတင်ပေါ်တက်အိပ်နေတယ်၊၊ ခဏကြာတော့ နာစ့်မ က အခန်းထဲဝင်လာပြီး အိပ်နေတဲ့ ညီဖြစ်သူကို ပက်လက်လှန်ခိုင်းပြီး ဘာမပြောညာမပြောနဲ့  အမွှေးအမှင်တွေအကုန်လုံးရိတ် သန့် ရှင်းရေးလုပ်ပြီး အရက်ပျံ တောင် ဆွတ်ပေးလိုက်သေးတယ်၊၊ ညနေ အကိုဖြစ်သူ ခွဲခန်းထဲလဲရောက်ရော ပြဿနာ စတော့ တာဘဲ ၊၊
ခွဲစိတ်မဲ့ အထူးကုဆရာဝန်က လှန်လဲကြည့်လိုက်ရော အမွှေးတွေဗလပြစ်နဲ့  ရှုပ်ယှတ်ခတ်နေပြီး လိပ်ခေါင်းတောင် မမြင်ရဘူးဖြစ်နေတယ်၊၊ ဒါကိုကြည့် ပြီး ဒေါသတကြီးနဲ့  “ဒါ ဘာသဘောလဲ့  ငါ့ကို ပညာစမ်းတာလား ” ဆိုပြီး ဆူပူကျိန်းမောင်းတော့တာဘဲ ၊၊ ဝိုင်းနေတဲ့ ဆရာဝန်လေးတွေလဲ မျက်စေ့ပျက် မျက်နှာပျက်တွေ ဖြစ်ကုန်ပြီ ၊၊ အောက်က လူနာလည်း မျက်နှာ ဇီးစေ့ လောက်ပဲကျန်တော့တယ်၊၊ ထွက်နေတဲ့ လိပ်ခေါင်းတောင် အထဲပြန်ဝင်ပြေးပြီ ၊၊ ပါးနပ်တဲ့ လက်ထောက် ဆရာဝန်လေးတယောက်က ကိစ္စမြန်မြန်ပြီးအောင် ခွဲခန်းထဲမှာတင် အမြန်ရိတ်ပေးလိုက်တယ်၊၊ ဒီလိုနဲ့  လိုရင်းကိစ္စပြီးသွားတယ်ပေါ့ ၊၊ ခွဲစိတ်ဆရာဝန်ကြီးကိုလဲ လူနာစောင့်နဲ့ လူနာကို လူမှားရိတ်မိတဲ့အကြောင်း ရှင်းပြလိုက်ကြတယ်၊၊ ဆရာဝန်ကြီးလဲ အခုမှ သဘောပေါက် သွားတယ်၊၊
ခွဲခန်းထဲက အဖြစ်အပျက် ကိုမသိသေးတဲ့ ညီဖြစ်သူလူနာစောင့်က အခြား လူနာစောင့်တွေကိုလဲ သူလိုအရိတ်ခံရတယ် ထင်ပြီး “ အင့်း့ ဒီဆေးရုံ နာမည်ကြီးချက်ကတော့  လူနာစောင့်ကိုတောင် သန့် ရှင်းရေးလုပ်ပေးတယ် ၊ အံ့ရော ၊ အံ့ရော ” ဆိုပြီး ရှက်ပြုံးလေးနဲ့ ဆိုသတဲ့ ၊၊
အခုလဲ လှော်တက်မပါဘဲ လှေပေါ်ရောက်နေတဲ့ ဦးသိန်းစိန် ၊ ၁၇ နှစ်လောက် သေနတ်တစ်ချက် မဖောက်ဘဲ အခုသူ သမတဖြစ်မှ တကျော့ပြန်စတဲ့ ပြည်တွင်းစစ်ထဲရောက်နေတဲ့ ဦးသိန်းစိန် ၊ ၂ဝ၁၄ အာဆီယံမှာ ဥက္ကဌ နေရာမရရင် အရှက်တကွဲအကျိုးနဲ ဖြစ်အုံးမယ့် ဦးသိန်းစိန့့်  စိန့့်  စိန့့် စိန်ခေါ်မှုတွေကြား ထဲ ဘာမှ မလုပ်လိုက်ရသေးခင် “အရိတ်ခံ” လိုက်ရမှဖြင့် ၊၊ ၊၊
အံ့ရော့  အံ့ရော့  ဆိုပြီ့း့  “လန်း”လိုက်ချင်သေးရဲ့ ၊၊
ကော့သား
No comments:
Post a Comment